Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-19 20:36:50
ပါစကားကာလ ပဉ္စမပတ် သောကြာနေ့ရှုချက်
သံယောဟန် ၁၅း၁၂-၁၇၊
 Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe(I.S.R.)
            ယေဇူးသခင်က ‘ငါသည်သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း
အချင်းချင်းချစ်ကြလော့’ ဟုပညတ်တော်အ သစ်ကိုပေးသည်။
ယေဇူးသခင်ကျွန်ုပ်တို့ကိုအဘယ်သို့ချစ်သနည်း။ ယေဇူးသခင် သူနှင့်အနေနီးခဲ့သော တပည့်တော်ကြီး
တို့အားအဘယ်သို့ချစ်ခဲ့သနည်း။ ယေဇူးသခင် တရားဒေသနာတော်ဟောကြားရာတွင် သူ၏တရားကိုလူအုပ်စု
(၃) စုကို ရည်ရွယ်ဟောကြားခဲ့သည်။ (၁) အုပ်စုကား ယေဇူးသခင်၏အရင်းနှီးဆုံးတပည့်တော်ကြီးများအားလည်းကောင်း၊
(၂) အုပ်စုကား ဂျူးဘာသာရေးခေါင်းဆောင်များအား လည်းကောင်း၊ (၃) အုပ်စုကား လူတန်းစားအမျိုးမျိုးပါသော
တရား နာပရိသတ်တို့ဖြစ်ကြသည်။ ယေဇူးသခင်လူသားများကိုချစ်သည်ဆိုရာ၌ ကျောသားရင်သားမခွဲခြား။
အယုတ်၊ အလတ်၊ အမြတ်မရွေး။ မျက်နှာကြီးငယ်မရွေးပေ။ ပြောစရာရှိသည်ကို မထိန်မချန်။ အလွှဲအမှားကျူးလွန်သူသည်
ဘုရင်ဖြစ်စေ၊ သူအလွန်ချစ်ခင်ရင်းနှီးရသူဖြစ်နေစေကာမှု မျက်နှာမလွှဲပေ။
       ယေဇူးသခင်သည် လူမျိုးခြားဖြစ်သော လူတစ်ရာတပ်မှူး၏ယုံကြည်ခြင်းမျှလောက်ပင်မရှိသော အစ္စရေးလူမျိုး တို့အားဆုံးမခဲ့သည်။ (သံမာတေဦး ၈း၅-၁၃)
          ယေဇူးသခင်နှင့်အနေနီးလျှက်နှင့်ယေဇူးသခင်အပေါ်ယုံကြည်အားကိုးမှုမရှိသော တပည့်တော်ကြီးတို့အားယေ ဇူးသခင်သည် ဆုံးမခဲ့သည်။ (သံမာတေဦး ၈း၂၃-၂၆က)
          ယေဇူးသခင်သည် အခွန်ခံမာတေဦး၏အိမ်သို့သွားရောက်၍ အပြစ်ရှိသူ၊ အခွန်ခံသူတို့နှင့်လက်ပွန်းတစ်သီးစား သောက်သည်ကို ပြစ်တင်‌ေ၀ဖန်သောဂျူးဘာသာရေးခေါင်းဆောင်တို့အား ‘ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်ရှိသောသူတို့ကိုခေါ်ရန်သာငါလာသည်’ ဟု၄င်းတို့၏လွဲမှားသောဘာသာရေးခံယူချက် ကိုထောက်ပြပြုပြင်ပေးခဲ့သည်။ (သံမာတေဦး ၉း၉-၁၃)

