ဇွန်လ ၁၁ ရက်နေ့ (စနေနေ့)
မာတေဦး ၅း၃၃-၃၇
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
တစ်ဖန်မမှန်ကန်သောကျိန်ဆိုခြင်းကိုမပြု နှင့်။သင်ပြုခဲ့သောကတိသစ္စာကို ထာဝရ ဘုရားသခင် ရှေ့တော်၌ တည်စေလော့ဟုရှေး လူကြီးတို့အား ပညတ်ထားခဲ့ သည် ကို သင်တို့ကြားခဲ့ရလေပြီ။သို့ သော် သင်တို့အား ငါဆို သည်မှာ ကျိန်ဆို ခြင်း အမှုကို လုံးဝမပြုရ။ကောင်းကင်ကိုလည်း တိုင်တည် ၍ မကျိန်ဆိုရ။ အကြောင်း မူကား ကောင်းကင် သည် ဘုရားသခင်၏ ပလ္လင်တော်ဖြစ်၏။ ကမ္ဘာမြေကြီး ကိုလည်း တိုင်တည် ၍ မကျိန်ဆိုရ။အကြောင်းမူကားကမ္ဘာမြေကြီးသည် ကိုယ်တော် ၏ ခြေတင်ရာခုံဖြစ်၏။ဂျေရုဆလင်မြိုတော်ကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။အကြောင်းမူကား ထိုမြို့ သည်ကြီးမြတ်သောဘုရင်၏မြိုတော်ဖြစ်၏သင်၏ ဦးခေါင်းကိုလည်းတိုင်တည်၍မကျိန်ဆိုရ။ အကြောင်းမူကားဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊မည်းစေ ခြင်း ငှာသင်မတတ်နိုင်။ သင်တို့ပြောဆိုသောအရာကို ဟုတ်လျှင်ဟုတ်သည်၊မဟုတ်လျှင် မဟုတ်ပါဟု ပြောလော့။ထို့ထက်ပိုသောစကား သည် မကောင်းမှုမှလာ ၏။
ထောက်ရူချက်***အမှန်တရားအတိုင်း မနေထိုင်တဲ့ဘ၀က အချင်းချင်းပေါင်းသင်းဆက်ဆံရေးနဲ့ ချစ်ခြင်းမေတ္တာတရား ကိုပါဖျက်ဆီးပစ် လိုက်နိုင်ပါတယ်။မုသားရှိတဲ့နေရာမှာမေတ္တာမရှိ။တစ်ယောက်နဲ့ တစ်ယောက်စကားပြောဆို ဆက်သွယ် တဲ့အခါမှာ စကားချည်းပဲ ကျွန်ုပ်တို့ မပြောကြဘူး။ လက်ဟန်ခြေဟန် ကိုယ်အနေထား၊စိတ်သဘောထားတွေ ပါပါဝင်လာတယ်။လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် နေ့စဉ် ပြောဆို ဆက်သွယ်နေကြရတယ်။မုသားလေးတွေနဲ့ အမှန်တရား တွေကြား ဗျာများကြရတာလည်းရှိတယ်။စကားကို လိပ်ပက်လည်အောင် ပြောတတ်တိုင်းလည်း မှန်ကန်တယ်လို့ မဆိုနိုင်ဘူး။တခါတလေ ကိုယ် မမှားကြောင်းစကားတွေနဲ့ အချက်ကျကျပြောတတ်ကြတယ်။ကိုယ်ခံစားရတာ ကိုယ်ပြောတယ်။မှန်တယ်။သင့်ရဲ့ ရှုထောင့်ကကြည့်ပြီး သင့်ရဲ့အမှန်တရားကိုချပြတယ်။ဒါဟာ သင့်ရဲ့တစ်ဖက်ကပဲ ရှိသေးတယ်။တခြားတစ်ဖက်မှာလည်း အမှန်တရားက ရှိနိုင်သေးတယ်။ဒီအမှန်တရာကို ၀ှက်ထားပြီး အတင်းပြောတာကလည်း အချင်းချင်း ဆက်ဆံရေးကို ဖျက်ဆီးလိုက်နိုင်တယ်။ကျွန်ုပ်တို့ လူသားတိုင်းကလည်း နေ့စဉ်ပြောဆိုကြတဲ့အခါ အမှန်တရားကို ပြောရင်ပြောမယ်။မဟုတ်ရင် အမှန်တရားကို ငြင်းပယ်လိမ့်မယ်။အသေးအမွှားလေးကအစ အကြီးမားဆုံးသော ဆုံးဖြတ်ချက်ကိစ္စအဆုံးအမှန် မဟုတ်ရင် မုသား တစ်ခုခုတော့ ပြောကြတယ်။ငယ်စဉ်အခါက လူကြီးတွေရှေ့မှာ လိမ်ပြောရင် မလိမ်ညာဖို့ အမှန်တိုင်းပြောဖို့ လူကြီးသူမတွေက ဆုံးမတာတွေရှိတယ်။မိမိကိုယ်ကို မေးကြည့်ရအောင်။အမှန်တရားကို ကျွန်ုပ်တို့ပြောနေ ကြလား။ ပြုမူနေကြလား။အမှန်တရားကို သက်သေခံနေလား။ဒါမှမဟုတ် မုသားသက်သေခံနေကြလား။ ဘုရားရဲ့ သား သမီးတွေဖြစ်တဲ့ ကျွန်ုပ်တို့ကို အဖဘုရားရှင်က လူသားအချင်းချင်း မှန်ကန်စွာ မေတ္တာတရားနဲ့ ဆက်ဆံကြဖို့ အလင်းပြ ခွန်အားပေးနေတယ်။စကားတွေနဲ့ အမှန်တရားကို ပြောလို့ မရတော့ဘူး။ဘ၀နေထိုင်ပုံတွေမှာလည်း အမှန်တရား ရှိရမယ်။မိမိဟာ မှန်ကန်စွာ ပြောဆိုနေထိုင်တယ်ဆိုတာကို သူများတွေ မြင်တွေ့အောင်လည်း သက်သေခံရမယ်။