Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-26 05:14:16
#27 December 2020 Daily Reflection
#သန့်ရှင်းသောအိမ်ထောင်စုပွဲ
#ဧဝံဂေလိကျမ်း / သံလုကား ၂း ၂၂-၄၀
#စစ္စတာရ် မေရီ ဒိုရင်း (SFX)
Posted by M.Sulatthtwe

ဒီနေ့ကတော့ ယေဇူး၊မာရီယား၊ဇူဇယ်တို့ရဲ့  သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့ ဖြစ်ပါတယ်။ သံဇူဇယ်ကတော့ လက်သမားအလုပ်နဲ့ အသက်မွေးတယ်။ ကညာမာရီးယားအတွက် သီလသမာဓိရှိတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါတယ်။ သခင်ယေဇူးအတွက်တော့ ဝတ္တရားကျေပြွန်တဲ့ ဖခင်ကောင်းတစ်ဦး ဖြစ်တယ်။ ကညာမာရီးယားကတော့ သခင်ယေဇူးရဲ့  ချစ်စရာကောင်းပြီး နှုးညံ့သိမ်မွေ့တဲ့ မိခင်ကောင်းတစ်ဦး ဖြစ်တယ်။ မိသားစုအတွင်း လိုအပ်တဲ့ကိစ္စအဝဝကို ဖြည့်ဆည်းဆောင်ရွက်ရင်း သံဇူဇယ်ရဲ့  အုပ်စိုခြင်းကိုလည်း နာခံခဲ့သူ ဖြစ်ပါတယ်။ (သံလုကား  ၂း ၅၁-၅၂) မှာ ဖော်ပြထားတဲ့အတိုင်း ယေဇူးသခင်ကတော့ မိဘစကားကို နားထောင်လျက် ကြီးပြင်းလာပြီး ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နှာရတော်မူ၏။ စံပြခရစ်ယာန် အိမ်ထောင်စုဆိုတာ ဘယ်လိုမျိုးလဲလို့  စဉ်းစားလိုက်တဲ့အခါ သံဇူဇယ်လိုဖခင်မျိုး၊ ကညာမာရီးယားလို မိခင်မျိုး၊ ယေဇူးသခင်လို သားမျိုးရှိတဲ့ အိမ်ထောင်စုကိုခေါ်တာလား။ ဒါပေမယ့် ယေဇူး၊ မာရီးယား၊ ဇူဇယ်မိသားစုဟာလည်း  အမြဲငြိမ်းချမ်းတာတော့ မဟုတ်ပါဘူး။ မွေးဖွားခါစ သူငယ်တော်ယေဇူးလေးကို ဟေရုဒ်မင်းကြီးရဲ့  သတ်ခြင်းမခံရဖို့  အီဂျစ်ပြည်ကို ခက်ခက်ခဲခဲ ထွက်ပြေးခဲ့ရတယ်လို့ (မာတေဦး ၂း၁၃) မှာ တွေ့ ရတယ်။ အိမ်ထောင်စုတိုင်းမှာလည်း  အခက်အခဲ ပြသာနာတွေတော့ ရှိနေမှာပါဘဲ။ ဒါပေမယ့်လည်း ဖခင်တာဝန်၊ မိခင်ကမိခင်ဝတ္တရား၊ သားသမီးတွေကလည်း သားသမီးကျင့်ဝတ်တွေနဲ့ ဘုရားသခင်ရဲ့ ပညတ်ချက်များအတိုင်း ကျေးဇူးတော်အကူအညီနဲ့ ယုံယုံကြည်ကြည် လျှောက်လှမ်းကြမယ် ဆိုရင်တော့ စံပြခရစ်ယာန် အိမ်ထောင်စုတွေ များစွာရှိနေမှာပါဘဲ။ သံလုကား ၂း ၂၂ မှာ ဖော်ပြထားတဲ့အတိုင်း  ဇူဇယ်နဲ့မာရီးယားတို့ဟာ မိုးဇယ်၏ပညတ်ချက် ဥပဒေနှင့်အညီ သန့်ရှင်းစင်ကြယ်ခြင်း၀ိနည်းကို ပြုအပ်သောနေ့ရက် ရောက်လာသောအခါ သူတို့သည် သူငယ်တော်ကို ထာဝရဘုရားသခင်အား  ဆက်ကပ်ပူဇော်ရန် ဂျေရုဆလင်မြို့သို့  ခေါ်ဆောင်ခဲ့ကြ၏။ မိဘတိုင်းလည်း မိမိတို့ သားသမီးများ စုံစုံညီညီနဲ့  တနင်္ဂနွေဘုရားကျောင်းကို အတူတူ ခေါ်ဆောင်ကြမယ်။ တရားနာကြမယ်။ အိမ်ထောင်စုမှာလည်း  အခက်အခဲကြုံလာရင် ၀ိညာဉ်တော်အလင်းကို တောင်းခံပြီး ဖခင်ရဲ့ ဦးဆောင်မှု အောက်မှာ နာခံဆောင်ရွက်ကြမယ်။ ဒီလိုနဲ့ သန့်ရှင်းသောအိမ်ထောင်စုကို အတုယူခါ ပညာတိုးပွားပြီး ဘုရားရှေ့ လူရှေ့ မျက်နှာရတဲ့ သားသမီးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ။

#စစ္စတာရ် မေရီ ဒိုရင်း (SFX)

Daily Reflection