မေလ ၁၄ ရက်နေ့၊ ၂၀၂၂၊ ပါစကားကာလစတုတ္ထပတ် စနေနေ့၏ကျမ်းစာထောက်ရှုချက်
Saint Matthias, Apostle - Feast
ယောဟန် 15:9-17,
Rev. Fr.Bosco Saw Lar Htoo
Posted by Sr. B.Myat Hnin Nwe (ISR)
တမန်တော် 1:15-17, 20-26
“15.ထိုနေ့ရက်တို့၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ် ဆယ်ခန့်ရှိသော နောက်လိုက်ညီအစ်ကိုတို့အလယ်၌ ပေတရုသည် ထ၍ ဤသို့ပြောဆိုလေ၏။16.ညီအစ်ကိုတို့၊ ယေဇူးကို ဖမ်းဆီးသောသူတို့၏လမ်းပြဖြစ်သော
ယောဟန် 15:9-17,
“9. ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။10.ငါသည် ခမည်းတော်၏ ပညတ်တော်များကို စောင့်ထိန်း၍ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့ သည်လည်း ငါ၏ပညတ်တော်များကို စောင့်ထိန်းကြပါလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။11.ငါ၏ ဝမ်းမြောက်ခြင်းသည် သင်တို့၌ တည်ရှိစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဝမ်းမြောက်ခြင်းသည်လည်း ပြည့်စုံ စေခြင်းငှာလည်းကောင်း ဤအကြောင်းအရာများကို သင်တို့အား ငါဟောပြော၏။12. ငါ၏ပညတ်သည်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။13.မိမိ၏ မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ14. သင်တို့ကို ငါပညတ်ထားသည့်အတိုင်း လိုက်နာကျင့်ကြံကြလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။15.ငါသည် ယခုမှစ၍ သင်တို့အား အစေခံဟူ၍ ခေါ်ဆိုတော့မည်မဟုတ်။ အကြောင်းမူကား အစေခံသည် မိမိသခင်ပြုသော အမှုအရာကို မသိသောကြောင့်ဖြစ်၏။ ငါသည် သင်တို့ကို မိတ်ဆွေဟုခေါ်၏။ အကြောင်းမူကား ငါ၏ခမည်းတော်ထံမှ ငါကြားသိရသမျှ တို့ကို သင်တို့အား ငါသိစေလေပြီ။16. သင်တို့သည် ငါ့ကို ရွေးကောက်ခဲ့ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်ခဲ့ခြင်းဖြစ်ပြီး သင်တို့သည် သွား၍ အသီးသီးကြလျက် သင်တို့၏အသီးသည် အစဉ်အမြဲတည်နေမည့်အကြောင်းနှင့် ငါ၏နာမ၌ ခမည်းတော်ထံတော်သို့ သင်တို့ တောင်းလျှောက်သမျှကို ကိုယ်တော်သည် ပေးသနားတော်မူမည့်အကြောင်း သင်တို့အား ငါခန့်ထား၏။17.ထို့ကြောင့် သင်တို့သည် အချင်းချင်းချစ်ကြရန် သင်တို့အား ငါပညတ်၏။”
ထောက်ရှုချက်
"12. ငါ၏ပညတ်သည်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။" ချစ်ခြင်းမေတ္တာအတွက် စံသတ်မှတ်ချက်။ လူတိုင်းမှာ အချစ်စံနုန်းသတ်မှတ်ချက်လေးတွေ
* သူမေတ္တာထားနိုင် လက်ခံနိုင်တဲ့ အကန့်အသက်ဘောင်၊ အနေအထားကိုသူတို့ပြောပြခြင်းပါ။ အဲ့ဒါဟာသူတို့ရဲ့ မေတ္တာစံနှုန်း၊ မေတ္တာပေတံပါပဲ။ * ချစ်ခြင်းမေတ္တာနဲ့ပက်သက်တဲ့ ကျွန်ုပ်၏စံနှုန်းကဘာလဲ။- လူတစ်ယောက်ကို ဘယ်အခြေအနေအထိ မေတ္တာထားနိုင်ပါသလဲ။ သည်းခံနိုင်ပါသလဲ။ အဲ့ဘောင်ထက်ကျော်ရင် ကျွန်ုပ်ဘာလုပ်လေ့ရှိလဲ။ * ပညတ်တော်တွေမှာတော့ ချစ်မေတ္တာပေတံ၊ ချစ်မေတ္တာစံ နှုန်းသတ်မှတ်ပေးထားပါတယ်။ ၁) အခြေခံပညတ် - ထွက်မြောက်ရာ 21:23-25" အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည်။"
- အဆင့်အနိမ့်ဆုံးပညတ်ဖြစ်ပါတယ်။- တရားမျှတခြင်းကိုသာအခြေခံတဲ့
၂) ရွှေပညတ် - မာတေဦး 7:12
" သင်တို့အား သူတစ်ပါးတို့ပြုမူစေလိုသည့်အတို
၃) အကြီးဆုံးပညတ် - ရှင်မာကု 12: 30, 31
“သင်၏အရှင် ဘုရားသခင်ကို သင်၏နှလုံးအကြွင်း မဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှ ချစ်လော့။-”
" သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ် သကဲ့သို့ ချစ်လော့။"ဒီပညတ်က မိမိအပေါ် မိမိထားတဲ့ချစ်ခြင်းအပေါ် အခြေခံတဲ့ပညတ်ပါ။ ၄) ပညတ်သစ် (အထက်ကဧဝံဂေလိကျမ်းမှပညတ်)"12. ငါ၏ပညတ်သည်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။"- ယေဇူးသခင် လူတို့အပေါ်ထားတဲ့ အချစ်က ကျွန်ုပ်တို့ကျင့်ရမယ့် မေတ္တာတရားရဲ့စံဖြစ်နေတာပါ။ - အထက်ဖော်ပြပါ ပညတ်တော်စံနှုန်းများအထဲမှာ နံပတ် (၄) ကအမြင့်ဆုံးစံဖြစ်ပါတယ်။ * - ယေဇူးသခင်က လောကသားတွေကိုလောက်ချစ်တာလဲ။ကားတိုင်ပေါ်မှာ အသက်ပေးပြီးချစ်ခဲ့ပါတယ်။ယောဟန် 15:13. " မိမိ၏ မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ။"
၁) ကျွန်ုပ်သည်မိမိနှင့်နီးစပ်သူမျ
၂) ယေဇူးသခင် ပေးတဲ့ ပညတ်သစ် စံနှုန်ုးကိုလိုက်ကျင့်ဖို့ ဆန္ဒရှိပါရဲ့လား။
၃) ယေဇူးခရစ်တော် လူအားလုံးကိုချစ်သလို ကျွန်ုပ်ချစ်နိုင်ပါမည်လား။