Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-21 09:07:20
မေလ ၂၂ ရက်နေ့၊ ၂၀၂၂၊ တနင်္ဂနွေနေ့၊ ၆ ပတ်မြောက် ပါစကားပွဲကာလ
တမန် 15: 1-2, 22-29
ယောဟန် 14:23-29
Rev.Fr. Bosco Saw Lar Htoo
Posted by Sr. B. Myat Hnin Nwe(I.S.R)

“1. ထိုစဉ် ဂျူဒေးယပြည်မှ အန္တီယော့မြို့သို့ဆင်းလာသော သူအချို့တို့က ညီအစ်ကိုတို့အား သင်တို့သည် မိုးဇက်၏ ပညတ်တရားနှင့်အညီ အရေဖျားလှီးခြင်းကို မခံကြလျှင် ကယ်တင်ခြင်းမရနိုင်ဟု သွန်သင်ကြလေ၏။ထိုအခါ ပေါလုနှင့် ဘာနဘတို့သည် ထိုသူတို့နှင့် ကြီးစွာစိတ်သဘောကွဲလွဲ၍ အငြင်းပွားကြသဖြင့် ဤ အကြောင်းအရာနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရန် ပေါလု၊ ဘာနဘနှင့် အခြားသောတပည့်တော်အချို့ကို ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့် သက်ကြီးဝါကြီးတို့ထံ သို့သွားကြရန် တာဝန်ပေးအပ်ကြ၏။“22.ထို့နောက် တမန်တော်များ၊ သက်ကြီးဝါကြီးများနှင့် အသင်းတော်တစ်ခုလုံးသည် မိမိတို့အထဲမှလူများကို ရွေးချယ်၍ ၎င်းတို့ကို ပေါလု၊ ဘာနဘတို့နှင့်အတူ အန္တီယော့မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြလေ၏။သူတို့သည် ညီအစ်ကိုတို့တွင် ထင်ရှားသောသူများဖြစ်ကြသည့် ဘာဆာဘဟုခေါ်သောဂျုဒနှင့် စီလပ်တို့ကို၊ဤစာနှင့် အတူ စေလွှတ်လိုက်ကြ၏။ စာတွင်ရေးထားသည်ကား တမန်တော်များနှင့် သက်ကြီးဝါကြီးများဖြစ်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အန္တီယော့မြို့၊ ဆီးရိယနှင့် စီလိစိယပြည်တို့တွင် နေထိုင်ကြသော လူမျိုးခြားညီအစ်ကိုတို့ကို နှုတ်ဆက်လိုက်ပါ၏။- 24. ငါတို့ထံမှ လူအချို့သည် ငါတို့၏ခွင့်ပြုချက် မရှိဘဲ ထွက်သွား၍ သူတို့၏စကားများဖြင့် သင်တို့ကို အခက်တွေ့စေ၍ သင်တို့၏စိတ်နှလုံးများကို အနှောင့် အယှက်ဖြစ်စေကြသည်ဟု ငါတို့ကြားသိကြရ၏။ထို့ကြောင့် ငါတို့သည် လူများကိုရွေးချယ်၍ သူတို့ကို ငါတို့ချစ်ခင်သော ဘာနဘနှင့် ပေါလုတို့နှင့်အတူ သင်တို့ထံသို့ စေလွှတ်ရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြ၏။- 26. ပေါလုနှင့် ဘာနဘတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်အတွက် အသက်အန္တရာယ်များကြားမှ စွန့်စားခဲ့သူ များဖြစ်ကြ၏။ထို့ကြောင့် ငါတို့သည် ဂျုဒနှင့်စီလပ်တို့ကို သင်တို့ထံသို့ စေလွှတ်ခြင်းဖြစ်၏။ သူတို့သည် စာတွင်ရေးထားသော အကြောင်းအရာတို့ကို နှုတ်အားဖြင့်လည်း ကိုယ်တိုင်ပြောပြကြပါလိမ့်မည်။ အောက်တွင် ပါရှိသော ကျင့်ဆောင်ရမည့်အချက်များထက် ပို၍လေးလံသောဝန်ကို သင်တို့အပေါ်သို့ မတင်ကြရန် ဝိညာဉ် တော်မြတ်နှင့် ငါတို့ဆုံးဖြတ်ခဲ့ကြ၏။ သင်တို့ကျင့်ကြံရမည့် အချက်များသည်ကား ရုပ်တုရှေ့တွင် ပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ပင်းညှစ်၍သတ်ထားသောတိရစ္ဆာန်တို့ကိုလည်း ကောင်း၊ ကာမဂုဏ်လိုက်စားခြင်းမှလည်းကောင်း ရှောင် ကြဉ်ကြရန်တို့ဖြစ်ကြ၏။ သင်တို့သည် ဤအရာများကို ရှောင်ကြဉ်ကြပါက မှန်သောအရာကို ကျင့်ကြံကြလေပြီ။ ကျန်းမာရွှင်လန်းကြပါစေဟူ၍ ရေးထားလေ၏။”

