ပါစကားကာလ ပဉ္စမပတ်တနင်္လာနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၄း၂၁-၂၆၊
Rev.Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe(I.S.R.)
ယနေ့ဖတ်ကြားထောက်ရှုရသော ဧ၀ံဂေလိကျမ်း၌ ယေဇူးသခင်က‘ငါ၏ပညတ်တော်များကိုခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကိုချစ်၏’ဟုမိန့်ပါသည်။ယေဇူးသခင်၏ပညတ်တော်များကား အဘယ်နည်း။မည်သူမဆို မိမိ၏ညီအစ်ကိုအပေါ်အမျက်ဒေါသထွက်လျှင် ရုံးတော်၌အပြစ်စီရင်ခြင်းကိုခံထိုက်၏။မိမိညီအစ်ကိုအားအရူးဟုခေါ်သောသူသည် ဂေဟေ့နာမီးဒဏ် ကိုခံထိုက်၏။ (သံမာတေဦး ၅း၂၂)သင်၏လက်ယာမျက်စိသည် သင့်ကိုအပြစ်ထဲသို့ကျရောက်စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။သင်၏လက်ယာလက်သည် သင့်ကိုအပြစ်ထဲသို့ကျရောက်စေလျှင်ထိုလက်ကိုဖြတ်၍ စွန့်ပစ်လော့။သင်၏ခန္ဓာကိုယ်တစ်ခုလုံးငရဲသို့သွားရသည်ထက်ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးရသည်ကသာ၍ ကောင်း၏။(သံမာ တေဦး ၅း၂၉-၃၀)ငါဆိုသည်မှာ ကျိန်တိုခြင်းအမှုကိုလုံး၀မပြုရ။ကောင်းကင်ကိုလည်း တိုင်တည်၍မကျိန်ဆိုရ။အကြောင်းမူကား ကောင်းကင်သည်ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။ကမ္ဘာမြေကြီးကိုလည်းတိုင်တည်၍မကျိန်ဆိုရ။အကြောင်း မူကား ကမ္ဘာမြေကြီးသည် ကိုယ်တော်၏ခြေတင်ရာခုံဖြစ်၏။ဂျေရုဆလင်မြို့ကိုလည်းတိုင်တည်၍မကျိန်ဆိုရ။အကြောင်းမူကား ထိုမြို့သည်ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။သင်၏ဦးခေါင်းကိုလည်းတိုင်တည်၍မကျိန်ဆိုရ။အကြောင်းမူကား ဆံခြည်တစ်ပင်ကိုမျှဖြူစေခြင်း၊ မည်းစေခြင်းဌာသင်မတတ်နိုင်။သင်တို့ပြောသောအရာကိုဟုတ်လျှင်ဟုတ်သည်၊မဟုတ်လျှင်မဟုတ်ပါဟုပြောလော့။(သံမာတေဦး ၅း၃၄-၃၇)ဆိုးယုတ်သောသူကို မတုန့်ပြန်ကြနှင့်။တစ်စုံတစ်ယောက်သည်သင်၏ညာဘက်ပါးကိုရိုက်လျှင်ကျန်ပါးတစ်ဖက်ကိုလည်းသူ့ထံသို့လှည့်ပေးဦးလော့။(သံမာတေဦး ၅း၃၉-၄၂)သင်တို့၏ရန်သူကိုချစ်လော့။သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသောသူတို့အတွက်ဆုတောင်းပေးကြလော့။(သံမာ တေဦး ၅း၄၄)သင်တို့သည်ကုသိုလ်ကောင်းမှုကိုလူအများမြင်စေခြင်းဌာ၎င်းကိုသူတို့၏ရှေ့မျက်မှောက်တွင်မပြုလုပ်ရန်သတိ ပြုကြလော့။(သံမာတေဦး ၆း၁) သင်တို့သည် ဆုတောင်းပဌနာပြုသောအခါလူတို့မြင်စေခြင်းငှာတရားဇရပ်များနှင့်လမ်းဆုံလမ်းခွများတွင် ရပ်လျက်ဆုတောင်းခြင်းကိုပြုလိုကြသော သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မဖြစ်စေကြနှင့်။(သံမာတေ ဦး ၆း၅) သင်တို့သည် အစာရှောင်ခြင်းအမှုကိုပြုကြသောအခါသူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ (သံမာတေဦး ၆း၁၆)သင်တို့သည် ဘုရားသခင်နှင့်ဥစ္စာဓန နှစ်ပါးစလုံးကိုအစေမခံနိုင်။(သံမာတေဦး ၆း၂၄ခ)ငါ့ကို သခင်၊သခင်ဟုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့၀င်ရလိမ်မည်မဟုတ်။ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသာ လျှင်၀င်ရလိမ့်မည်(သံမာတေဦး ၇း၂၁)ငါ့နောကျသို့လိုကျလိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်၍ မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းကာငါ့နောက်သို့လိုက်စေ။(သံမာတေဦး ၁၆း၂၄)သင်၏အရှင်ထာ၀ရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊စိတ်အားရှိသမျှ၊ဉာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့။(သံမာတေဦး ၂၂း၃၇-၃၉)မိမိ၏မိတ်ဆွေများအဖို့ မိမိ၏အသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက်ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာ မျိုးအဘယ်သူတွင်မျှမရှိ။ (သံယောဟန် ၁၅း၁၃)ငါ့ကိုအောက်မေ့သတိရခြင်းဌာ ဤအမှုကိုပြုကြလော့။ (သံလုကာ ၂၂း၁၉ခ) ပါးစကားကာလ ပဉ္စမ တနင်္ဂနွေနေ့၌ ပညတ်တော်သစ်ကိုပေးခဲ့ပါသည်။ ထိုပညတ်တော် သစ်ကား ‘လော့။ သင်တို့ကိုငါ ချစ်သကဲ့သို့ သင်တို့သည်လည်း သင်တို့အချင်းချင်းချစ်ကြလော့’ ဟုဖြစ်ပါသည်။ ယေဇူးသခင်သည် ပညတ်များစွာပေးခဲ့သည်။ သို့သော်အကြီးမြတ်ဆုံးသော ပညတ်မှာမူချစ် ခြင်းမေတ္တာပညတ်တော်ဖြစ်သည်။ အချင်းချင်းချစ်နိုင်ရန်စားကြပါစို့။
အိုသခင်၊ ကိုယ်တော်သည်ချစ်ခြင်းမေတ္တာဖြစ်၍ တပည့်တော်တို့၏ချစ်ခြင်းကိုတိုးပွားလာစေတော်မူပါ။