       အစ္စရေးလူမျိုးတို့သည် မိမိတို့၏ဘာသာရေးလွဲမှားမှုကိုပြုပြင်ရန်အားမထုတ်ဘဲ အကြောင်းအမျိုးမျိုးပြကာ ရှောင်လွဲနေသည်ကိုလည်းယေဇူးသခင်သည် ဥပမာများပေး၍ဆုံးမခဲ့သည်။ (သံမာတေဦး ၁၁း၁၆-၁၉)
          ယေဇူးသခင်သည် သူ၏အံ့ဖွယ်တန်ခိုးအများစုကိုပြုလုပ်တော်မူခဲ့သောမြို့တို့သည် နောင်တမရသောကြောင့် ပြင်းထန်သောစကားများကိုမိန့်ကြား၍ သတိပေးခဲ့သည်။ (သံမာတေဦး ၁၁း၂၀-၂၄)
        ဂျူးဘာသာရေးခေါင်းဆောင်တို့၏ ဥပုသ်နေ့ကိုစောင့်ဆည်းရာတွင် လူ့အသက်ထက် ဥပုသ်နေ့ကိုဦးစားပေး သောအလွှဲကိုလည်းယေဇူးသခင်သည် မကြောက်မရွံ့ဘဲ ဆုံးမခဲ့သည်။ (သံမာတေဦး ၁၂း၁-၈)
      ယေဇူးသခင်သည် မည်သည့်ပြစ်မှုမျှမရှိဘဲ မင်းဟေရုဒ်သည် သူ့အားသတ်ရန်ကြံစည်နေသောကြောင့် ဂျူးဘာ သာရေးခေါင်းဆောင်တို့က အခွင့်ကောင်းယူ၍ခြိမ်းခြောက်လာသည်ကို ယေဇူးသခင်က မင်းဟေရုဒ်အား ‘မြေ ခွေး’ ဟုပင်သုံးနှုန်း၍ သူ၏ကောက်ကျစ်မှုကိုပေါ်ပေါ်တင်တင်ထုတ်မိန့်ကြားခဲ့သည်။ (သံလုကာ ၁၃း၃၁-၃၃)    
-     ယေဇူးသခင်သည် သူ၏လောကအသက်တာကုန်ဆုံးရန် (သို့) လူသား၏ဘုန်းတော်ထင်ရှားမည့်အချိန်သည် တစ်စတစ်စနီးကပ်လာသောအခါ ဂျူးဘာသာရေးခေါင်း‌ဆောင်ကြီးများအားလည် ကှေ့ဝိုကျ၍မဟုတ်။ ‘သူ တော်ကောင်းယောင်ဆောင်သူတို့’ ဟုပွင့်လင်းစွာထုတ်ဖော်၍ ပြုပြင်နိုင်ရန်သတိပေးခဲ့သည်။ (သံမာတေဦး ၂၃)
ဤသည်ကားယေဇူးသခင်၏ ကျွန်ုပ်တို့အားချစ်သောချစ်နည်းဖြစ်သည်။ ယေဇူးသခင် ကျွန်ုပ်တို့ကိုချစ်သော နည်းကိုကျွန်ုပ်တို့သိခဲ့ကြပြီဖြစ်သည်။ ယေဇူးသခင် ကျွန်ုပ်တို့ကိုအမှန်တကယ်ချစ်သည်။ သို့သော်အလိုမလိုက်။ နစ်အောင်မချစ်။ နည်းလမ်းမှန်ကန်စွာချစ်သည်။ ကျွန်ုပ်တို့လည်း သူ၏စံတရားအတိုင်းချစ်နိုင်ရမည်။ ချစ်တတ်ရ မည်။ အပြစ်ပြုသော ကျွန်ုပ်တို့၏ညီအစ်ကိုကို အမှန်တကယ်ယေဇူးသခင်ချစ်သကဲ့သို့ချစ်လျှင် ၄င်းတို့၏အလွှဲအ မှားများကို မုန်းမည်စိုး၍မထောက်ပြ။ မပြုပြင်၊ မပြောမဆိုဘဲနေ၍မရပေ။ လူအမုန်းခံရသည်ဖြစ်စေ၊ အချစ်ခံရ သည်ဖြစ်စေ၊ အရေးမကြီး။ ယေဇူးသခင်ကျွန်ုပ်တို့အားချစ်သည့် စံတရာတော်ကိုမျက်မှောက်ပြု၍ မိမိ၏နှင့်နီး စပ်သူကိုချစ်ရမည်။ မိမိနှင့်နီးစပ်သောသူကားအဘယ်သူဖြစ်သည်ကို ယေဇူးသခင်ကိုမေးမြန်းသူအား ‌’ကောင်း သောဆမာရိယ’ ဥပမာဖြင့်ရှင်းပြခဲ့သည်။ (သံလုကာ ၁၀း၂၅-၃၇)
*အိုသခင်၊ တပည့်တော်တို့သည် ကိုယ်တော့်ကိုအောက်မေ့သတိရစေရန်သနားတော်မှုပါ။ 
 
 

           
Daily Reflection