Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-16 10:07:30
ပါစကားကာလ ပဉ္စမပတ်အင်္ဂါနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၄း၂၇-၃၁၊
Rev.Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe(I.S.R.)

            ငြိမ်းချမ်းရေးသည် ကမ္ဘာဦးအစကပင်ဖောက်ဖျက်ခဲ့သည်။စစ်မှန်သောငြိမ်းချမ်းသာယာခြင်းသည် ဘုရားသခင်ပညတ်တော်ကိုလိုက်နာခြင်း၌တည်သည်။ ထို့ကြောင့်ယေဇူးသခင်သည် ပါစကားကာလ တနင်္လာနေ့ကဖတ်ရှုသောဧဝံဂေလိကျမ်း၌ ‘ငါ၏ပညတ်တော်မြားကိုခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကိုချစ်၏’ဟုမိန့်မြွတ်ခဲ့သည်။(သံယောဟန် ၁၄း၂၁)အာဒမ်နှင့်ဧ၀သည်ဘုရားသခင်၏ပညတ်တော်ကိုမနာခံဘဲတားမြစ်ထားသောအသီးကိုစားခဲ့သည်။၎င်းတို့၏ အေးချမ်းသာယာသောအသက်တာသည် တစ်မဟုတ်ခြင်း အဘယ်သို့ပြောင်းလဲသွားခဲ့သနည်း။ဘုရားသခင်ကမိန်းမအား သင်၌ ကိုယ်၀န်ဆောင်ခြင်း‌ဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ‌ဝေဒနာကိုခံ၍ သားဖွားရမည်။ကိုယ့်ခင်ပွန်း၏အလိုသို့လိုက်၍သူ၏အုပ်စိုးခြင်းကိုခံရမည်’ ဟုမိန့်တော်မူ၏။ထို့အတူ ယောင်္ကျားကိုလည်း ‘ထိုအပင်၏ အသီးကိုမစားရဟု ငါပညတ်သော်လည်း သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့် မြွေသည် သင့်အတွက်ကျိန်ခြင်းကိုခံလျှက်ရှိ၏။ မြေ၏အသီးကိုတစ်သက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်းသင့် အဖို့မြေပေါ်၌ပေါက်စေမည်။ လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်သင်၏မျက်နှာမှချွေးထွက်လျက်အစာကိုစားရမည်။အကြောင်းမူကား သင်သည် မြေမှုန့်မှလာ၍ မြေမှုန့်သို့ပြန်ရမည်’ဟုမိန့်တော်မူသည်။(ကမ္ဘာဦးကျမ်း ၃း၁၆-၁၉)      ငြိမ်းချမ်းခြင်းသည် အပြစ်ကျူးလွန်သူများ၌သာဆုံးရှုံးခြင်းမဟုတ်။အပြစ်သို့ကျရောက်စေရန် ဖြားယောင်းသွေး ဆောင်သောသူလည်းဆုံးရှုံးသည်။အဘယ်ကြောင့်ဆိုသော် ထာ၀ရအရှင် ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့် သားယဉ်သားရဲအပေါင်းတို့ထက်ကျိန်ခြင်းကိုခံရ၏။သင်သည်၀မ်းဖြင့်သွား၍မြေမှုန့်ကိုတစ်သက်လုံးစားရမည်’ ဟူ၍လည်းကောင်း၊ဖြားယောင်းသူနှင့်ဖြားယောင်းခြင်းခံရသောသူကြား၌လည်း ငြိမ်းချမ်းခြင်းမရှိ တော့သည့်အခြေအနေကိုလည်းဘုရားသခင်က‘သင်နှင့်မိန်းမကိုလည်းကောင်း၊သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။သင်သည်သူ၏ဖနောင်ကို ကြိတ်လိမ့်မည်’ ဟုမိန့်တော်မူသည်။(ကမ္ဘာဦးကျမ်း ၃း၁၄-၁၅)ယေဇူးသခင်သည် သေခြင်းမှရှင်ပြန်ပြီးသည်နှင့်ပထမဦးဆုံးအကြိမ်တပည့်တော်ကြီးတို့နှင့်တွေ့ဆုံစဉ်၌ငြိမ်းချမ်းသာယာခြင်းသင်တို့နှင့်ရှိပါစေ’ဟုအဘယ်ကြောင့်ဦးစွာနှုတ်ဆက်ခဲ့သနည်း။တပည့်တော်ကြီးတို့သည် ယေဇူးသခင် အဖမ်းခံရစဉ်ကယေဇူးသခင်နှင့်အတူမရှိဘဲထွက်ပြေးခဲ့ကြသည်။ကြုံလာမည့်အခြေအနေကို ယေဇူးသခင်သည် အကြိမ်ကြိမ်သတိပေးခဲ့သည်။သို့သော် ကိုယ်လွှတ်ရုန်း၍ထွက်ပြေးခဲ့ကြသည်။(သံယောဟန် ၁၆း၃၁)ပေတရုပင်လျှင် ယေဇူးအားသုံးကြိမ်တိုင်တိုင်ငြင်းပယ်မည့်အကြောင်းသတိပေးခဲ့သော်လည်း အမှတ်မရှိခဲ့။အမှန်ပြင်အရေးကြုံလာသောအခါ မိုးမွှန်အောင်ပြောခဲ့သောသူ၏စကားကိုမေ့၍ ယေဇူးသခင်မိန့်ကြားခဲ့သည့်အတိုင်း ပြစ်ပြစ်ခါခါငြင်းပယ်ခဲ့သည်။ထိုသို့ ငြင်းပယ်၍ ထိုခဏ၌ဘေးအန္တရာယ်မှကင်းလွှတ်သွားသော်လည်းသူ၌ငြိမ်းချမ်းခြင်းရှိ နေသလောဟုမူလုံး၀မရှိပေ။ထို့သို့ ငြင်းပယ်ပြီးနောက် ပေတရုသည်အပြင်သို့ထွက်သွား၍ ပြင်းထန်စွာငိုကြွေးလေ၏။(သံလုကာ ၂၂း၆၂ယေဇူးသခင်သည် ယုဒအစ္စကာရီယုဒ်အားလည်း သူ့ကိုအပ်နှံလိမ့်မည့်အကြောင်းကို အတန်တန်မိန့်ကြားခဲ့သည်။သို့သော် ယုဒသည် မသိသလိုသာနေခဲ့သည်။ထိုသိုနေနေသော်လည်း သူသည် ယေဇူးသခင်အား အပ်နှံနိုင်မည့်အ ခွင့်ကောင်းကိုစောင့်နေခဲ့သည်။သူသည်ယေဇူးသခင်ကိုအပ်နှံလိုက်ပြီးနောက် အတွင်းစိတ်ငြိမ်ချမ်းခြင်းရှိခဲ့သလော။လုံး၀မရှိခဲ့ပေ။ထို့ကြောင့် ယေဇူးသခင်သည် သေဒဏ်စီရင်ခြင်းခံရသည်ကို ဂျူဒမြင်လျှင် နောင်တရ၍ ငွေဒင်္ဂါးသုံးဆယ်ကို ရဟန်းအကြီးအကဲ့တို့နှင့်သက်ကြီး၀ါကြီးတို့ထံသို့ပြန်ယူခဲ့ပြီး အပြစ်မရှိသူကိုအပ်နှံ၍သစ္စာဖောက်ပြီဟုဆိုသော်လည်း ထိုဘာသာရေးခေါင်းဆောင်တို့သည် သူ၏တောင်းဆိုချက်ကိုအလေးမထားတော့ပေ။ နောက်ဆုံး၌မြေပေါ်လဲကျပြီး၀မ်းဗိုက်ပေါက်၍သေပွဲ၀င်ခဲ့ရသည်။ (သံမာတေဦး ၂၇း၃-၁၀၊တမန်တော်ဝတ္ထု ၁း)စစ်မှန်သောငြိမ်းချမ်းသာယာခြင်းသည် လောကကမပေးနိုင်။ယေဇူးသခင်သာလျှင်ပေးနိုင်သည်။ ယေဇူးသခင် သည် ကားတိုင်ပေါ်၌ပြင်းထန်နာကျင်လှသော‌ဝေဒနာကိုခံစားနေရသော်လည်း အတွင်းစိတ်အေးချမ်းစွာဖြင့် ဆုတောင်းနိုင်ခဲ့သည်။ သူ့အားညှဉ်းပန်းနှိပ်စက်သော အာဏာသာတို့ကိုလည်းခွင့်လွှတ်ကြောင်းပြသနိုင်ခဲ့သည်။ယေဇူးသ ခင်ပေးသောငြိမ်းချမ်းသည် လောကပေးသောငြိမ်းချမ်းရေးနှင့်မတူ။အဘယ်ကြောင့်ဆိုသော် ခမည်းတော်ဘုရား၏ပညတ်တော်နှင့် ညီသောကြောင့်ဖြစ်သည်။

 

အိုသခင်၊ ကိုယ်တော်၏ပညတ်တော်များကို အလေးထား၍ ကိုယ်တော်ပေးသောငြိမ်းချမ်းသာယာခြင်းကိုခံစားရစေ တော်မူပါ။                        

 

Daily Reflection