ဇွန်လ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
ရှင်ယောဟန်ဧဝံဂေလိကျမ်း ၁၇း၁၁-၁၉
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
အကျွန်ုပ်၌ ရှိသမျှ အားလုံး ကို ကိုယ်တော်ပိုင်ပါ ၏။ ကိုယ်တော် ၌ ရှိသမျှ ကိုလည်း အကျွန်ုပ် ပိုင်ပါ ၏။ ထိုသူ များ အားဖြင့်အကျွန်ုပ် ၏ ဘုန်း ထင်ရှား ပါ၏။အကျွန်ုပ်သည်ကိုယ်တော့်ထံ သို့ လာမည်ဖြစ် ၍ ဤလောက တွင် ရှိတော့မည်မဟုတ် ပါ။ သို့ သော်သူတို့မူကား ဤလောက တွင် ရှိနေကြပါမည်။သန့်ရှင်း မွန်မြတ်တော်မူ သောအဖ၊အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားသော သူတို့သည်အကျွန်ုပ် တို့ကဲ့သို့ တစ်လုံးတစ်ဝ တည်းရှိကြစေရန် ကိုယ်တော်၏ နာမတော် ၌ စောင့်ရှောက်တော်မူပါ။အကျွန်ုပ်သည်အကျွန်ုပ် အားကိုယ်တော် အပ်နှံထား တော်မူ သောသူတို့ နှင့် အတူရှိစဉ် ကိုယ်တော်၏ နာမတော်၌ သူတို့ ကိုစောင့်ရှောက်ခဲ့ပါ ၏။ အကျွန်ုပ်သည် သူတို့ကို စောင့်ကြပ်ခဲ့ပါပြီ။ကျမ်းချက်ပြည့်စုံစေခြင်း ငှာပျက်စီးရ မည့်သူတစ်ဦး မှတစ်ပါးအခြားမည်သူမျှပျက်စီးခြင်းသို့ မရောက်ရှိပါ။ယခုမူကား အကျွန်ုပ်သည်ကိုယ်တော်ထံ သို့ လာမည်ဖြစ် ၍ အကျွန်ုပ်၏ ဝမ်းမြောက်ခြင်းသည်သူတို့ ၌ ပြီးပြည့်စုံစေရန် ဤလောကတွင်ရှိနေစဉ်အကျွန်ုပ်သည်ဤ အကြောင်း အရာများကို ပြောဆိုခဲ့ပါ၏။အကျွန်ုပ်သည်ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို သူတို့အားပေးခဲ့ပါပြီ။အကျွန်ုပ်သည်ဤလောကနှင့် မသက်ဆိုင်သကဲ့သို့သူတို့ သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြသောကြောင့်ဤလောကသည် သူတို့ကိုမုန်းတီးပါ ၏။ကိုယ်တော်သည်သူ တို့ကိုဤလောကအတွင်းမှ ထုတ်ဆောင်တော်မူရန် အကျွန်ုပ်မတောင်းလျှောက်ပါ။သို့ သော်သူတို့ကို နတ်ဆိုး၏လက်မှကင်းလွှတ်စေတော်မူ ပါမည့် အကြောင်းအကျွန်ုပ်တောင်းလျှောက် ပါ၏။အကျွန်ုပ်သည်ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့ သည်လည်းဤလောကနှင့် မသက်ဆိုင်ကြပါ။သူတို့ကိုသမ္မာတရားတော်၌သန့်ရှင်းမွန်မြတ်စေတော်မူပါ။ကိုယ်တော်၏နှုတ်တော်ထွက်တရားတော် သည် သမ္မာတရားဖြစ်တော်မူ၏။ကိုယ်တော်သည် အကျွန်ုပ်ကိုဤလောကထဲသို့စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကိုဤလောကထဲ သို့ စေလွှတ်ခဲ့ပါ၏။အကျွန်ုပ် သည်သူတို့အတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ပါ၏။သို့ မှသာသူတို့ သည်လည်းသမ္မာတရားတော် ၌ ဆက်ကပ်ပူဇော်ကြပါ လိမ့်မည်။
ဒီယနေ့ကျမ်းစာထဲမှာခရစ်တော်ဘုရားကသူ့ရဲ့တပည့်တော်တွေအတွက်ဆုတောင်းပေးတဲ့ အကြောင်းကိုတွေ့ရတယ်။ ဘုရားရဲ့သားတော် ဆိုပေမဲ့လည်း သားတပည့်တွေအတွက် အဖခမည်းတော်ဘုရားထံပူဇော်အပ်နှံပေးပါတယ်။ဆုတောင်းတဲ့အသံတွေကိုတုန့်ပြန်ကြား နာပေးတဲ့သူဟာ ခမည်းတော်ဘုရားရှင်ဖြစ်ပါတယ်။ခမည်းတော်ကိုသိအောင် သားတော်က လူတွေကိုဆွဲခေါ်ပို့ဆောင်တယ်။သူအားဖြင့် ခမည်းတော်ဆီ ရောက်နိုင်ကြောင်း ပြောပြပါတယ်။ယေဇူးခရစ်တော်ရဲ့ ယနေ့ဆုတောင်းထဲမှာ တပည့်တော်ကြီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လောကရဲ့ အန္တရယ်နှောက်ယှက်မူတွေကြားထဲမှာ မကျရှုံးသွားဖို့ ဆုတောင်းပေးပါတယ်။ဘုရားကလူတွေကို ဘေးရန်ကင်းကွာစေဖို့ ဆုတောင်းစောင့်ရှောက်ပေးနေတာကိုသိရတာဘယ်လောက် တောင် ခွန်းအားရစေလဲ။လူတွေကို ဖန်ဆင်းပြီးထားခဲ့တာမဟုတ်ဘဲ ဆက်လက် ကာကွယ်ပေးနေတယ်။ဆက်ပြီးကောင်းကြီးနေတယ်။လူ့လောကထဲမှာ နေထိုင်အသက်ရှင်ချိန်မှာလည်း ဘဝလောကဓံလှိုင်းတံပိုးကြားမှာ မောပမ်းနွမ်းနယ်နေရင်တောင် အရှုံးမဖက်အပြုံးမပျက်ဘဲ ပျော်ပျော်နေဖို့ အားပေးတော်မူတယ်။ မှန်ပါတယ် လူ့ဘဝဟာ ခဏလေးပါ။ခဏတာနေရတဲ့ ဒီဘဝမှာ ရင်မောစရာတွေကြား မရယ်မောနိုင်ရင် မပျော်ရွှင်နိုင်ရင် အသက်ရှင်ရတာ ပို မွမ်းကြပ်ပါတယ်။သောကတောမှာ မေဟတွေပြည့်နှက်ပြီး အဝိဇ္ဇာအမှောင်ဖုံးကာ မှန်တာကို အမှားထင် အမှန်မမြင် ပြန်မပြင်ချင်လောက်အောင် စိတ်ပျက်မသွားစေဖို့ သမ္မာတရား၌ အသက်ရှင်ဖို့ ဆုတောင်းပေးထားပါတယ်။ မှန်ရာမြတ်နိုး တန်ဘိုးထားတတ်ဖို့ဆိုတာ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက်သောက်လို့မဖြစ်။ကိုယ့်ဘဝ ကိုယ့်ခံယူချက်နဲ့ မှန်တဲ့အရာကို လုပ်ရဲနေရဲသေရဲပြီး အမှန်တရားအတွက် ပန်းတစ်ပွင့်လို ဝေရဲ ကြွေရဲတဲ့သူတွေဖြစ်အောင် ဖိတ်ခေါ်အားပေးလို့နေပါတယ်။