Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-11 06:57:19
ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူပွဲ
ရှင်ယောဟန် ၁၆း ၁၂-၁၅
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)

ငါသည် သင်တို့အား ပြောစရာအကြောင်းအရာ များစွာရှိသေးသော်လည်း သင်တို့သည် ယခုခံယူနိုင်ကြမည်မဟုတ်။သမ္မာတရား၏ ဝိညာဉ်တော်ကြွလာ တော်မူသော အခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အားသွန်သင် တော်မူလိမ့်မည်။အကြောင်းမူကား ထိုအရှင်သည် မိမိ၏ အခွင့်အာဏာ အလျောက်ဟောပြောလိမ့်မည် မဟုတ်။သို့သော် ထိုအရှင်သည် မိမိကြားသိရသောအကြောင်း အရာများကို ဟောပြောတော်မူလိမ့်မည်။ထို့ပြင်ထိုအရှင်သည် နောင်ဖြစ်လတ္တံ့သောအကြောင်းအရာတို့ကို သင်တို့အားပြောကြား တော်မူလိမ့်မည်။ထိုအရှင်သည် ငါ၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေလိမ့်မည်။အကြောင်းမူကား ထိုအရှင်သည် ငါ၏ တရားကိုယူ၍ သင်တို့အား ကြားသိစေမည်ဖြစ်သောကြောင့်တည်း။ခမည်းတော် ၌ရှိသမျှသည် ငါနှင့် သက်ဆိုင်၏။ထို့ကြောင့်ထိုအရှင်သည် ငါနှင့်သက်ဆိုင်သောတရားကိုယူ ၍ သင်တို့အား ကြားသိစေလိမ့်မည်ဟုငါဆို ခြင်း၏။
ထောက်ရူချက်....တစ်ခါတုန်းကခရစ္စမားအားပေးခြင်း အခမ်းအနားတစ်ခုမှာ ဆရာတော်က ခရစ္စမားခံယူမယ့် ကလေးမလေးတစ်ယောက်ကိုမေးခွန်းတစ်ခုမေးပါတယ်။ သမီး ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူဆိုကို ဘယ်လို နားလည်လဲတဲ့။ ကလေးမလေးက ရိုးရိုးလေးပဲဖြေပါတယ်။ဘုရားတစ်ဆူမှာ ပုဂ္ဂိုလ်က ၃ ပါးအဖြစ်နဲ့ရှိနေတာပါဆိုပြီးဖြေလိုက်တယ်။ ဆရာတော်က နားက နဲနဲလေးတော့ ပြန်မေးတယ်။သမီးပြောတာ ဆရာတော် နားမလည်ဘူး ပြန်ပြော ပါ။အဲ့ဒါနဲ့ဘေးနားကဘုန်းကြီးကထပြီးကိုယ်တော်ရေ။ကိုယ်တော်ရေအဲ့ဒါကအဖြေပဲကိုယ်တော်နားမလည်တာကိုက ပုဂ္ဂိုလ်သုံးပါးရဲ့ နက်နဲဖွယ်ရာပဲ။ဘယ်သူမှ ဒီအကြောင်းကိုအပြည့်၀ နားလည်မှာ မဟုတ်ဘူး။နားလည်ရခက်တဲ့နက်နဲဖွယ်ရာ ဘုရားရဲ့ ဖြစ်တည်ခြင်းပွဲကို ဒီနေ့ ကျနော်တို့ ကျင်းပနေကြ တယ်။ပုဂ္ဂိုလ်၃ပါးတစ်ဆူပွဲက အသင်းတောရဲ့ ယုံကြည်ရာ ယုံကြည်ချက်တွေထဲက ပွဲတစ်ခုဖြစ်ပါတယ်။ဘုရားသခင်ရဲ့ ဘဝသက်တော်စဉ်ထဲက ဖြစ်ပျက်ခဲ့တဲ့ ပွဲကို ကျင်းပတာမျိုးမဟုတ်ဘူး။သခင်ခရစ်တော်ရဲ့ မွေးနေ့တို့၊ ဆေးကြောခြင်းခံတဲ့ပွဲတို့၊ ရှင်ပြန်ထမြောက်တဲ့ပွဲတို့ အဲ့လိုမျိုး ဘဝအဖြစ်ပျက်ထဲက ပွဲတစ်ခုလည်း မဟုတ်ပါဘူး။ဒီပွဲက ဘုရားသခင်ရဲ့ နက်နဲဖွယ် ဘုရားရဲ့ဖြစ်တည်ခြင်းပွဲပဲဖြစ်ပါတယ်။ပုဂ္ဂိုလ်(၃)ပါးဘုရား တစ်ဆူဆိုတာဟာ ကျနော်တို့ ခရစ်ယာန်တွေအတွက်အခြေခံကျတဲ့ ယုံကြည်ခြင်းဖြစ်ပါတယ်။ နက်နဲရာဆိုတိုင်းလည်း မျက်စိမှတ်ပြီး ယုံကြည်ကြတာမဟုတ်သလို နားလည်မှ ယုံကြည်မယ်ဆိုရင်လည်း မဟုတ်သေးပြန်ဘူး။ ကျနော်တို့ နားမလည်တာတွေ လောကကြီးမှာ အများကြီးရှိသေးတယ်။ နားလည်ဖို့တော့ ခက်တယ်။ ဒါပေမဲ့လည်း ရဟန္တာ သြဂုတ်စတင်း ပြောခဲ့ဖူးတာရှိတယ်။နားလည်ရန် အလို့ငှာယုံကြည်ပါ၏တဲ့I believe so that I may understand.ပုံမှန်အားဖြင့်က နားလည်မှ ယုံကြည်ကြတာလေ။အခုဟာက နားလည်ဖို့ ယုံကြည်ပါတယ်တဲ့။ဘာလို့လဲဆိုတော့ ဒီ နက်နဲဖွယ်ရာ ဘုရားရဲ့ ဖြစ်တည်ခြင်းပွဲ ပုဂ္ဂိုလ်၃ပါးပွဲကို ကျနော် လူ့အသိ စဉ်းစားဉာဏ်နဲ့စဉ်းစားရင်မမှီနိုင်ပါဘူး။ဦးနှောက်နဲ့ နားမလည်နိုင်ဘူး။ ဒါပေမဲ့ ယုံကြည်ခြင်း နှလုံးသားနဲ့ ကျနော်တို့ နားလည်နိုင်ပါတယ်။ဒါကိုယုံကြည်ရပါမယ်။ဘုရားဖြစ်တဲ့ သားတော်ယေဇူးက ခမည်းတော်နဲ့ သူနဲ့ တစ်လုံးတစ်ဝတည်း တည်ရှိတယ်။သူသွားတဲ့အခါမှာဝိဉာဉ်တော်ကို စေလွှတ်မယ် စသဖြင့် သွန်သင်ထားခဲ့တယ်။ ဒါကို ကျမ်းပြုပုဂ္ဂိုလ်တွေက မှတ်တမ်းတင် ရေးသားထားခဲ့တယ်။ အသင်းတော်ရဲ့ ရှေးဦးဖခင်တွေကလည်း ကြိုးစားရှင်းပြခဲ့ကြတယ်။အသင်းတော်ရဲ့ကောင်စီညီလာခံကြီးတွေ ကလည်းယုံကြည်ရာအတည်ပြုသတ်မှတ်ပေးခဲ့ကြတာမို့ ကျနော်တို့ ယုံကြည်ရပါမယ်။ပုဂ္ဂိုလ်(၃)ပါး ဘုရားတစ်ဆူ ရှိတယ်ဆိုတဲ့အကြောင်း အတိအလင်း ကျမ်းစာထဲမှာ မတွေ့ရပါဘူး။ဒါပေမဲ့ပုဂ္ဂိုလ် ၃ ပါးရှိတဲ့အကြောင်း အရိပ်အမြွက်တွေတော့ တွေ့ရပါတယ်။ဥပမာ-သိကြားတမန်တော်က မယ်တော့်ကို အမိန့်တော်ပြန်တဲ့အချိန်။အဖခမည်းတော်ဘုရားက သိကြားတမန်ကို မယ်တော့်ထံစေလွှတ်တယ်။ပြီးတော့ သန့်ရှင်းသော ဝိဉာဉ်တော်က