Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-01 09:57:11
ဇွန်လ ၂ ရက်နေ့ (ကြာသပတေးနေ့)
ရှင်ယောဟန် ၁၇:၂၀-၂၆
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)

အကျွန်သည် သူတို့အတွက် သာမကသူတို့၏ ဟောပြောခြင်း အားဖြင့် အကျွန်ုပ်ကို ယုံကြည်လာမည့်သူများအတွက်လည်းဆုတောင်းပါ၏။အိုအဖ၊ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း၊အကျွန်ုပ်သည်လည်း ကိုယ်တော်၌လည်းကောင်းတည်ရှိသကဲ့သို့သူတို့သည်တစ်လုံးတစ်ဝတည်းရှိကြပြီးအကျွန်ုပ်တို့ ၌လည်းတည်ရှိစေတော်မူပါ။ဤသို့ ဖြင့်ကိုယ်တော်သည်အကျွန်ုပ်အားစေလွှတ်တော်မူကြောင်းကို ဤလောကသည်ယုံကြည်ပါလိမ့်မည်။ကိုယ်တော်နှင့်အကျွန်ုပ်သည်တစ်လုံးတစ်ဝတည်းရှိသကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းရှိကြစေရန်အကျွန်ုပ်သည်ကိုယ်တော်ပေးတော်မူသောဘုန်းဂုဏ်တော်ကိုသူတို့အားပေးပါပြီ။အကျွန်ုပ်သည်သူတို့ ၌လည်းကောင်း၊ကိုယ်တော်သည်အကျွန်ုပ်၌လည်းကောင်းတည်ရှိသဖြင့်သူတို့သည် ပြည့်စုံစွာတစ်လုံးတစ်ဝတည်းရှိကြပါလိမ့်မည်။ဤသို့ ဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်း နှင့် အကျွန်ုပ်ကို ကိုယ်တော် ချစ်သကဲ့သို့ သူတို့ကိုလည်း ကိုယ်တော်ချစ်တော်မူကြောင်း တို့ကိုဤလောကသည် သိရှိပါလိမ့်မည်။အိုအဖ၊ကမ္ဘာမတည်ရှိမီကပင် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော် ၌ အကျွန်ုပ်ကိုပေးတော်မူသောဘုန်းဂုဏ်တော်ကို အကျွန်ုပ်ထံသို့ ကိုယ်တော်အပ်နှံထားသောသူတို့မြင်ကြစေရန် သူတို့ကိုလည်းအကျွန်ုပ် ရှိရာအရပ်၌ အကျွန်ုပ်နှင့် အတူရှိစေလိုပါသည်။ဖြောင့်မတ်တော်မူ သောအိုအဖ၊ဤလောကသည်ကိုယ်တော် ကိုမသိသော်လည်းအကျွန်ုပ်သည်ကိုယ်တော့်ကိုသိပါ၏။ကိုယ်တော်သည် အကျွန်ုပ်အားစေလွှတ်တော်မူကြောင်းကိုလည်းဤသူတို့သိကြပါ၏။ အကျွန်ုပ် အပေါ် ၌ ကိုယ်တော်ထားတော်မူသော ချစ်ခြင်းမေတ္တာတော်သည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်းသူတို့ ၌တည်ရှိစေခြင်းငှာ ကိုယ်တော်၏ နာမတော်ကိုသူတို့အား အကျွန်ုပ်သိစေပါပြီ။နောင်အခါတွင်လည်း သိစေပါဦးမည်ဟုဆုတောင်းတော်မူ၏။ ***ကြီး မတိုင်ခင်တုန်းက အသင်တော်မှာသွန်သင်ချက်တစ်ခုရှိခဲ့တယ်။အသင်တော်ပြင်ပမှာကယ်တင်ခြင်းဆိုတာ မရှိနိုင်ဆိုပြီး သွန်သင်ခဲ့ကြတယ်။ဒုတိယ ဗာတီကန်အစည်းဝေးကြီးပြီးတဲ့နောက်မှာတော့ အသင်းတော်က ကယ်တင်ခြင်းဆိုတာ အသင်းတော်ပြင်ပမှာလည်း