ပါစကားကာလ စတုတ္ထပတ်ကြာသပတေးနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၃း၁၆-၂၀၊
Rev. Fr. Cle Pick
Posted by Sr. B. Myat Hnin Nwe (I.S.R)
အာဒမ်နှင့်ဧ၀တို့သည် ဖန်ဆင်းခံဖြစ်သောမိမိတို့၏ဘ၀ကိုမေ့နေခဲ့သည်။ထို့ကြောင့် မြွေ၏သွေးဆောင်ဖြားယောင်းသောစကားဖြစ်သည့်‘သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ’ဟုပြောခဲ့သည်ကိုအမှန်တကယ်ယုံကြည်၍ တားမြစ်ထားသောအသီးကိုစားခဲ့ကြသည်။ (ကမ္ဘာဦးကျမ်း ၃း၄-၅) စားပြီးနောက်ဘုရားမဖြစ်ဘဲကိုး ရိုးကားယားဖြစ်ကုန်ကြသည်။ယေဇူးသခင်က အစေခံသည်မိမိ၏သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလျွတ်ခြင်းခံရသူသည် လည်းစေလွှတ်သောသူ ထက်ကြီး မြတ်သည်မဟုတ်ဟုမိန့်တော်မူ ပါ သည်။ (ရှင်ယောဟန် ၁၃း၁၆၊ ၁၅း၂၀) ထို့အတူ သင်တို့သည်ငါ့ကိုရွေးကောက်ခဲ့ကြသည်မဟုတ်။ငါသည် သင်တို့ကိုရွေးကောက်ခဲ့ ခြင်းဖြစ်ပြီး၊သင်တို့သည်သွား၍အသီးသီး ကြလျက်သင်တို့၏အသီးသည်အစဉ်အမြဲတည်စေကြလော။(ရှင်ယောဟန် ၁၅း၁၆)
ယေဇူးသခင်၏တရားအရခရစ်ယာန်ဖြစ်လာခြင်းသည်မိမိကိုယ်မိမိရွေးကောက်ခဲ့ခြင်းလော။သို့ မဟုတ်ဘုရားကရွေးကောက် ခြင်း လော့။ မိမိကိုယ်မိမိစစ်မှန်သော ခရစ် ယာန်ဟုခံယူသူများဆန်းစစ်သင့်လှပါသည်။ ထို့အတူမိမိသည်ဘုရားသခင်၏ခေါ်တောျမူခွငျး ကိုခံရသူဖွစျ လြှငျမိမိသညျသငျလော၊ အစေ ခံလော။သခငျလော၊ ကြှနျလော။ ပွနျ လညျဆနျးစစျပါ။ မိမိ၏ဝိညာဉျရေးအသီးအပှငျ့မြားသည်ယေ ဇူးသခင် ပွင့် သီးစေလိုသည့်အစဉ်အမြဲတည်သောအသီးများလော။ အာဒမ်နှင့်ဧ၀တို့အားလှည့်စားသော အမြင်၌လှ ပြီး၊ အသီးကိုစားပြီးနောက်သုခဖြင့်ပြည့်နေ သောလူ့ဘ၀ကိုငါးပါးမှောက်စေခဲ့သောအသီး များဖြင့်ေ၀ဆာနေသလော။ထို့အတူပင်သံလုကာ (၄း၃-၄) ၌နတ်ဆိုးသည်မိမိ၏နေရာကိုမသိ။မိမိ၏အဆင့်ကိုမသိရှာ။ ယေဇူးသခင်အား သင်သည်ဘုရားသခင် ၏သားတော်မှန်လျှင် ဤကျောက် ခဲကိုပေါင်မုန့်ဖြစ်လာစေရန် အမိန့်ပေးပါလော့ဟုကိုယ်တော်အားဆိုလေ၏။ကိုယ်တော်သည်နတ်ဆိုးစေခိုင်းသည့်အတိုင်းပြုလုပ်ပါသလော။ကိုယ်တော်အဘယ်သို့ပြန်လည်တုန့် ပြန်ခဲ့သနည်း။လူသည်အစားအစာအားဖြင့်သာမ ဟုတ်။ဘုရားသခင်၏ နှုတ်တော်ထွက်စကားအားဖြင့်လည်းအသက်ရှင်ရမည့်အကြောင်းကျမ်းစာတော် မြတ်တွင်ရေးထားလျက် ရှိ သည်ဟုပြန်လည်ဖြေကြားတော်မူ၏။တဖန်သံလုကာ (၄း၇-၈) ၌လည်းနတ်ဆိုးကယေဇူးသခင်အား သင်သည်ငါ့ကိုရှိခိုးလျှင် ဤ အရာအားလုံးကိုသင်ပိုင်ဆိုင်လိမ့်မည်ဟုဆိုလေ၏။ယေဇူးသခင်နတ်ဆိုး ခိုင်းစေသည့်အတိုင်းပြုလုပ်ပါ ကနတ်ဆိုး၏သိမ်းသွင်းခြင်းကိုခံလိုက်ရပြီဖြစ်၍နတ်ဆိုးသည် ယေဇူးသခင် အားစိတ်ကြိုက်ခိုင်းတော့မည်။သို့သော်ယေဇူးသခင်အသိမ်းသွင်းခံခဲ့ပါသလော။လုံး၀မခံဘဲ သင်၏အရှင်ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။ကိုယ်တော်တစ်ပါးတည်းကိုသာအစေခံရမည်ဟူ၍ကျမ်းစာတော်မြတ်တွင်ရေး သားထားသည် ဟုပြန် လည်မိန့်တော်မူခဲ့သည်။တဖန်သံလုကာ (၄း၉-၁၃) ၌နတ်ဆိုးကကိုယ်တော့်ကိုဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၍ဗိ မာန်တော်၏ထိပ်ဖျားတွင်ထားလျက် ကိုယ်တော်အားသင်သည်ဘုရားသ ခင်၏သားတော်မှန်လျှင် သင့် ကိုယ်ကိုဤနေရာမှအောက်သို့ပစ်ချပါလော့။ အကြောင်းမူကားကျမ်းစာတော် မြတ်၌ရေးထားသည်မှာ ကိုယ်တော်သည်သင့်ကိုစောင့်ရှောက်ရန် ကောင်းကင်တမန်တော်တို့အားမိန့်မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်ခဲတစ်လုံးနှင့်မျှမထိခိုက်စေခြင်းဌာသူတို့သည်သင့်ကိုလက်ဖြင့်ချီပင့်ထားကြလိမ့်မည်ဟုဆို၏။အစေခံသည်သခင်ထက်မသာ။ဖန်ဆင်း ခံသည်ဖန်ဆင်းရှင်ကိုမယှဉ်သာပါ။ယေဇူးသခင်က သင်၏အရှင်ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရဟူ၍ကျမ်းစာတော်မြတ်တွင်ရေး ထားသည်ဟု မိန့်တော်မူ၏။ နတ်ဆိုးသည်လွယ်လွယ်နှင့်လက်မြောက်အရှုံးပေးသူမဟုတ်။ ယေဇူးသခင်ကိုပင်သုံး ကြိမ်တိုင်တိုင်နှောက်ယှက်ခဲ့သည်။ယခုလည်းနောက်တစ်ဖန် အခွင့်ကောင်းရသည့်အချိန်တိုင်အောင်ကိုယ်တော်၏အထံတော်မှဆုတ်ခွာသွားလေ၏ဟုဆိုထားပါသည်။ ဆိုလိုသည် မှာအခွင့်အခါကြုံလျှင် နှောက်ယှက်ဦးမည်သာ။အဘယ်ကြောင့်ဆိုသော်သူ၌ရှိနေသောနတ်ဆိုး၏ဗီဇကိုဖျောက်၍မရ။ယေဇူးသခင်ကလည်း သင်တို့သည်ဤအကြောင်းအရာများကိုသိရှိ၍လိုက်နာဆောင်ရွက်ကြပါလျှင်မဂ်လာရှိ ကြ၏ ဟုမိန့်ပါသည်။ (သံယောဟန် ၁၃း၁၇) အချို့ခရစ် ယာန်များသည်မိမိတို့၏အဆင့်ကိုမေ့၍ဘုရားသခင်အားနတ်ဆိုးကဲ့သို့သွား၍အမိန့်ပေးစေခိုင်းနေကြသည်။ ဘုရားသခင် အား မိမိ၏ဟန်ဆောင် ကောင်းပြသောသီလများဖြင့်အပိုင်ကပ်ရန်၊ သိမ်းသွင်းရန်ကြံနေကြသည်။ မိမိတို့ကြိုးဆွဲရာယေဇူးသခင်ကိုကစေရန်မိုက် မဲစွာကြံစည်နေကြ သည်။ ယေဇူးသခင်လုံး၀အဖြစ်မခံ။ အဘယ်ကြောင့်နည်း။ ဟေဗြေဦးဩ၀◌ါဒစာ (၄း၁၅) ၌ ကိုယ်တော်သည်ငါတို့နည်း တူစုံစမ်းနှောင် ယှက် ခြင်းအမျိုးမျိုးကိုခံခဲ့ရ သောသူဖြစ်တော် မူ၏။ သို့ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့်ကင်းလွတ်တော်မူ၏ဟုဆိုပါသည်။အချင်းလူမိုက်၊ နတ်ဆိုးကဲ့သို့သင်၏ဖန်ဆင်းရှင်ဘုရားသခင်ကိုစုံစမ်းခြင်းမပြုအပ်ပါ။ နှိမ့်ချစွာ ယုံကြည်နာခံတတ်ရန်သာသင်ယူကျင့်ကြံကြရပေမည်။
**အိုသခင်၊ တပည့်တော်တို့အား နှိမ့်ချသောစိတ်နှလုံးကိုပေးသနားတော်မူပါ။ ကိုယ်တော်အား နာခံတတ်စေတော်မူပါ။