Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-25 05:03:34
#26 December 2020 Daily Reflection
#“သံစတီးဗင်းပွဲနေ့”
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်မာတေဦး ၁၀း ၁၇ - ၂၂)
#စစ္စတာရ် မေရီ ဒိုရင်း (SFX)
Posted by M.Sulatthtwe

ဒီနေ့ဟာ ကက်သလစ်သာသနာတော် အတွက်တော့ ပထမဦးဆုံး ဓမ္မအာဇာနည် သံစတီးဗင်းရဲ့ ပွဲနေ့ဖြစ်ပါတယ်။ ရှေးဦးသာသနာတော်ကြီးထဲမှာ ထင်ရှားတဲ့ဦးပဥ္ဇင်းခုနှစ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ သံစတီးဗင်းဟာ ကြီးမားတဲ့ အံ့ဖွယ်ရာတွေပြပြီး  ဉာဏ်ပညာ ပြည့်စုံသူလည်း ဖြစ်ပါတယ်။ ဘုရားရဲ့ဘုန်းတန်ခိုးတော်နဲ့ သူပြုခဲ့သမျှ၊ ဟောပြောသမျှ တရားစကားတွေကြောင့် မနာလိုဖြစ်ကြတဲ့ ဂျူးတွေက တရားရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ လွတ်တော်ရုံးမှာဘဲ သံစတီးဗင်းဟာ မတရားစွပ်စွဲတဲ့လူတွေကို တရားအရှည် ကြီး ဟောခဲ့တယ်။ ဘိုးဘေးများ ဖြစ်ကြတဲ့ အဘအာဗြံဟမ်၊ အီဇတ်၊ ယာကုပ်၊ ဂျိုးဇက်တို့ရဲ့ အကြောင်းတွေကို ရှင်းလင်း ပြောကြားခဲ့တယ်။ အဲ့ဒီနောက် မိုးဇယ်အားဖြင့် ဂျူးလူမျိုးများ အီဂျစ်ပြည်မှ လွှတ်မြောက်ခဲ့ပုံ၊ ဘုရားရှင်က ဆီနိူင်တောင်မှာ ပညတ်တော်ဆယ်ပါး ပေးခဲ့တဲ့ အဖြစ်အပျက်တွေကို စီကာပတ်ကုံးပြောပြခဲ့တယ်။ တရားရဲ့ နိဂုံးမှာတော့  “သင်တို့သည် ၀ိညာဉ်တော်မြတ်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုကြ၏။ သင်တို့၏ ဘိုးဘေးများ ပြုလုပ်ခဲ့ကြသည့်အတိုင်း  သင်တို့သည်လည်း ပြုကြ၏။”(တမန်တော်ဝတ္ထု ရး၅၁သံစတီးဗင်းရဲ့ တရားစကားတွေ နားထောင်ကြတဲ့ သူတွေက နားတွေကိုပိတ်ပြီး သူ့ကိုမြို့ပြင်ကို ဆွဲခေါ် သွားကြတယ်။ အိုယေဇူး ကျွန်ုပ်၀ိညာဉ်ကို သိမ်းပိုက်ပါ။ သူတို့ပြုကြသောအပြစ်ကို မှတ်တော်မမူပါနှင့်လို့ အသံကျယ်ကျယ်နဲ့ ကြွေးကြော်ရင်း လဲကျသေဆုံးခဲ့ရတယ်။ သင်တို့သည် ငါ၏ နာမအတွက် လူအပေါင်းတို့၏ မုန်းတီးခြင်းကို ခံရကြလိမ့်မယ်။ သို့ရာတွင် အဆုံးတိုင်အာင် တည်ကြည်ခိုင်မြဲသောသူသည် ကယ်တင်ခြင်း ခံရလိမ့်မည်။ (မာတေဦး ၁၀း၂၂) ဒီကျမ်းချက်လေးကတော့ လူသားတို့အတွက် ခရစ်တော်ရဲ့စိန်ခေါ်ချက်ပါဘဲ။ ခရစ်တော်ကိုယ်တိုင် ရှေ့ကပြခဲ့တယ်။ သံစတီးဗင်းလည်း  ခရစ်တော်ယေဇူးရဲ့ ပုံစံအတိုင်း အဆုံးတိုင် တည်ကြည်ခဲ့တယ်။ ကျွန်ုပ်တို့လည်း  အတုယူကြိုးစားပါစို့။

 

 #စစ္စတာရ် မေရီ ဒိုရင်း (SFX)

Daily Reflection