Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-17 13:18:11
မေလ ၁၈ ရက်နေ့၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့၊ ၅ ပတ်မြောက် ပါစကားပွဲကာလ
or Saint John I, Pope, MartyrRev.Fr. Bosco Saw Lar Htoo
Posted by Sr. B.Myat Hnin Nwe (I.S.R)

(ယောဟန် 15:1-8, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“1. ယေဇူးက ငါသည် စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်၍ ငါ၏ခမည်းတော်သည် စပျစ်ဥယျာဉ်မှူး ဖြစ်တော်မူ၏။2. ကိုယ်တော်သည် ငါ၌အသီးမသီးသော အကိုင်းအခက်ဟူသမျှတို့ကို ဖြတ်တောက်ပစ်၍ အသီးသီးသော အကိုင်းအခက် ဟူသမျှတို့ကိုမူကား ပို၍သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်။3. သင်တို့သည်လည်း သင်တို့အား ငါဟောပြောခဲ့သောစကားအားဖြင့် ရှင်းလင်းပြုပြင်ခြင်းခံခဲ့ကြရပြီးဖြစ်၏။4. ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ပင်၏ အကိုင်းအခက်တို့သည် အပင်နှင့် တစ်ဆက်တည်း မတည်ရှိလျှင် မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်ရှိလျှင် အသီး မသီးနိုင်ကြ။5. ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်နေလျှင် သူသည် အသီးများစွာ သီးလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါနှင့် ကင်းကွာလျှင် မည်သည့် အရာကိုမျှ မတတ်နိုင်ကြ။6. အကြင်သူသည် ငါ၌ မတည်ရှိလျှင် သူသည် အကိုင်းအခက်ကဲ့သို့ လွှင့်ပစ်ခြင်းခံရ၍ ညှိုးခြောက်သွားလိမ့်မည်။ ထိုအခါ လူတို့သည် ထိုအကိုင်းအခက်တို့ကို စုသိမ်း၍ မီးထဲသို့ပစ်ချပြီး ရှို့ကြလိမ့်မည်။7. သင်တို့သည် ငါ၌တည်နေကြ၍ ငါ၏တရားတော်သည်လည်း သင်တို့၌တည်နေလျှင် သင်တို့အလိုရှိသော အရာမှန်သမျှကို တောင်းလျှောက်ပါက ထိုအရာကို သင်တို့အား ပေးတော်မူလိမ့်မည်။8. သင်တို့သည် များစွာသောအသီးတို့ကို သီး၍ ငါ၏တပည့်များဖြစ်ကြောင်း သက်သေပြခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းဂုဏ်တော်သည် ထင်ရှားလေ၏။-”
ထောက်ရှုချက်
 "ငါသည် စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်၏"
(ယောဟန် 15:1)ဟေရှာယပရောဖက်ကျမ်းမှာ အီစရာအဲလ်လူမျိုးဟာဘုရားရှင်၏ စပျစ်နွယ်ပင်ဖြစ်ကြောင်းဖော်ပြထားပါတယ်။
“ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ ”(ဟေရှာယ 5:7)သိုသော်လည်းမျိုးမမှန်ဖြစ်ပြီးစပျစ်ပင်ဗီဇပျောက်ကာ ဘုရားသခင်အလိုရှိတဲ့စပျစ်သီးကိုမသီးပေးခဲ့ပါဘူး။"ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊
ဗောရှသီး ကို သီးပါသည်တကား။"(ဟေရှာယ 5:2)“အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ်ဖြစ်သောသင့်ကို ငါစိုက်ပျိုးသော်လည်း၊
သင်သည် ငါ့ရှေ့ မှာ အဘယ်မျှလောက်ဖောက်ပြန်၍၊ အမျိုးမစစ်သောစပျစ်နွယ်ပင်ဖြစ်ပါသည်တကား။”(ယေရမိ 2:21)
ထို့ကြောင့် - မျိုးမစစ်သော စပျစ်နွယ်ပင် အီစရာအဲလ်လူမျိုးကိုမိမိမြေပေါ်ကနှုတ်ပါယ်ပြီးစစ်မှန်သောစပျစ်နွယ်ပင်ဖြစ်တဲ့ ယေဇူးခရစ်တော်၌အသစ်သောစပျစ်ပင်ကိုပြန်လည်စိုက်ပျိုးခဲ့ပါတယ်။သခင်ဘုရား၌ယုံကြည်သူ ကျွန်ုပ်တို့အားလုံးတို့ဟာ
စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်တဲ့ ယေဇူးခရစ်တော်ရဲ့အစိပ်အပိုင်း အကိုင်းအခက်တွေဖြစ်ကြပါတယ်။ကျွန်ုပ်တို့ အားလုံးကို
ယေဇူးသခင်၌မကွာတွယ်ကပ်ပြီးချိုမြန်သောစပျစ်သီးများသီးပေးဖို့ဖိတ်ခေါ်နေပါတယ်။ကျွန်ုပ်တို့၏ပင်စည်ဖြစ်သော ခရစ်တော်သခင်၌
အမြဲမကွာတွယ်ကပ်ပြီး အသက်ရှင်ကြပါရဲ့လား။ခရစ်တော်သခင်နဲ့ဝေးကွာတဲ့အသက်တာကိုရှင်သန်မိနေပါသလား။

Daily Reflection