လွှမ်းခြုံအုပ်မိုးတယ်။ သားတော်က လူ့ဇာတိကို ခံယူတယ်ဆိုတဲ့အကြောင်း တွေ့ရတယ်။ ဒုတိယ အဖြစ်ပျက်က သခင်ယေဇူး ဆေးကြောခြင်းခံတဲ့အချိန်။သားတော်က ယောဟန်ဘတ္တစတားဆီကနေဆေးကြောခြင်းကိုခံတယ်။ကောင်းကင်က အဖခမည်းတော်ရဲ့ အသံက ထွက်ပေါ်လာတယ်။ဝိဉာဉ်တော်က ချိုးငှက်သဏ္ဍာန်အဖြစ် ဆင်းကြွလာတယ်ဆိုတာကိုတွေ့ရတယ်။ နောက်ထပ်တွေ့ရတဲ့ အဖြစ်ပျက်ကတော့ဒီနေ့ဖတ်ရှုတဲ့ ဧဝံဂေလိကျမ်းစာပဲ။ လူမျိုးတကာတို့အား ငါ့တပည့်ဖြစ်စေကြလျှက် ခမည်းတော် ၊သားတော်၊ သန့်ရှင်းသော ဝိဉာဉ်တော်ရဲ့ နာမတော်၌ ဆေးကြော ခြင်းကို ပေးကြလော့ ဆိုတဲ့မိန့်မှာချက်ပဲဖြစ်ပါတယ်။ပုဂ္ဂိုလ်၃ပါးတစ်ဆူဘုရားဆိုတာတကယ်တော့ ဘုရားသခင်ရဲ့ နက်နဲဖွယ်ရာတည်ရှိခြင်း မေတ္တာတော် တစ်ခုပါပဲ။ဘုရားသခင်ဟာ သူ့ရဲ့ လူမျိုးတော်တွေအနားမှာအမြဲရှိတယ်။ချစ်ခြင်းမေတ္တာနဲ့ အနီးနားမှာ ရှိနေတယ်။ ဘုရားသခင်ဟာလူတွေရဲ့ အနီးနားမှာ အမြဲရှိပါတယ်။ လူတွေနဲ့နေချင်လွန်းလို့ မမြင်နိုင်တဲ့ ဘုရားက မြင်နိုင်တဲ့ လူ့ဇာတိကို ခံယူပြီး ဆင်းကြွလာခဲ့တယ်။ သားတော်ဘုရားကလည်း သူ ကောင်း ကင်ဘုံကို ပြန်တက်တဲ့အခါလူတွေနဲ့ အတူ ရှိဖို့ ဝိဉာဉ်တော်ကို စေလွှတ်ခဲ့တယ်။ ပြီးတော့ ကတိ စကား တစ်ခွန်းလည်း ထားခဲ့ပါတယ်။ အဲ့ဒါကတော့ ငါသည် သင်တို့နဲ့အတူကပ်ကမ္ဘာကုန်သည့်တိုင်အောင်အစဉ် ရှိမယ်တဲ့။ဘုရားကသူ့ရဲ့ ဖြစ်တည်ခြင်းတွေကို မတူညီတဲ့ပုဂ္ဂိုလ်တွေနဲ့ထုတ်ဖော်ပြသတယ်။ခမည်းတော်ဘုရားကလည်း ချစ်ခြင်းမေတ္တာပြပြီး လူကိုဖန်ဆင်းခဲ့တယ်။ သားတော်ကလည်း ချစ်လွန်းလို့ လူကို ကယ်တင်ခဲ့တယ်။ဝိဉာဉ်တော်ကလည်း ချစ်တဲ့အတွက်ကြောင့် လူတွေကို ဆက်လက် လမ်းညွှန် သွန်သင် လမ်းပြနေပါတယ်။ ဘုရားသခင်ဟာပုဂ္ဂိုလ်သာ ၃ ပါးအဖြစ်ပြောင်းလဲတည်ရှိနေပေမဲ့သူ့ရဲ့ ချစ်ခြင်းမေတ္တာ၊သူ့ရဲ့ တည်ရှိခြင်း ကတော့ထာဝရ မပြောင်းလဲဘဲ လူတွေနဲ့အတူ အမြဲရှိလို့နေပါတယ်။ဒါကို ယုံကြည်ပြီး ပုဂ္ဂိုလ် ၃ပါး ဘုရားရှင် ကဲ့သို့ ဘုရားနဲ့ တစ်လုံးတစ်ဝတည်း အစဉ်တည်ရှိနိုင်ဖို့၊ဘုရားရဲ့ ဖြစ်တည်ခြင်းကို မိမိအားဖြင့် လူအများသိအောင် နေထိုင်အသက်ရှင်သွားကြပါစို့။

Daily Reflection