မေလ(၂၇)ရက်(သောကြာနေ့)
ရှင်ယောဟန်(၁၆:၂၀-၂၃)
ယနေ့ကျွန်ုပ်တို့အများစုသည်တစ်ဘက်သတ်ဆန်သောအမုန်းမီးများအောက်၌လက်ခံနိုင်စွမ်းပင်မဲ့ခဲ့ရသောလူသားမဆန်မှုများ၏မြေစာပင်များပမာဖြစ်ခဲ့ကြရလေသည်။ခါးသီးနာကျည်းဖွယ်ကောင်းလှသော အဖြစ်အပျက်များတွင်ဆုံးရှုံးမှုများနှင့်အဖော်ပြုကာ ဝမ်းနည်းငိုကြွေးပူဆွေးနေရလေသည်။အပြစ်ကြွေးကြောင့်လော၊ဝဋ်ကြွေးကြောင့်လော၊အသစ်သောကမ္ဘာကိုလျှောက်လှမ်းနေခြင်းကြောင့်လောစသောသို့လောသို့လောအတွေးများနှင့်လူဖြစ်ရခြင်းကိုစိတ်ကုန်ကာသေလွန်သွားသောအခါမေးခွန်းပေါင်းမြောက်များစွာနှင့်ဘုရားရှင်ကိုမေးမည်ဟူ၍တွေးမိပြောမိခဲ့ဖူးပါ သည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ကျွန်ုပ်တို့သည်ယနေ့ဝမ်းနည်းလျက်ရှိမည်ဖြစ်သော်လည်းကိုယ်တော်သည်ကျွန်ုပ်တို့နှင့်တစ်ဖန်ပြန်တွေ့သောကြောင့်ဝမ်းမြောက်ကြရမည့်အကြောင်းနှင့်ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းကိုမည်သူမျှယူသွားနိုင်မည်မဟုတ်ကြောင်းနှုတ်မြွက်ထားပါသည်။အရာရာပျက်စီးဆုံးရှုံးခြင်းတို့၌ကျွန်ုပ်တို့၏ ဝမ်းနည်းကြေကွဲခြင်း၊ငိုကြွေးမြည်တမ်းခြင်း၊ပူဆွေးနာကျင်ခြင်းများကိုကိုယ်တော်ရှင်သိမြင်ခံစားတော်မူပါသည်။သို့ဖြစ်၍ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးမင်း၏မင်းစက်အာဏာအောက်၌အသေခံတော်မူကာ ၎င်း၏လက်နက်ဖြစ်သောသေမင်းကိုအောင်နိုင်တော်မူသောကိုယ်တော်ရှင်၏တွေ့ဆုံခြင်းကိုကျွန်ုပ်တို့ရရှိကြမည်ဖြစ်သည်။ကျွန်ုပ်တို့အရာရာဆုံးရှုံးသွားသည်ဟုထင်ရသော်လည်းကိုယ်တော်ရှင်ကိုပိုင်ဆိုင်ခွင့်ရရှိခြင်းကြောင့်အရာခပ်သိမ်းကိုကျွန်ုပ်တို့ရရှိမည်ဖြစ် သည်။-အိုအဘခမည်းတော်ဘုရားဤခက်ခဲလှသည့်ကာလမှသားသမီးများကိုအမြန်ဆုံးကယ်တော်မူပါ။ သားတော်၏မြတ်သောနာမ၌တောင်းလျှောက်ပါသည်ဘုရား။