မေလ(၂၈)ရက်(စနေနေ့)
ရှင်ယောဟန် (၁၆:၂၃-၂၈)
စစ္စတာထရီဇာ(ISR)
ဘုရားရှင်၏ချစ်ခြင်းကမ္ဘာတွင်စီးမျောနေသောကျွန်ုပ်တို့သည်ချစ်ခြင်းသခင်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ပါမှလူဖြစ်ရခြင်းကိုကျေနပ်နိုင်မည်ဖြစ်သည်။မိမိမှန် သည်ဟုသာလက်စွဲကိုင်ကြလျက်ကိုယ်ကိုသာမကသူ တစ်ပါးကိုပါလက်မခံနိုင်ခြင်းတို့ကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာသည်ညစ်စွန်းပေနေရလေသည်။စိန်ခေါ်မှုများနှင့်ခက်ခဲလှသည့်ယနေ့အချိန်အခါများတွင် အချင်းချင်းသည်သာအားကိုးရာဖြစ်ကြရာမှအမုန်းရန်စွယ်သည်ပို၍ကြီးထွားလာကာနတ်မိစ္ဆာကမ္ဘာသည် ကျယ်ပြန့်လာနေသည်ကိုသတိမူသင့်ပေသည်။နာကျင်မှုဒဏ်ရာများနှင့်ရုန်းကန်နေကြရသောကျွန်ုပ်တို့အတွက်ကုသပေးနိုင်စွမ်းကာကယ်နှုတ်ပေးနိုင်သော သမားတော်သူရဲကောင်းသည်မည်သူဖြစ်နိုင်မည်နည်း။ယနေ့ကြား နာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ကျွန်ုပ်တို့သည်ခရစ်တော်သခင်ကိုချစ်၍သူသည်ခမည်းတော်ထံမှကြွလာသည်ကို ယုံကြည်ကြသဖြင့်ခမည်းတော်ကိုယ်တိုင်ကျွန်ုပ်တို့ကို ချစ်တော်မူသော ကြောင့်ကျွန်ုပ်တို့တောင်းလျှောက်သောအရာကိုပေးတော်မူမည့်အကြောင်းနှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့၏ချစ်ခြင်း၊ယုံကြည်ခြင်းတို့ဖြင့်လုံခြုံနွေးထွေးလှသည့်ဘုရားရှင်၏မေတ္တာတော်အရိပ်အောက်၌ခိုလှုံခွင့်ရမည်မှာအမှန်ပင်ဖြစ်သည်။ကျွန်ုပ်တို့တောင့်တလှသည့်စစ်မှန်သောငြိမ်းချမ်းခြင်းတရားစိုးမိုးရန်မှာလည်းမနှေးအမြန်ဖြစ်မည်သာဖြစ်သည်။-သမားတော်ရှင်ဘုရားသခင်ကိုယ်တော်ကိုချစ်အားကိုး၍ယုံကြည်ပါ၏။-