 

ဗျာဒိတ် 21:10-14, 22-23, 

 

“ထို့နောက် သူသည် ငါ့ကိုကြီးမား၍ မြင့်သောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွား၍ ဘုရားသခင် စံမြန်းရာ ကောင်းကင်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့တော်သစ်ကို ငါ့အားပြလေ၏။ထိုမြို့တော်ကြီးသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့်ပြည့်လျက်ရှိရာ ရှားပါးသော နဂါးသွဲ့ကျောက်ကဲ့သို့ တောက်ပ၍ သလင်းကျောက်ကဲ့သို့ ကြည်လင်၏။ထိုမြို့တော်ကြီး၏မြို့ရိုးသည် မြင့်၍ကြီးမားပြီး ၎င်း၌ တံခါးပေါက် တစ်ဆယ့်နှစ်ပေါက်ရှိ၏။ထိုတံခါးပေါက်တစ်ခုစီတွင် ကောင်းကင်တမန်တော်တစ်ပါးစီရှိ၍ တံခါးပေါက်များပေါ်၌ အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုး၏ အမည်နာမများကို ရေးထိုး ထားလျက်ရှိ၏။အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ တံခါးသုံးပေါက်၊ တောင်ဘက်၌ တံခါးသုံးပေါက်၊ အနောက်ဘက်၌ တံခါးသုံးပေါက်ရှိ၏။မြို့တော်၏မြို့ရိုးတွင် အုတ်မြစ် တစ်ဆယ့်နှစ်ခုရှိပြီး ယင်းတို့အပေါ်တွင် သိုးငယ်တော်၏ တမန်တော်ကြီး တစ်ဆယ့်နှစ်ပါးတို့၏ အမည်များကို ရေးထိုးထားလျက်ရှိ၏။”“ထိုမြို့တော်ကြီးထဲတွင် ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်နှင့် သိုးငယ်တော်သည် မြို့တော်၏ဗိမာန်တော်ပင်ဖြစ်သောကြောင့်တည်း။ဘုရားသခင်၏ ဘုန်းဂုဏ်တော်သည် မြို့တော်၏အလင်းဖြစ်၍ သိုးငယ်တော်သည် မြို့တော်၏ ဆီမီးဖြစ်သောကြောင့် မြို့တော်ကြီးကို အလင်းပေးရန် နေနှင့်လတို့ကို မလိုအပ်ချေ။-”

 

ယောဟန် 14:23-29,

 

“ယေဇူးက အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏စကားကိုလိုက်နာ စောင့်ထိန်းမည်။ ငါ၏ခမည်းတော်သည်လည်း သူ့ကိုချစ် တော်မူလိမ့်မည်။ ထိုအခါ ငါတို့သည် သူ့ထံသို့လာကြ၍ သူနှင့်အတူကိန်းဝပ်တော်မူမည်။“ငါ့ကို မချစ်သောသူသည် ငါ၏စကားများကို လိုက်နာစောင့်ထိန်းခြင်းမပြုပေ။ သင်တို့ ကြားနာရသော စကားသည်လည်း ငါ၏စကား မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားဖြစ်၏။ငါသည် သင်တို့နှင့်အတူရှိနေခိုက် ဤအကြောင်းအရာများကို သင်တို့အား ငါမှာကြားထားလေပြီ။သို့သော် ငါ၏နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီစောင်မသူ ဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သင်တို့အား သွန်သင်မည်ဖြစ်၍ သင်တို့အား ငါမိန့်မှာထားသမျှကို တစ်ဖန်သတိရစေတော်မူလိမ့်မည်။27.ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏။ ဤလောကက ပေးသကဲ့သို့ သင်တို့အား ငါပေးသည် မဟုတ်။ သင်တို့၏စိတ်နှလုံး၌ ပူပန်ခြင်းမရှိစေကြနှင့်။ ကြောက်ရွံ့ ခြင်းလည်းမရှိကြနှင့်။ငါသည် သွား၍ သင်တို့ထံသို့ တစ်ဖန်ပြန်လာမည်ဟု ငါဆိုသည်ကို သင်တို့ ကြားခဲ့ကြ၏။ သင်တို့သည် ငါ့ကိုချစ်လျှင် ဝမ်းမြောက်ကြ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော် ထံသို့သွားခြင်းဖြစ်၏။ အကြောင်းမူကား ခမည်းတော် သည် ငါ့ထက် ကြီးမြတ်တော်မူ၏။ဤအမှုအရာဖြစ် ပျက်သောအခါ၌ သင်တို့ယုံကြည်နိုင်ကြစေရန် မဖြစ်ပျက်မီက ကြိုတင်၍ သင်တို့အား ယခု ငါပြောထား လေပြီ။-”

 

ထောက်ရှုချက်

 

Daily Reflection