Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-28 21:51:03
      ယေဇူးသခင်ကောင်းကင်ဘုံတက်ကြွသောပွဲနေ့တနင်္ဂနွေ၏ကျမ်းစာထောက်ရှုချက်
သံလုကာ ၂၄း၄၆-၅၃၊  
Rev. Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe(ISR)

           ဒီနေ့ပွဲတော်ကိုကျင်းပခြင်းအားဖြင့် ပါစကားကာလကို အဆုံးသတ်မှာဖြစ်ပါတယ်။ဒီလိုဘဲခရစ္စတူးသခင်ရဲ့လောကအသက်တာအဆုံးသတ်တဲ့နေ့လည်းဖြစ်ပါတယ်။ယေဇူးသခင် ကားတိုင်ပေါ်မှာတွဲလွဲနေနေတုန်းကအမှုပြီးပြီလို့မိန့်ခဲ့တယ်။အဲ့လိုမိန့် ခဲ့တာဟာခမည်းတော်ဘုရားသူ့ကိုပေးအပ်လာတဲအမှုကိုဆိုလိုတာ။ပညတ်တရားကျမ်းနဲ့ပရောဖက်ကျမ်းတွေမှာယေဇူးသခင်အ ကြောင်းနဲ့ပတ်သက်လို့ရေးသားချက်တွေဟာ ကောင်းကင်နဲမြေကြီးပျောက်ကွယ်သွားရင်တောင် အရာအားလုံးပြီးပြည့်စုံခြင်းမရောက်ဘဲ အငယ်ဆုံးအသတ်အလတ်တစ်တောင်မှမကွယ်မပျောက်ရဘူးလို့ဆိုယေဇူးသခင်ဟာအမှုအားလုံးပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်ခဲ့တယ်။ကယ်တင်ခြင်းလုပ်ငန်းစဉ်တွေကို ဆက်လက်ဦးဆောင်လုပ်သွားဖို့တပည့်တော်တွေကိုမိန့်မှာထားခဲ့တဲ့နေ့လည်းဖြစ်ပါတယ်(သံမာ တေဦး ၂၈း၁၉-၂၀၊ သံမာကု ၁၆း၁၅-၁၆)။ကိုယ်တော်ရှင်ရဲ့အမူတော်ဟာ၊ခက်ခဲတဲ့အပြင်၊စိန်ခေါ်မူ တွေလည်းပြည့်နက်နေပါတယ်။ဘာကြောင့်လဲဆိုတော့ စံပြအသက်တာဖြစ်အောင်ရှင်သန်ရတယ်၊ အများကိုအစေခံရတယ်၊ သွန် သင်ညွှန်ကြားပေးရတယ်၊ သာသနာတော်ကိုတည်ဆောက်ရတယ်။ ဒုက္ခခံထမ်းရတယ်၊ အသေခံရမယ်၊ ဒါပေမယ့်ရှင်ပြန်ရမယ် စတဲ့ အချက်တွေပါ၀င်နေတာကြောင့်ဖြစ်ပါတယ်။ကနေ့တရားတော်ရဲ့အနှစ်ချုပ်ကတော့ အမူပြီးစီးပြီ၊ဒါပေမယ့်၊သင်တို့နဲ့အတူငါအမြဲရှိနေမယ်ဖြစ်ပါတယ်။အမူပြီးစီးပြီလို့ဆိုတာဟာ၊လုပ်စရာမကျန်တော့ဘူးလို့ဆိုလို တာမဟုတ်ပါဘူး။ ပေးသင့်ပေးထိုက်၊ သင်ပေးရ မယ့်တရားအခြေခံတွေကတော့အားလုံးပြီးပြိ။ ဒါပေမယ့်ထပ်ပွားအောင်၊ လက်တွေ့အသက်ရှင် ဖို့ကလူသားတွေရဲ့အပိုင်းဖြစ်တယ်။ဒီလိုလက်တွေ့အသက်ရှင် တဲ့အချိန်မှာ၊ခက်ခဲတယ်၊ထိတ်လန့်စရာတွေ၊စိန်ခေါ်မူတွေ၊စိတ်ပျက်စရာ၊စိတ်ဓာတ်ကျစရာတွေ၊အမှားတွေပါလာတတ်တယ်။အဲဒီလို အခြေအနေ၊ အချိန်ခါမျာ၊သခင်ယေဖူးက၊မင်းတို့ဘဲမီးစင်ကြည့်ကပေတော့လို့၊တာ၀န်မဲ့ ပစ်မသွားခဲ့ပါဘူး။လူသား တွေကိုအားပေးလမ်းပြဖို့၊ဖေးမဖို့သင်တို့နဲ့အတူငါအမြဲရှိနေမယ်လို့မိန့်ကြားခဲ့ခြင်းဖြစ်ပါတယ်။ကမ္ဘာဦးကျမ်းစာထဲမှာလည်း၊ အခြေခံလိုအပ်ချက်တွေကို၊ဖန်ဆင်းပြီးတဲ့အခါ၊ဘုရားရှင်ကလူတွေကိုကောင်းကြီးပေးပြီး တိုးပွားများပြား၍၊ကမ္ဘာမြေပြင်အား၊ပြည့်စေကြပါလို့မိန့်ခဲ့ပါတယ်။(ကမ္ဘာဦးကျမ်း ၁း၂၈)ယနေ့ဖတ်ရူ့ရတဲ့၊ ဧဝဂေလိကျမ်းစားဟာလည်း၊ခရစ်တော်ရဲ့ ဧဝဂေလိကျမ်းစာတွေအနက်၊ပထမဦးဆုံးကျမ်းစာဖြစ်ပါတယ်။ဒါပေမယ့်၊ကျမ်းစာလာအကြောင်းအရာကတော့၊ သံမာတေဦးရဲ့နောက်ဆုံး အခန်းဖြစ်ပြီး၊ လောကအသက်တာမှာ၊ ခရစ်တော်သခင်၊ မိမိတပည့် တော်တွေကို၊ ပေးခဲ့တဲ့နောက်ဆုံးပညတ်တော်လည်းဖြစ်ပါတယ်။ အဲဒီ ပညတ်တော်ကတော့၊ တရားတော်ဟောကြားသွန်သင်ပါ၊သူ့တပည့် တော်များဖြစ်လာအောင်လုပ်ဆောင်ပါ။အဲ့ဒီနောက်ဆေးကြောခြင်းမင်္ဂလာမြတ်ကို၊ပေးကြဖို့ဖြစ်ပါတယ်။အဲဒီလိုမပြုလုပ်ခင် ၊ တပည့်တော်တွေဟာ၊ခရစ်တော်သခင်ရဲ့၊ဘုရားဖြစ်စဉ်ကို၊သဘောပေါက်ယုံကြည်ဖို့လိုအပ်ပါတယ်။ခရစ်တော်သခင်၊လုပ်ဆောင်ခဲ့တာတွေ၊အကြောင်းအရာတွေ၊ဟောပြောမိန့်ကြားခဲ့တဲ့တရားတွေကိုလည်း၊ကောင်းကောင်းမွန်မွန်နားလည်၊သဘောပေါက်ဖို့လိုအပ်သလို၊ဂဂဏဏသိဖို့လည်းလိုအပ်ပါတယ်။ရုပ်၀တ္ထုသဘောမှာ၊မိမိမှာမရှိတဲ့အရာ၊သူတစ်ပါးကိုမပေးနိုင်ဘူးတဲ့။ချေးငှားပေးနိုင်ပေမယ့်း၊ ကိုယ့်ပစ္စည်းတွေမဟုတ်ပါဘူး။ ကိုယ့် ပစ္စည်းအစစ်အမှန်မဟုတ်ပါဘူး။ ဒီလိုဘဲ၊ မိမိမယုံကြည်၊ မယုံကြည်နိုင် တဲ့အကြောင်းအရာတစ်ခု (သို့) ယုံကြည်ဖို့ခက်ခဲတဲ့အ ကြောင်းအရာတစ်ခု(သို့)အဲဒီအကြောင်းအရာကို၊ယုံကြည်ပြီး၊ခံစားရရှိတဲ့၊အကျိုးတန်ခိုး၊ရလာဒ်တွေကိုမသိဘဲ၊သူတစ်ပါးကို၊ဘယ်လိုရှင်းပြ၊သက်သေခံနိုင်မလဲ။ယုံကြည်ခြင်းနဲ့ဆိုင်တဲ့၊တရားတော်၊ အကြောင်းအရာတွေနဲ့ပတ်သက်လာရင်၊အငှားခနွာမြှောင်လို့မရဘူး။ကိုယ်တိုင်ကျင့်၊ကိုယ်တိုင်ခံစားပြီး၊ကိုယ်တိုင်သက်သေခံရမှာဖြစ်ပါတယ်။ဒါကြောင့်၊ခရစ်တော်သခင်ဟာ၊သူတပည့်တော် (၁၁) ပါးကို၊ ဂျေရူးစလင်မြို့မှာ၊ ဆက် လက်နေထိုင်ပြီး၊ ဖြစ်ကြောင်းကုန်စဉ်၊ ပြီးပြည့်စုံလာမှ၊ သူမိန့်ခဲ့သ လို၊ လုပ်ဆောင်ဖို့ရည်ရွယ်ပြီး၊ ဂါလီလေယာနယ်ဆီကို၊ ပြန်သွားဖို့ မိန့်ကြား ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဂါလီလေယာနယ်ဟာ၊သခင်ခရစ်တော်ကြီးပြင်းခဲ့တဲ့၊နေရပ်ဖြစ်ပါတယ်၊ဆင်တူဧဝဂေလိကျမ်းသုံးဆောင် ဖြစ်တဲ့၊သံမာတေဦး၊သံမားကိုနဲ့၊သံလုကာတို့ရဲ့ကျမ်းစာကို၊ အသေအချာလေ့လာကြည့်မယ်ဆိုရင်၊ယေဇူးသခင်ရဲ့တရားဒေသနာ တော်၊တန်ခိုးအာနုဘော်တွေ၊မှတ်တမ်းတင်ရမယ့်အဖြစ်အပျက်တွေ၊အတော်များများဟာ၊ဂါလီလေယာနယ်မှာသာဟောကြား ခဲ့တယ်ဆိုတာ၊ မြင်တွေ့ရမှာပါ။အဲဒီလိုဘဲ၊တပည့်တော်ကြီးတွေလည်း၊ယေဇူးသခင် ရဲ့အဖြစ်တော်ကို၊နားမလည်နိုင်ခဲ့တာတွေ၊မယုံ နိုင်ခဲ့တာတွေ၊သံသယ၀င်ခဲ့တာတွေအားလုံးဟာလည်း၊ဂါလီလေယာနယ်မှာဘဲ၊ဖြစ်ပျက်ခဲ့ကြ ပါတယ်။

Daily Reflection