ရနိုင်တယ်ဆိုပြီး ထုတ်ပြန်ခဲ့တယ်။ပြောချင်တာကကက်သလစ်အသင်းတော်မှာ ကယ်တင်ခြင်းရနိုင်မယ့် နည်းလမ်းတွေရှိတယ်။ဒါပေမဲ့လို့လည်း စိတ်ကောင်းနှလုံးကောင်းနဲ့ ဘုရားကိုရှာဖွေပြီး အကောင်းတွေကို လုပ်တဲ့ မွန်မြတ်တဲ့လူကောင်းတွေလည်း ကောင်းကင်ရောက်နိုင်ပါတယ်လို့သွန်သင်ခဲ့တယ်။ဘုရားရဲ့ ကယ်တင်ခြင်း ကျေးဇူးတော်ကို လူက ဘောင်ခတ်လို့ မရပါဘူး။ မင်းကတော့ ငရဲသွားမှာပါ။မင်းကတော့ ကောင်းကင်ရောက်မှာကို မဟုတ်ဘူးလို့ ကျနော်တို့မှာ ဆုံးဖြတ်နေရာချပိုင်ခွင့် မရှိပါဘူး။ဘုရားရှင်ရဲ့ ကျေးဇူးတော်၊ဝိညာဉ်တော်ဘုရားရဲ့ အလင်းပေးမှုတွေကလူတိုင်းမှာရှိနေနိုင်ပါတယ်။လူတိုင်းမှာ ဖန်ဆင်းခြင်းအစကတည်းက ဘုရားရဲ့ ပုံစံတော် တံဆိပ်ခတ်ပြီးသားပါ။ယုံကြည်ကိုးကွယ်မှုတွေ ကွဲပြားရင် ကွဲပြားနေလိမ့်မယ်။လူအတွင်းမှာ ရှိတဲ့ ဘုရားရဲ့ ပုံစံတော်က အတူတူပါပဲ။ဒါကို အသိမှတ်ပြုပြီးလူတိုင်းရဲ့ အတွင်းကဘုရားကို မြင်အောင်ကြည့်တတ်ဖို့လိုတယ်။ကိုယ်နဲ့ မတူကိုယ့်ရန်သူဖြစ်ဖို့မလိုပါဘူး။အတွေးအခေါ်တွေ မတူနိုင်ဘူး။အဖွဲ့စည်းတွေ ပုံစံကွဲနေမယ်။ဒါပေမဲ့လူ့အသိုင်းအဝိုင်းအတွက် တတ်စွမ်းတဲ့ဖက်က အကောင်းတွေ ပြုနေသေးသရွေ့ အဲ့ဒီလူဟာဘုရားတရားရှိတဲ့ လူကောင်းတစ်ယောက် ဖြစ်နေပါတယ်။ကောင်းတာကို လုပ်နေတဲ့သူတစ်ယောက်ကို ကိုယ်နဲ့ အဖွဲ့မတူလို့ အကောင်းမလုပ်ရဘူးလို့ တားမြစ်လို့ မရပါဘူး။ကိုယ် မဟုတ်တဲ့ တခြားသူတွေရဲ့ ကောင်းမြတ်ခြင်းကိုလည်း ရက်ရောစွာ လက်ခံအသိမှတ်ပြုပေးဖို့ လိုပါတယ်။ ဒီနေ့ခေတ်မှာ ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်တာတွေကို တစိုက်မတ်မတ်လုပ်လာကြတာ တွေ့ရတယ်။ ခရစ်ယာန်ဂိုဏ်းဂနတွေ ပြန်လည်စုစည်းဖို့လုပ်ဆောင်ကြတာတွေလည်းရှိတယ်။သခင်ခရစ်တော် ဆုတောင်းခဲ့တဲ့ တစ်လုံးတစ်ဝတည်းဖြစ်ရေးဆိုတာမလွယ်ကူပေမဲ့ မျှော်လင့်လို့ရပါသေးတယ်။ ညီညွတ်စွာနေထိုင်ဖို့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ သူများဘာသာတရားရဲ့ မွန်မြတ်တဲ့ အဆုံးမတရားတွေကို အသိမှတ်ပြုပေးတဲ့သူဟာ သဘောထားကြီးပြီး ရင့်ကျက်အောင်တည်ဆောက်ရင်း ငါမှငါ အစွဲတွေနဲ့ မချည်နှောင်ဘဲ သူလည်းကောင်းပါတယ်ဆိုပြီး သူတစ်ပါးရဲ့ ကောင်းမြတ်ခြင်းကို မုဒိတာပွားပေးနိုင်တဲ့သူဟာ ဘုရားကို နှလုံးသားထဲက စစ်မှန်စွာ ယုံကြည်တဲ့သူပဲ။ ဒီလိုဆိုရင် ကိုယ်နဲ့ အဖွဲ့မတူ အမြင်မတူရင်တောင် ငြိမ်ချမ်းစွာအတူလက်တွဲနေနိုင်ပါလိမ့်မယ်။

Daily Reflection