ပါစကားကာလ ဆဌမပတ်သောကြာနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၆း၂၀-၂၃၊
ဖာသာရ်ကလေးမင်းအာတယ်
Posted by Sr.B.Myat Hnin New (I.S.R)
ယခုရက်ပိုင်းဖတ်ကြားထောက်ရူသော ဧ၀ဂေလိကျမ်းလာအကြောင်းအရာများသည် ယေဇူးသခင်လောက၌ သက်ရှိထင်ရှားရှိသောနောက်ဆုံးအပိုင်း၌ သင်ကြားသောအကြောင်းအရာများဖြစ်သည်။ဤအကြောင်းအရာများကို လူသားတစ်ဦးကဲ့သို့ ခံစားသောတပည့်တော်ကြီးတို့အဖို့ ၀မ်းသာစရာ၊ ၀မ်းနည်းစရာရောနှောပါနေသည်။အဘယ် ကြောင့်ဆိုသော်ယေဇူးသခင်နှင့်သုံးနှစ်တာအနီးကပ်နေထိုင်ခဲ့ရသည်။ သို့သော် ယေဇူးသခင်လောကအသက်တာကုန်ဆုံးသွားသော (၃) ရက်တာသည် တပည့်တော်ကြီးတို့အဖို့ ကမ္ဘာကြီးပျက်သကဲ့သို့ခံစားကျော်ဖြတ်ခဲ့ရသည်။ယေဇူးသခင် (၃)ရက်တာလောကအသက်တာမဲ့နေချိန်ကိုမဆိုထားနှင့်။ယေဇူးသခင်သက်ရှိထင်ရှားရှိနေပါ လျှက် ခေတ္တကျိန်းစက်သောအခိုက်အတန့်၌ ကြုံလာသောလေမုန်တိုင်းတိုက်ခတ်မှုကြီးပင်လျှင် ၄င်းတို့အတွက် ခြေမ ကိုင်မိလက်မကိုင်မိဖြစ်နေခဲ့သည်။ (သံမာတေဦး ၈း၂၃-၂၇) ဤအဖြစ်သည်ယေဇူးသခင်သည်တပည့်တော်ကြီးများ သည် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် မိမိတို့စုဝေးကြသောနေရာတွင် တံခါးများကိုပိတထားလျက်နေကြ၏။ အမှန်မှာ ယေဇူးသခင်သည် ရုပ်နာမှဖြင့်၎င်းတို့နှင့်အတူမရှိသော်လည်း ယေဇူးသခင်သည် ‘ဧမာနူအဲလ်’ ဖြစ်၍၄င်းတို့နှင့် အတူရှိနေသည်ကိုသတိမရနိုင်ကြ။ (သံမာတေဦး ၁း၂၃) ထို့အတူပင် ယေဇူးသခင် ဆုတောင်းရန်အတွက် ၄င်းတို့နှင့်တစ်ပါတည်းလှေပေါ်တက်၍တစ်ဖက်ကမ်းသို့မ လိုက်သွားခဲ့ပေ။ ထိုအခိုက်အတန့်အတွင်း လေဆန်ကျသောကြောင့် လိုရာခရီးသို့ချက်ချင်းမရောက်နိုင်ဘဲလှိုင်းများ ကြားလွန့်လူးနေကြရှာသည်။ ထိုအချိန်၌ ၄င်းတို့၏စိတ်သည်အဘယ်မျှခြောက်ခြားနေသနည်းဟုမူ မိမိတို့နှင့်ထိုမျှအနေ နီးခဲ့သော ဆရာသမားရေပေါ်၌ စက်တော်ဖြန့်၍လမ်းလျှောက်ကြွလာသည်ကို သူ၏လှုပ်ရှားမှု၊ ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်း၊ လမ်းလျှောက်သည့်ဟန်ပန်များကိုပင်မမှတ်မိနိုင်။ ပြန်လည်မတွေးမိနိုင်ရှာဘဲ မြင်မြင်သမျှ၊ တွေ့တွေ့ သမျှ ထိတ်လန့်စရာတစ္ဆေသူရဲ၊ ခြောက်ခြားစရာမြင်ကွင်းဟုသာထင်မှတ်နေခဲ့သည်။ ယေဇူးသခင်က မကြောက်ရန်၊ သူ ဖြစ်သည်ဟုမိန့်သည်ကိုပင်လျှင်မယုံရဲသေးဘဲ ကိုယ်တော်ဖြစ်သည်ကိုသေချာရန် ပေတရုကရေပေါ်လမ်းလျှောက်ခွင့်ကို ပင်တောင်းကာ သက်သေထူရန်ကြိုးစားခဲ့သည်။ (သံ မာတေဦး ၁၄း၂၂-၃၃) ထိုအတူပင် တပည့်တော်ကြီး (၁၂) ပါးအ နက် တစ်ပါးဖြစ်သည့်သောမတ်စ်အားတပည့်တော်တို့က ငါတို့သည် သခင်ဘုရားကိုဖူးမြင်ကြရပြီဟုသူ့အားဆိုသော် လည်း သူက ကိုယ်တော်၏လက်တော်၌ သံရိုက်ရာကို ငါမမြင်ရလျင်၊ သံရိုက်ရာထဲသို့ ငါ၏လက်ညှိုးကိုမသွင်းရလျင်၊ ကိုယ်တော်၏နံဘေးတောကို ငါ၏လက်ဖြင့မစမ်းသပ်ရလျင် ငါယုံကည်လိမ့်မည်မဟုတ်ဟု သူတို့အားဆိုသကဲ့သို့ပင်ဖြစ် သည်။ (သံယောဟန် ၂၀း၂၄-၂၉)တပည့်တော်ကြီးများအဖို့ယေဇူးသခင်နှင့်ဝေသွားရခြင်းသည်၀မ်းနည်းစရာကောင်းပေမည်ဖြစ်သော်လည်းယေဇူးသခင်အဖို့မူ၎င်းတို့နှင့် ဝေးသွားသည်ဟုမခံစားရ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့်အစဉ်နီးကပ်လျှက်ရှိနေ သည်။ ထို့ကြောင့် ယေဇူးသခင်သည် သနျ့ရှငျးသောဝိညာဉျတောျဘုရားကိုစလှှေတျမညျ့အကွောငျး၊ ထိုအရှငျကို ‘သမ်မာတရား၏ဝိညာဉျ၊ ကူညီစောငျမသူဝိညာဉျတောျမွတျ’ ဟု ယဇေူးသခငျသုံးနှုနျးမိနျ့ကွားခဲ့သညျ။ အဘယျ ကွောငျ့ဆိုသောျ သနျ့ရှငျးသောဝိညာဉျတောျဘုရားကွောင့် တပည့်တော်ကြီးတို့သည် နှစ်သိမ့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်း မြောက်ခြင်းရှိကြလိမ့်မည်ဖြစ်သည်။
အိုသခင်၊ ကိုယ်တော်သည် ‘ဧမာနူအဲလ်’ ဖြစ်သည်ကိုတပည့်တော်တို့အား အစဉ်စွဲမြဲစွာယုံကြည်စေပါဘုရား။