Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-04 09:08:33
ဇွန်လ ၆ ရက်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲ
Rev.Fr. Paschal Thi Ko Shin (SDB)
John 20:19-23 (ရှင်ယောဟန် ၂၀:၁၉-၂၃)
Posted by Sr.Beneetta Myat Hnin Nwe(ISR)
ရက်သတ္တပတ်၏ ပထမနေ့ဖြစ်သောထိုနေ့တွင် ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကို ကြောက်သောကြောင့် မိမိတို့စုဝေးကြသောနေရာတွင် တံခါးများကိုပိတ်ထားလျက်နေကြ၏။ထိုအချိန်၌ယေဇူး သည်ကြွလာ၍ သူတို့အလယ်တွင် ရပ်လျက် သင်တို့၌ ငြိမ်းချမ်းသာယာခြင်း ရှိပါစေဟုသူတို့အား မိန့် တော်မူ၏။ဤကဲ့သို့ မိန့်တော်မူပြီးနောက်ကိုယ်တော်သည် သူတို့အား မိမိ၏ လက်တော်တို့ နှင့် နံဘေးတော်ကိုပြတော်မူ၏။ထိုအခါတပည့်တို့သည် သခင်ဘုရားကိုဖူးမြင်ရသဖြင့် ဝမ်းမြောက် ကြလေ၏။တစ်ဖန် ကိုယ်တော် က သင်တို့ ၌ ငြိမ်းချမ်းသာယာခြင်း ရှိစေသတည်း။ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ သကဲ့သို့ ငါသည်လည်း သင်တို့ ကိုစေလွှတ် ၏ ဟု မိန့် တော်မူ၏။ထို့နောက် ကိုယ်တော်သည် သူတို့အပေါ်သို့ မှုတ်တော်မူလျက်ဝိညာဉ်တော်မြတ်ကို ခံယူ ကြလော့။အကြင်သူ၏ အပြစ်များ ကို သင်တို့ ခွင့်လွှတ်လျှင်ထိုအပြစ်များ သည် ခွင့်လွှတ်ခြင်းခံရ၏။အကြင်သူသည်အပြစ်များကိုသင်တို့တည်စေလျှင်ထိုအပြစ် များသည်တည်လျက်ရှိ၏ဟုသူတို့အားမိန့်တော်မူ၏။
**ခရစ်တော်ဘုရားရှင် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း ၅၀ အကြာမှာတမန်တော်ကြီးများအပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းကြွတော်မူခဲ့ပါတယ်။သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကသူနဲ့အတူ များပြားလှတဲ့ ကျေးဇူးတော်တွေကိုလည်း ဆောင်ကျဉ်းလာပါတယ်။ ဉာဏ်ပညာ၊နားလည်တတ်ခြင်း၊အကြံယူတတ်ခြင်း၊အသိတရား၊ဘုရားတရားကြည်ညိုခြင်း၊ရဲစွမ်းသတ္တိနှင့်ဘုရားသခင်အားကြောက်ရွံ့ရိုသေတတ်ခြင်း စတဲ့ ကျေးဇူးတော် ၇ ပါးကို ပေးပါတယ်။ ဒီ ဆုကျေးဇူးတော်တွေအပြင် ချစ်ခြင်း၊ရွှင်လန်းခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ကောင်းမြတ်ခြင်း၊ရက်ရောခြင်း၊သိမ်မွေ့ခြင်း၊သစ္စာစောင့်ခြင်း၊ကာအိန္ဒြေစောင့်ဆည်းခြင်း၊ မိမိကိုယ်ကို ချုပ်တည်းခြင်း၊ စင်ကြယ်ခြင်း၊စတဲ့ ဝိညာဉ်တော်ဘုရားရဲ့ အသီးအပွင့် ၁၂ ခုကိုလည်းပေးတော်မူပါတယ်။ကျေးဇူးတော်တွေအများကြီး ပေးပေမဲ့ ဝိညာဉ်တော်ကတော့ တစ်ပါးတည်း ရှိပါတယ်။များပြားတိုးပွားစေတဲ့သူဖြစ်သလို စုစည်းပေးနိုင်တဲ့ သူဟာလည်း ဝိညာဉ်တော်ပဲဖြစ်ပါတယ်။ဝိညာဉ်တော်က ပေးတဲ့ ဆုကျေးဇူးကို ခံယူခဲ့သလို တစ်ပါးသူ အတွက် မိမိရဲ့ ဘဝကလည်း လက်ဆောင် ဖြစ်လာရပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ကျေးဇူးတော်လက်ဆောင်ပါ။ဝိညာဉ်တော်က ဆုကျေးဇူးတော်တွေပေးသလို မိမိ ဘဝကလည်း သူများအတွက် ကျေးဇူးလက်ဆောင်ဖြစ်လာရပါမယ်။လက်ခံယူတယ်ဆိုတာ တစ်ချိန်ကျ ပြန်ပေးဖို့ အတွက်ပဲဖြစ်ပါတယ်။လက်ခံယူပြီး သိမ်းထားဖို့အတွက်မဟုတ်ပါဘူး။ပြန်လည်ဝေမျှမှသာ ကျေးဇူ;တော် တွေက တိုးပွားလာမှာပါ။လက်ဆောင်ဆိုတာ သိမ်းထားဖို့ မဟုတ်ဘူး။ပြန်လည်ဝေမျှရမယ်။မျို့စေ့တစ်စေ့လိုပဲ လက်ထဲမှာ သိမ်းထားရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။အများအတွက် မိမိဘဝကိုချပေးကာစိုက်ပျိုးလိုက်မှသာ အဆပေါင်းများစွာသော အသီးတွေကို ရရှိလာမှာဖြစ်ပါတယ်။ဝိညာဉ်တော် ဘုရားနှင့်အတူ ကောင်းသောခရစ်ယာန်များရင့်ကျက်သောဘဝအသက်တာများတည်ဆောက်နိုင်ကြပါစေ။
Daily Reflection