ပါစကားကာလ စတုတ္ထပတ်အင်္ဂါနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၀း၂၂-၃၀၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)
ယေဇူးသခင်မွေးဖွားစဉ်က အရှေ့တိုင်းမှပညာရှိများသည် လာရောက်၍ သူငယ်တော်ယေဇူးအားပျပ်၀ပ်ရှိခိုးကြသည်။ဂျူးလူမျိုးတို့၏ရှင်ဘုရင်မွေးဖွားကြောင်း သူ၏ကြယ်ကို၄င်းတို့သည် အရှေ့တိုင်း၌မြင်တွေ့ခဲ့သည်။(သံမာတေဦး ၂း၁-၂)ပညာရှိတို့သည် ယူလာခဲ့သောအဖိုးတန်ပစ္စည်းတို့ကိုဖွင့်ပြီးဆက်သကြ၏။၎င်းင်းတို့ယူလာခဲ့သောလက်ဆောင်များမှာရွှေ၊လော်ဗန်နှင့်မီးရာတို့ဖြစ်သည်။ဧ၀ဂေလိကျမ်းစာတော်မြတ်ထဲ၌ ယေဇူးသခင်ထံသို့ရောက်ရှိလာခဲ့သော ပညာရှိဘယ်နှစ်ပါးဆိုသည်ကိုဖော်ပြမထားပါ။ သို့သော် အချို့က (၃) ပါးဟုအတပ်ပြောကြသည်။ အမည်များကိုပင်တပ် ခေါ်ကြသည်။ (၃) ပါးဟုဆိုရခြင်းမှာ ယူဆောင်လာခဲ့သောလက်ဆောင်အရေအတွက်ပေါ်မူတည်၍ ဖြစ်နိုင်သည်။အမည်နာမများနှင့်တပ်ခေါ်သည့်အရင်းအမြစ်ကိုမူမသိရပေ။မည်သို့ပင်ဆိုစေ အဆိုပါလက်ဆောင်(၃)မျိုးအနက်မှ လော်ဗန်နှင့်သံယောဟန်၏ဧ၀ဂေလိကျမ်းစာတော်မြတ် သည်အလွန်ဆက်စပ်သည်။ သံယောဟန်၏ဧ၀ဂေလိကျမ်းစာတော်မြတ်၌ ယေဇူးသခင်၏သက်တော်စဉ်ကိုတင်ပြရာ၌ အခြားသောဧ၀ဂေလိကျမ်းစာများထက်ပို၍ခက်ခဲသည်။ ထူးခြားသည်။ ယေဇူးသခင်၏အဖြစ်တော်ကို သူ၏တင်ပြချက်နောက်ခံအဖြစ်အပျက်အားဖြင့်ထုတ်ဖော်ပြနေသည်။ယနေ့ဖတ်ရူပူဇော်သောဧ၀ဂေလိကျမ်းချက်၌ ယေဇူးသခင်သည် ဂျေရုဆလင်မြို့သို့ရောက်ရှိနေသည်။အဘယ်ကြောင့်ဆိုသော် ဗိမာန်တော်ဆက်ကပ်သည့်ပွဲတော်ကျင်းပရာ၌ပါ၀င်ရန်ဖြစ်သည်။ယေဇူးသခင်၏အဖြစ်တော်၌ ရဟန်း အဖြစ်တော်လည်းပါသည်ကို ယေဇူးသခင်မွေးဖွားစဉ်က လက်ဆောင် (၃) ခုအနက်မှ လောဗန်သည်ထိုအဖြစ်တော်ကိုပြသခဲ့သည်။ ထို့အတူပင်ယေဇူးသခင်သည် ဂျေရုဆလင်သို့သွားတိုင်း ဗိမာန်တော်၏အခြေအနေကိုအမြဲအကဲခတ်လေ့ရှိ သည်။ဗိမာန်တော်၌လုပ်ဆောင်ရန်လိုအပ်လာပါက အဘယ်သူအားမျှမေးမြန်းခွင့်ပန်ခြင်းမပြု။အဘယ်ကြောင့်ဆိုသော် ဗိမာန်တော်သည်သူ၏(ခမည်းတော်)အိမ်တော်ဖြစ်သည်။ (သံမာတေဦး ၂၁း၁၂-၁၃၊ သံမာကု ၁၁း၁၅-၁၇၊ သံလုကာ ၁၉း၄၅-၄၆၊ သံယောဟန် ၂း၁၃-၁၇)ရဟန်းမှလွှဲ၍လည်း ယဇ်ပူဇော်ခြင်းကိုပြုပိုင်ခွင့်မရှိ။ သို့သော်ယေဇူးသခင်သည် နောက်ဆုံးညစာစားပွဲ၌ ပါစ ကားညစာစားပွဲကိုစီရင်ကျင်းပခြင်းသည် ရဟန်းဖြစ်ကြောင်းကိုပြသခြင်းဖြစ်သည်။ထို့ကြောင့်သံယောဟန်၏ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်၏လှုပ်ရှားမှုတိုင်းကို ဗိမာန်တော်အတိုင်း (သို့) အနီးအနား၌ရှိနကွေောငျး၊ ကုသမှုပွုကွောငျး၊ မသငျ့လြောျသောအခွအေနမြေိုး၌ ရှငျးလငျးမှုပွုခွငျးကိုပွုသညျ့ အကွောငျးမြားသညျ ယဇေူးသခငျ၏ရဟနျးအဖွစျ တောျကိုသှယျဝိုငျသောနညျးဖွငျ့ဖောျပွနခွေငျးဖွစျသညျ။ (သံယောဟနျ ၂း၁၃-၂၅၊ ၅း၁-၉၊ ၇း၁-၃၊ ၈း၁-၃)
အိုသခင်၊ တပည့်တော်တို့အား ယေဇူးသခင်၏ရဟန်းအဖြစ်တော်၌ ပြည့်၀စွာပါ၀င်ရှင်သန်ခြင်းဖြင့် အမှန်တရားကို သတ္တိ ရှိရှိ၊ ရဲရင့်ပြတ်သားစွာထုတ်ဖော်ပြောဆို၀စေတော်မူပါ။