Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-18 20:24:27
ပါစကားကာလပဉ္စမပတ် ကြာသပတေးနေ့ရှုချက်
သံယောဟန် ၁၅း၉-၁၁၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe(I.S.R.)

            ချစ်ခြင်းကို အနက်အမျိုးမျိုးဖွင့်ဆိုရေးသား၊ခံစားကြသည်။အမှန်မှာ စံမှီသောချစ်ခြင်း၊ခရစ်ယာန်များအတွက် စံပြုရမည့်ချစ်ခြင်းကား ခမည်းတော်ဘုရားကသားတော်ကို၊သားတော်က ခမည်းတော်ဘုရားကိုချစ်သောချစ်ခြင်းအပေါ် အခြေခံရမည်ဖြစ်သည်။ခမည်းတော်ဘုရားသည် သူ့၏သားတော်ကိုအဘယ်သို့ချစ်ခဲ့သနည်း။လူ့အဖြစ်ကိုနှိမ့်ချစွာခံယူစေ၍ နွမ်းပါးချို့ တဲ့စွာ နွားစခွက်၌မွေးဖွားစေခဲ့သည်။ဘာမျှမတတ်နိုင်သူကဲ့သို့ ဟေရုဒ်မှရန်ရှာခြိမ်းခြောက်သောကြောင့် အီဂျစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ယေဇူးသခင်သည် နောင်တတရားယူရန်လိုအပ်သော အပြစ်သားတစ်ဦးကဲ့သို့ ယောဟန် လက်တော်မှဆေးကြောခြင်းမဂ်လာကိုခံယူခဲ့ရသည်။ မိမိ၏ဆွေမျိုးသားချင်းများ၊မြို့သူမြို့သားများ၏အထင်အမြင်သေးခြင်း၊မတူမတန်သည့်နှင့်ဆက်ဆံခံခဲ့ရသည်။ယေဇူးသခင်သည် သူ၏လုပ်ဖော်ဆောင်ဖက်များကိုလည်း ပညာတတ်များထဲမှမဟုတ်ဘဲသူကြီးပြင်းခဲ့ရသောအသိုင်းအဝိုင်းမှ အခြေခံလူတန်းစားများထဲမှတစ်ဖွဲ့ဖြစ်သော တံငါသည် များကိုသာရွေးခေါ်ခဲ့သည်။ယေဇူးသခင်တရားဒေသနာစတင်ဟောကြားချိန်၌လည်း ယေဇူးခင်အား အစဉ်ချောင်းမြောင်းတိုက်ခိုက်အပြစ် ကောက်နေသော ဂျူးဘာသာရေးခေါင်းဆောင်တို့၏နှောင်ယှက်မှု၊ဝေဖန်မှု၊အသာရေဖျက်မှုကိုအမြဲခံနေခဲ့ရသည်။ယေဇူးသခင်သည် ကယ်တင်ရှင်အဖြစ် ဂျေရုဆလင်မြို့ထဲသို့ကြွ၀င်ချိန်၌ သောင်းသောင်းဖြဖြကြိုဆိုကြသော်လည်း သူ စီးသောတိရစ္ဆာန်မှာ မင်းခန်းမင်းနား၌ ပွဲမတိုးသော ‘မြည်း’ ဖြင့်ကြွ၀င်ခဲ့သည်။ ယေဇူးသခင်သည် ဘာမျှမစွမ်းသာသော သာမန်လူတစ်ဦးနှယ်အာဏာသားတို့၏ ပြတ်ရယ်ပြခြင်း၊ ရိုက်ပုတ်ခြင်း၊မျက်စိများကိုဖုံးအုပ်၍ မျက်နှာကိုရိုက်ပုတ်ပြီးသူ့အားအဘယ်သူရိုက်ပုတ်သည်ကို ပရောဖက်ကဲ့သို့ဟောရန်စသော လှောင်ပြောင်မှုများကိုကြုံတွေ့ခဲ့ရသည်။(သံလု ကာ ၂၂း၆၃-၆၅) နောက်ဆုံး၌ ယေဇူးသခင်သည် ရောမလူမျိုးတို့၏ ရာဇသတ်ပုဒ်များအနက် သူ့ကိုယ်သူဘုရင်ဟုပြော ဆိုသောပြစ်မှုဖြင့် ရာဇ၀င်လူဆိုးမှသာလျှင် တင်သတ်ခံရသည့်သေဒဏ်စီရင်ချက်ကိုခံခဲ့ရသည်။ကားစင်တင်သတ်ခံရသောပြစ်မှုသည် နိုင်ငံရေးပြစ်မှုနှင့်တိုက်ရိုက်ပတ်သက်သော ပြစ်မှုကျူးလွန်သူ၊ ရာဇ၀င်လူဆိုးကိုသာချမှတ်သောအကြီးမားဆုံးနှင့်အလွန်ပြင်းထန်သောနိုင်ငံရေးပြစ်မှုဖြစ်သည်။တစ်နည်းဆိုသော် ယေဇူးသခင်သည် ယေဇူးသခင်သည် ဧကရာဇ်ဘုရင်အားတိုက်ရိုက်ပုန်ကန်သောနိုင်ငံရေးပြစ်မှုဖြင့်သေဒဏ်စီရင်ချက်ချမှတ်ခံခဲ့ရသည်။ယနေ့ ဧ၀ဂေလိကျမ်း၌ ယေဇူးသခင်က ‘ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏’ ဟု မိန့်တော်မှုပါသည်။ ခမည်းတော်ဘုရား ယေဇူးသခင်ကိုချစ်တော်မူသည်မှာပေးဆက်အနစ်နာခံခြင်းဖြင့်ချစ်ခဲ့ပြီး၊နောက်ဆုံး၌ သူမတူသောဆုလာဘ်ဖြစ်သည့် သေခြင်းမှပြန်လည်မြောက်သောပထမဦးဆုံးအသီးဖြစ်လာစေခဲ့သည်။(ပ ကော်ရိန့်သု ၁၅း၂၀)ထို့အတူ ယေဇူးသခင်သည် သူ၏ဘုန်းတော်ဂုဏ်တော်၌ကောင်းကင်တမန်တော်များနှင့်အတူကြွလာပြီး ဘုန်းကျက်သရေရှိသော ပလ္လင်တော်ပေါ်၌ ထိုင်တော်မူကာ လူမျိုးအပေါင်းတို့ကိုစု‌ဝေးစေ၍ စီရင်တော်မူသော အခွင့်ကိုလည်းပေးတော်မူမည်ဖြစ်သည်။(သံမာတေဦး ၂၅း၃၁-၃၃ယေဇူးသခင်သည် ကျွန်ုပ်တို့အား အဘယ်အသို့ချစ်သနည်း။ ယေဇူးသခင်ကျွန်ုပ်တို့ကိုချစ်တော်မူသည်မှာ ခမည် တော်ဘုရားသူ့အားချစ်တော်မူသကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ‘ငါ့နောကျသို့လိုကျလိုသောသူသည် မိမိကိုယ် ကိုညင်းပယ်၍ မိမိ၏လက်ဝါးကားတိုင်ကိုထမ်းကာ ငါ့နောက်သို့လိုကြစေ။ အကြောင်းမူကား မိမိ၏အသက်ကိုကယ်လို သောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ငါ့အတွက်သက်ဆုံးရှုံးသူသည် အသက်ကိုပြန်၍ရလိမ့်မည်’ဟုမိန့်တော်မူသည်။(သံမာတေဦး ၁၆း၂၄-၂၅) ထို့အတူ ယေဇူးသခင်သည် တပည့်တော်ကြီးအပါးခုနှစ်ဆယ်ကိုရွေးကောက်ပြီးလျှင် ကိုယ် တော်တိုင်ကြွရောက်မည့်မြို့ရွာများအသီးသီးသို့နှစ်ပါးစီစေလွှတ်၍မိန့်တော်မူသည်မှာ ‘သွားကြလော့။ဝံပုလေါတို့အလယ်၌ သိုးငယ်များကဲ့သို့ သင်တို့ကိုငါစေလွတ်တော်မူ၏။ပိုက်ဆံအိတ်ကိုလည်းကောင်း၊လွယ်အိတ်ကိုလည်းကောင်း၊ဖိနပ်ကို လည်းကောင်းသင်တို့ယူဆောင်မသွားကြနှင့်’ ဟုမိန့်တော်မူပါသည်။ (သံလုကာ ၁၀း၁-၄) ယေဇူးသခင်သခင်၏ ကျွန်ုပ်တို့ အားချစ်ခြင်းသည် ပေးဆက်အနစ်နာခံသောချစ်နည်းဖြစ်သည်။ ဤသို့ပေးဆက်အနစ်နာခံသော်လည်း ယခုကာလ၌ပင် အဆများစွာသောအကျိုးကိုလည်းကောင်း၊နောင်ကာလ၌ထာ၀ရအသက်ကိုလည်းကောင်းမခံစားရဘဲမနေရဟူ၍လည်းကောင်း(သံလုကာ ၁၈း၂၄-၃၀)၊ထို့အတူယေဇူးသခင်သည်ကျွန်ုပ်တို့အား‘အရာအားလုံးအသစ်ဖြစ်လာမည့် ကာလ၌ လူသားသည် ဘုန်းကျက်သရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင် ထိုင်တော်မူသောအခါ ငါ၏နောက်သို့လိုက်သော သင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်၌ ထိုင်ကြလျက် အစ္စရေးလူမျိုးတစ်ဆယ့်နှစ်မျိုးကို တရားစီရင်ကြရလိမ့် မည်’ဟုမိန့်တော်မူ၏။(သံမာတေဦး ၁၉း၂၈) ယေဇူးသခင်၏ချစ်ခြင်းကိုခံယူရန်အသင့်ရှိကြပါသလော။

 

အိုဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းကိုခံယူ၀သူများဖြစ်စေတော်မူပါ။                

 

Daily Reflection