ပါးစကာကာလ၊ ပဉ္စမပတ်၊ စနေနေ့၏ထောက်ရှုချက်
ရှင်ယောဟန် ၁၅း၁၈-၂၁၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe(I.S.R.)
ယေဇူးက ‘ဤလောကသည်သင်တို့ကိုမုန်းတီးလျှင်၊သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းတီးခဲ့ကြောင်းသိမှတ်ကြလော’ဟုမိန့်တော်မူ၏။အမုန်းပွားခြင်းသည်အလွန်လွယ်ကူပါသည်။အဘယ်ကြောင့်ဆိုသော်ကောင်းမူလုပ်သည်ကိုပင်လူအချို့သည်၊ ကြံဖန်၍မျက်မုန်း ကျိုးနေတတ်ကြပါသည်။မိမိနှင့်အမြင်မတူရန်သူဟုသတ်မှတ်တတ်သည်။ထို့ကြောင့်မည်မျှကောင်းသောလုပ်ရပ်ပင်ဖြစ်စေကာမူအကော င်းမမြင်တော့။ယေဇူးသခင်၏သုံးနှစ်တာအနားမနေဒေသဆာရီကြွချီ၍၊ဟောခဲ့၊ပြောခဲ့သောတရား၊ကုသခဲ့၊ပြုခဲ့သောတန်ခိုးအံ့ဖွယ်ရာများ၊တွေခဲ့၊ပွေ့ခဲ့ခြင်းများသည်စိတ်ကောင်းရှိသူများအတွက်မနှစ်မြှို့စရာအကြော င်းလုံး၀မရှိ။ မဖြစ်လည်းမဖြစ်သင့်။ အဘယ်ကြောင့်ဆိုသော်မကောင်းမူ ကိုပြုခြင်းလည်းမဟုတ်။ ကောင်းကျိုးကိုသာလုပ်ဆောင်ခြင်းဖြစ်သည်။သို့သော်မုန်းလိုသူများသည်အကြောင်းရှာ၍ယေဇူးသခင်ကိုမုန်းမာန် ပွားနေကြပါသည်။ဆရာဖြစ်သောယေဇူးသခင်အားပင်လျင်ထိုသို့မုန်းတီး၍၊အပြတ်ရှင်းရန်ကြိုးစားပါလျှင်၊သူ၏တပည့်များကိုထိုထက်မကပြုလုပ်မည်မှာသေချာပါသည်။ သို့သော်ယေဇူးသခင်သည် ဆရာသမားကောင်းပီသစွာဖြင့်၊ကြုံလာနိုင်သည့်အန္တာရာယ်ကို၊ထိန်လန့်မသွားစေရန်ကြိုတင်၍အသိပေးထားပါသည်။လူတို့ဖန်သောဘေးအန္တာရာယ်သည်၊မည်မျှပင်ကြီးမားဆိုးလှသည်ဆိုသော်လည်း၊၎င်းတို့သည်ဖန်ဆင်းခံများသာဖြစ်သည်။ယေဇူးသခင်သည်ဖန်ဆင်းရှင်ဖြစ်ပါသည်။တပည့်တော်ကြီးများသည်လည်းဖန်ဆင်းခံ၏ခေါ်တော်မူခြင်းကိုခံထားရသည်မဟုတ်ဘဲ၊ဖန်ဆင်းရှင်မှ တိုက်ရိုက်ခေါ်ဆောင်ထားခြင်းဖြစ်ရာကြုံလာမည့်ဘေးသည်၊ဖန်ဆင်း ရှင်အနေဖြင့်မူစရာမလိုပေ။လူတို့၏အဖျက်အမှောက်သည်ကိုယ်ခနွာကိုသတ်၍၊ဝိညာဉ်ကိုမသတ်နိုင်သောသူတို့အားကြောက်ရန်မလို။ ဝိညာဉ်နှင့်ကိုယ်ခနွာကိုပါခရဲ ၌ဖျက်ဆီးနိုင်သောသူကိုသာကြောက်ရန် သာလိုပါသည်။ (ရှင်မာတေဦး ၁၀း၂၈)ယေဇူးသခင်သည်တပည့်များအားတာဝန်မဲ့စွန့်မထားခဲ့ဘဲ၊ပေးသင့်သောလမ်းညွှန်မူ၊စိတ်ဓာတ်ရေးရာအားပေးမူများကိုပြုလုပ်ခဲ့ပါသည်။သင်နှင့်ကျွန်ုပ်သည်အမုန်းမခံနိုင်ကြ။အချစ်ခံရရန်တစ်ခါတစ်ရံမရိုးမသားပင်ပြုမူတတ်သည်။သို့သော်အစဉ်အချစ်ခံရရန်မဖြစ်နိုင်။အချစ်ခံရသည်ဖြစ်စေ၊အမုန်းခံရသည် ဖြစ်စေအမှန်တရား၊ကောင်းကိုသာပြုရန်လိုအပ်ပါသည်။