ဇွန်လ ၆ ရက်နေ့(တနင်္လာနေ့)
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
ရှင်မာသေဦး ၅:၁-၁၂
ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်လျှင် တောင်ပေါ်သို့ တက်တော်မူ၏။ထို့နောက် ကိုယ်တော် သည် ထိုင်တော်မူသောအခါတပည့်တော်တို့သည် စုဝေးလာကြ၏။ထိုအခါ ကိုယ်တော်သည် မိမိ၏ နှုတ်တော်ကို ဖွင့်၍ သူတို့အားဟောပြော သွန်သင်တော်မူသည်ကား ၊အတွင်းစိတ်၌ ဆင်းရဲသောသူ တို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ဝမ်းနည်းငိုကြွေး သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်း ခံကြရ လိမ့်မည်။စိတ်နှလုံး နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် မြေကို အမွေခံကြရလိမ့်မည်။ဖြောင့်မတ်ခြင်း တရားကို ဆာမွတ်တောင့်တသောသူတို့ သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့ သည် လိုအင်ဆန္ဒ ပြည့်ဝကြလိမ့်မည်။သနားကြင်နာတတ် သော သူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားသူတို့ သည်သနားကြင်နာခြင်းခံကြရလိမ့်မည်။ စိတ်နှလုံးရိုးသားဖြူစင်သော သူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် ဘုရားသခင် ကို ဖူးမြင်ကြရလိမ့်မည်။ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက် သောသူတို့သည် မင်္ဂလာရှိကြ ၏။အကြောင်းမူကားသူတို့ သည် ဘုရားသခင် ၏ သားများဟု အခေါ်ခံကြရလိမ့်မည်။ဖြောင့်မတ် ခြင်း တရားအတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော သူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်း ကင်နိုင်ငံတော် သည်ထိုသူတို့၏ နိုင်ငံဖြစ်၏။လူတို့သည်ငါ့ အတွက်ကြောင့်သင်တို့ ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချကြသော အခါသင်တို့ သည် မင်္ဂလာရှိကြ၏။ ရွှင်လန်း ဝမ်းမြောက်ခြင်းရှိ ကြလော့။အကြောင်းမူကားကောင်းကင် နိုင်ငံတော် ၌ သင်တို့ ခံစားရမည့်ဆုလဒ်သည် ကြီးမားလှပေ၏။သူတို့ သည်သင်တို့မတိုင်မီရှိခဲ့သော ပရောဖက် များ ကိုလည်း ဤနည်းတူညှဉ်းဆဲခဲ့ကြ၏။*****မင်္ဂလာတရားတော်တွေဆိုတာ အရွယ်သုံးပါးမရွေး ခရစ်ယာန်ဘာသာဝင်တိုင်း လိုက်နာကျင့်ဆောက်တည်ရမယ့် ကောင်းကင်သုခ ပို့ဆောင်ရာလမ်းစဉ်သွယ်လေးတွေပဲဖြစ်ပါတယ်။အမိကက်သလစ်အသင်းတော်က ဒီမင်္ဂလာတရားတော်တွေကို ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် လက္ခဏာအဖြစ်မှတ်ယူထားပါတယ်။ဒါ့အပြင် မင်္ဂလာတရားတော်တွေကို ကြိုးစားကျင့်ယူကြရမယ့် စံချိန် စံနှုန်းအဖြစ်လည်း သတ်မှတ်ထားပြန်ပါတယ်။ခရစ်တော်ဘုရားရှင်ရဲ့ နောက်ကို လိုက်လျောက်လိုသူ ခရစ်ယာန်တိုင်း ကိုင်စွဲထားရမယ့်ပါရမီတရားတွေလို့လည်း ပြောလို့ရပါတယ်။တောင်ပေါ်တရားဒေသနာ မင်္ဂလာတရားတော်တွေဟာ ပြည့်ဝစုံလင်တဲ့ အသက်တာကိုရောက်ရှိဖို့ တနည်းပြောရရင်တော့ ကောင်းကင်နိဗ္ဗာန်ရောက်ရှိဖို့ ပြဌာန်းထားတဲ့ ကျင့်ဝတ် အနှစ်ချူပ်တွေပဲ ဖြစ်ပါတယ်။ဘယ်လိုလူတွေက မင်္ဂလာရှိကြတာလဲ။အတွင်းစိတ်ဖြင့် ဆင်းရဲတဲ့သူတွေ၊ဝမ်းနည်းငိုကြွေးကြတဲ့သူတွေ၊စိတ်နှလုံးနှုးညံ သိမ်မွေ့တဲ့သူတွေ၊ဖြောင့်မတ်ခြင်းတရားကို ငတ်မွတ်ရှာဖွေတဲ့သူတွေ၊သနားကြင်နာတတ်တဲ့သူတွေ၊စိတ်နှလုံးဖြူစင်ရိုးသားတဲ့သူတွေ၊ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့သူတွေ၊ဖြောင့်မတ်ခြင်းတရားအတွက် ညှင်းပန်းနှိပ်စက်ခြင်းခံရသူတွေ၊ဒီလိုလူတွေဟာ မင်္ဂလာရှိကြတယ်လို့ ယေဇူးဘုရားရှင်ကမိန့်ကြားခဲ့ပါတယ်။မိမိကိုယ်ကို နှိမ့်ချ ဖြူစင်အောင်ထား တယ်။ဖြောင့်မတ်မှန်ကန်အောင်နေထိုင်တယ်။သူတစ်ပါးအပေါ်မှာလည်း ကရုဏာအကြင်နာတရားတွေ ပြသတယ်။တစ်ဦးနဲ့တစ်ဦးကြား ငြိမ်းချမ်းရေးကိုတည်ဆောက်ပေးတယ်။အမှန်တရားအတွက်ရပ်တည်ရဲတဲ့ သူတွေဟာမင်္ဂလာရှိတဲ့ သူတွေပါမင်္ဂလာတရားတွေကို ကျင့်ကြံအားထုတ်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ ခြေရာတော်အတိုင်း လိုက်လျှောက် နိုင် ကာ ပျော်ရွှင်တဲ့ဘဝ၊ မင်္ဂလာရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပြီး မင်္ဂလာရှိသူများ ဖြစ်ကြပါစေ ။