Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-02 08:25:14
ဇွန်လ ၃ ရက် (သောကြာနေ့)
ရှင်ယောဟန် ၂၁:၁၅-၁၉
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)

သူတို့ သည် နံနက်စာစားပြီး သောအခါ ယေဇူးက စီမွန်ပေတရုအားယောန၏ သားစီမွန်၊သင် သည် ငါ့ကို ဤသူတို့ထက်ပို၍ ချစ်သလောဟုမေးတော်မူ၏။ ပေတရုကချစ်ပါ၏သခင်ဘုရား၊တပည့်တော်သည်ကိုယ်တော့်ကိုချစ်ကြောင်းကိုယ်တော်သိတော်မူပါသည် ဟုလျှောက်လေ၏။ကိုယ်တော်ကလည်း ငါ၏ သိုးများကိုကျွေးမွေးလော့ဟုသူ့အား မိန့်တော်မူ၏။ထို့နောက် ကိုယ်တော်ကယောန၏ သားစီမွန်၊ငါ့ကိုချစ်သလောဟုဒုတိယအကြိမ်မေး တော်မူလျှင်ပေတရုကချစ်ပါ၏ သခင်ဘုရား၊တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်းကိုယ်တော်သိပါသည်ဟုပြန်လျှောက်လေ၏။ကိုယ်တော်ကလည်း ငါ၏ သိုးများကို ထိန်းသိမ်း စောင့်ရှောက်လော့ဟုသူ့အားမိန့်တော်မူ၏။တစ်ဖန်ကိုယ်တော်က ယောန၏ သားစီမွန်၊ငါ့ကိုချစ်သလောဟုသူ့အား တတိယအကြိမ်မေးတော်မူ၏။သင်သည် ငါ့ကိုသုံးကြိမ်တိုင်တိုင်မေးတော်မူသောကြောင့်ပေတရုသည်ဝမ်းနည်းလျက် သခင်ဘုရား၊ကိုယ်တော်သည်အရာ အားလုံးကိုသိမြင်တော်မူပါ ၏။တပည့်တော်သည်ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟု လျှောက်လေ၏။ ယေဇူးကလည်း ငါ၏ သိုးများကို ကျွေးမွေးလော့။သင့်အား ငါဧကန်အမှန်ဆိုသည်ကားသင်သည်ငယ်ရွယ်စဉ်အခါကသင်၏ခါးစည်းကို ကိုယ်တိုင်စည်းလျက်သင်အလိုရှိရာအရပ်သို့ သွားလာခဲ့၏။သို့သော်သင်အိုမင်းလာသော အခါ၌မူသင်၏လက်များ ကိုဆန့်သဖြင့်အခြားသောသူသည်သင်၏ ခါးစည်းကိုစည်းပေး၍ သင်မသွားလိုသောအရပ်သို့ သင့်ကိုသယ်ဆောင်သွား လိမ့်မည်ဟုသူ့အား မိန့်တော်မူ ၏။ကိုယ်တော် သည် ဤသို့  မိန့်တော်မူ သည်ကားပေတရုသည် မည်ကဲ့သို့သောသေခြင်း  ဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေမည့်အကြောင်း ဖော်ပြလိုသောကြောင့်ဖြစ်၏။ထို့နောက်ကိုယ်တော်က ငါ့နောက်သို့  လိုက်လော့ဟုသူ့အားမိန့်တော်မူ၏။  
**ချစ်မှန်းသိရက်နဲ့ ချစ်သလားဆိုပြီးအထပ်ထပ်မေးတာ ချစ်တယ်လို့ပြောတဲ့သူကို မယုံကြည်လို့လား။ ဒါမှမဟုတ် ပိုပြီး လေးနက်ခိုင်မာလို၍များ ချစ်သလား ၃ခါ ကိုယ်တော်က မေးခဲ့တယ်။ ငယ်တုန်းက ကလေးဘဝကို မှတ်မိပါသေးတယ်။ချစ်လားမေးရင်ချစ်တယ် ဖြေတယ်။ ထပ်ခါ ထပ်ခါ မေးရင် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်ပါတယ်ဆိုမှ ခဏခဏမေးနေတာပဲလို့ စိတ်မရှည်တဲ့ပုံနဲ့ ပြန်ဖြေခဲ့ဖူးတယ်။တမင်ကြားချင်၍မေးတာဆိုရင်တော့ ဒီချစ်စကားဖြေရတာနားဝင်ပီယံရှိလွန်းလှပါတယ်။ချစ်တာကိုမယုံလို့မေးရင်တော့ စိတ်မရှည်စရာပါပဲ။သံပေတရုကို ကိုယ်တော်က ချစ်လား ၃ခါမေးတယ်။ကိုယ်တော်ချစ်မှန်းသိရက်နဲ့ ဘာလို့များ မေးတာလဲ။ ဒါမှမဟုတ် အချစ်ကို အလွဲသုံးစားလုပ်ခဲ့မိလို့များ မယုံကြည်တော့လို့မေးတာလားလို့ ပေတရု စိတ်မကောင်းဖြစ်သွားရှာတယ်။တစ်ချိန်တုန်းက အရမ်းချစ်ပါမယ်ဆိုပြီး ကြွေးကြော်ကာ အချစ်သူရဲကောင်းကြီးလုပ်ခဲ့ချင်ပေမဲ့ မသိပါဘူး မပတ်သက်ပါဘူးဆိုပြီး ၃ ကြိမ်တိတိ ငြင်းဆိုခဲ့ဖူးလေတော့ခရစ်တော်ဖက်က ၃ ကြိမ်ပြန်မေးတာ ဆန်းတော့မဆန်းပါဘူး။ အတန်တန်မှာတဲ့ကြားက အခါခါ ငြင်းမိတာကြောင့်များ ချစ်သလားလို့ သုံးထပ်ကွမ်းပြန်မေးလိုက်လေသလားလို့ စဉ်းစားမိပါတယ်။ တကယ်တော့ ဘုရားက အရာရာကို ကြိုသိထားပြီးသားပါ။ဝန်ခံခြင်းနဲ့ ငြင်းပယ်ခြင်း၊ချစ်ခြင်းနဲ့ ကြောက်ခြင်းတို့ လွန်ဆွဲနေတဲ့ တို့ဘဝတွေမှာ မျက်ရည်သာ မြစ်တစ်စင်းဖြစ်မယ်ဆို ချစ်ခြင်းနဲ့ အနားသတ်မဲ့စွာ နောက်တစ်ခါ ပြန်ပေးနိုင်ဖို့ အခွင့်ရေးတွေထပ်ပေးပါတယ်။ ပေတရုရဲ့ သုံးခါအငြင်းက သုံးကြိမ်အချစ် မှတ်တမ်းတင်ရစ်ခဲ့သလို ကျွနု်ပ်တို့ရဲ့ ဘုရားကို အလီလီငြင်းခဲ့သမျှ အခါခါ ပြန်ချစ်နိုင်သော ဘဝမျိုး ကမ္ဗည်းထိုးနိုင်ဖို့ ဒီယနေ့ တစ်ဦးချင်းစီကိုလည်း ချစ်သလားလို့ ကိုယ်တော် ပြန်မေးနေပါတယ်။

Daily Reflection