ပါစကားပဉ္စမတနင်္ဂနွေနေ့ (C)ကနေ့ ဖတ်ရှုဆင်ခြင်ရတဲ့ကျမ်းစာတော်မြ
တ်က သစ်လွင်ခြင်းအပေါ် မီးမောင်းထိုးပြထားပေးပါတယ်။“ကောင်းကင်သစ်နှင့်ကမ္ဘာသစ်”၊ “ဂျေရုဆလင်မြို့တော်သစ်”၊“ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းလေပြီ”၊“ပညတ်တော်အသစ်”စသဖြင့်ဖော်ပြသုံးစွဲထားပါတယ်။ ‘သစ်လွှင်ခြင်း’ဆိုတာ‘အပြုသဘောဆောင်’ပြီး‘မျှော်လင့်စောင့်ကြိုဖွယ်ရာ’ လည်းဖြစ်တယ်။ဥပမာနှစ်သစ်နှစ်ဆန်း၊နေ့သစ်၊မောင်မယ်သစ်လွင်၊ဓမ္မသစ်၊ပညတ်တော်သစ်စတာတွေက ကတိတော်တစ်ခုဖြစ်သလိုပိုမိုကောင်းမွန်ဖို့မျှော်လင့်ချက်တစ်ခုလိုပါဘဲလေး။ဘုရားရှင်ခရစ်တော်နဲ့သိကျွမ်းရင်းနှီးမှုကဖန်ဆင်းခြင်းအသစ်ကိုဖြစ်ပေါ်စေတယ်။“ခရစ်တော်၌ရှိသောသူသည်ဖန်ဆင်းခြင်းအသစ်ဖြစ်လာလေပြီ။ ဘဝဟောင်းသည် ပျောက်ကွယ်သွားသဖြင့်ဘဝအသစ်ရောက်လာလေပြီ“(ဒု - ကော် ၅:၁၇)။ပထမကျမ်း(တမန်တော် ၅:၁၄)မှာ တမန်တော်ပေါလုနဲ့ ဘာနဘတို့က မြို့ရွာများကို လှည့်လည်ပြီး သတင်းကောင်းကိုဟောကြားခဲ့ကြတယ်။၎င်းတို့နှစ်ဦးအနေနဲ့ဘယ်ဆင်းရဲဒုက္ခမျိုးနဲ့ကြုံကြုံ ယုံကြည်ခြင်းပြန့်ပွါးစေဖို့အတွ က်ခံယူထမ်းရွက်ခဲ့ကြတယ်။ဘာကြောင့်ခုလို စွန့်လွတ်ပေးဆက်နိုင်ကြသလဲဆို ရင် ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာက သူတို့ကို အုပ်စိုးထားလို့ (ဒု-ကော် ၅:၁၄)ဘဲ ဖြစ်တယ်။ဒုတိယကျမ်းအဖြစ် ဗျာဒိတ်တော်ကျမ်း(၂၁:၁-၅)မှကောင်း ကင်သစ်နဲ့ ကမ္ဘာသစ်အကြောင်း မိန့်ဆိုပေးထားပြီး ဤကမ္ဘာသစ်မှာ ဝမ်းနည်းပူဆွေးခြင်း၊ငိုကြွေခြင်း၊နာကျင်ခြင်းများရှိလိမ့်မည်မဟုတ် ၊ပညတ်တော်တစ်ခုသာရှိမယ်ချစ်ခြင်းပညတ်သာရှိမယ်၊’လို့ သွန်သင်ထားပါတယ်။ခရစ်တော်က ကားစင်ပေါ်အသက်တော်မစွန့်မီညမှာတပည့်တော်နဲ့ မိတ်ဆွေတွေကို မိန့်မှာသွန်သင်ချက်များ ပေးခဲ့တဲ့ထဲမှာ အဓိကကျဆုံးက ချစ်ခြင်းမေတ္တာဆိုင်ရာ သင်ခန်းစာပါဘဲ။“သင်တို့ကို ငါချစ်သကဲ့သို့ သင်းတို့သည်လည်း အချင်းချင်း ချစ်ကြလော့။သင်တို့အချင်းချင်းချစ်ကြလျင်လူခပ်သိမ်းတို့သည် ထိုချစ်ခြင်းမေတ္တာကို ထောက်ရှု၍ သင်တို့သည် ငါတပည့်များဖြစ်ကြောင်းသိကြလိမ့်မည် လို့ ကနေ့ဧဝံဂေလိကျမ်းစာမှာ ခရစ်တော်ရှင်က မိန့်မြွက်လမ်းညွှန်နေပါတယ်။ချစ်ခြင်းမေတ္တာဟာ ခရစ်ယာန်တွေရဲ့အမှတ်တံဆိပ်ပါ။အချစ်အကြောင်းကို လူတွေက ပြောပြီးရင်းဆက်ပြောနေကြလိမ့်မယ်။ ဒါပေမယ့်အရေးကြီးဆုံးက ခရစ်တော်ရှင်က မိမိတို့ကို ချစ်တဲ့အချစ်မျိုးနဲ့အချင်းချင်းချစ်ခင်ကြဖို့ရာ အထူးလိုအပ်တယ်။တပည့်တော်တွေအတွက် ချစ်ခြင်းပညတ်သစ်ကို မပေးအပ်ခင် သူ့ကို ရောင်းစားအပ်နှံမယ့်တပည့်တစ်ယော က်အပါအဝင် တပည့်တော်ကြီးအားလုံးရဲ့ခြေတွေ ကိုကိုယ်တော်က ဆေးကြောပေးခဲ့တယ်။ ကြောက်စိတ်ကြောင့်ကိုယ်လွတ်ရုန်းထွက်ပြေးကြမယ့်တပည့်တော်တွေနဲ့အတူ မငြိုငင်ပါဘဲ နောက်ဆုံးညစာကိုကိုယ်တော်စားသောက်ခဲ့ပါတယ်။ဘုရားရှင်ရဲ့ချစ်ခြင်းက တဖက်လူရဲ့တုံ့ပြန်မှုအပေါ်လိုက်ပြီးမပြောင်းလဲခဲ့ပါဘူး။ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတတ်တဲ့သဘော ရှိတတ်ပါတယ်။
မိမိကိုချစ်တဲ့သူတွေကို တုံ့ပြန်ချစ်ခင်ရတာ လွယ်ကူပေမယ့် ခရစ်တော်ကမိမိကို မချစ်ခင်ကြသူတွေကိုစာနာချစ်ခင်ဖို့ လူအားလုံးကို စိန်ခေါ်လိုက်ပါတယ်။“မိမိ၏မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွတ်သော ချစ်ခြင်းမေတ္တာမျိုးထက် ပို၍ကြီးမြတ်သော ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ”(ယော ၁၅:၁၃)။လူတိုင်းချစ်ကြပါတယ်။ဒါပေမယ့် ခရစ်ယာန်တို့ရဲ့ ထူးခြားတဲ့ချစ်ခြင်းကဘုရားရှင်ခရစ်တော်ယေဇူးကဲ့သို့ ပေးဆက်ပြီးချစ်မြတ်နိုးခြင်း” ဖြစ်ပါတယ်။