ဇွန်လ ၁၃ ရက်နေ့
မာတေဦး ၅း ၃၈ - ၄၂
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
မျက်စိအစားမျက်စိ၊ သွားအစားသွား ဟူသော ပညတ်စကားရှိ သည် ကို သင်တို့ကြားခဲ့ရလေပြီ။မျက်စိအစားမျက်စိ၊ သွားအစားသွား ဟူသော ပညတ်စကားရှိ သည် ကို သင်တို့ကြားခဲ့ရလေပြီ။တစ်စုံ တစ်ယောက် သည် သင် ၏ အင်္ကျီကိုရယူလို ၍ သင့်ကိုတရားစွဲ လျှင် သူ့အား သင် ၏ ဝတ်ရုံ ကိုလည်း ယူစေလော့။တစ်စုံ တစ်ယောက်သည် သင့်ကိုအနိုင်အထက်ပြု ၍ ခရီးတစ်မိုင်သွားစေ လျှင် ထိုသူ နှင့် အတူ ခရီးနှစ်မိုင်သွားလော့။သင့်ထံ ၌ တောင်းခံ သောသူ အားပေးကမ်းလော့။သင့်ထံမှ ချေးငှားလို သောသူ ကိုလည်း မငြင်းပယ်လေနှင့်။
ထောက်ရှုချက်***မျက်စိအစားမျက်စိ တုန့်ပြန်ချင်တတ်တဲ့ လူ့သဘောကို ဘုရားသဘောထားကြီးအောင် ကျင့်ကြံခိုင်းပါတယ်။ဘုရားက ခွင့်လွှတ်တတ်ပေမဲ့ လူကတော့အပြစ်မှတ်ထားတတ်ပါတယ်။ ပုထုဇဉ်သမား အားနည်းတတ်တဲ့လူသားပဲဆိုတာကို အခွင့်ရေးယူပြီး ခွင့်လွှတ်ခြင်းကို ပြသဖို့ မေ့လျော့နေတတ်ကြပါတယ်။ဘုရားရှင်မှာ အလျားအနံ တိုင်းတာတဲ့ ပေတံမျိုး၊ အနဲအများချင့်ချိန်တဲ့ ချိန်ခွင်မျိုး၊ကောင်းမကောင်း ပြဌာန်းတဲ့ စံနှုန်းမျိုး၊အဆင့်ရှိမရှိဖော်ညွှန်းတဲ့ တံဆိပ်တွေလိုမျိုး သတ်မှတ်ချက်တွေ၊အကန့်အသတ်တွေမရှိပါဘူး။ ဘောင်ခတ်ထားခြင်းမရှိ၊ အလျားအနံတွေမရှိဘဲ ကြီးမားတဲ့ မဟာကရုဏာတော်၊အနှိုင်းအဆမဲ့ ခွင့်လွှတ်ပေးခြင်းတွေနဲ့ သာ ပြည့်နှက်လို့နေပါတယ်။ယနေ့ ကမ္ဘာကြီးကို ကရုဏာသနားခြင်းတွေပြသကြဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ကမ္ဘာကြီးက ခွင့်လွှတ်ခြင်းတွေ လိုအပ်နေတယ်။ အမုန်းတရားတွေနှင့် အတ္တစစ်ပွဲတွေကြားမှာ မေတ္တာတရားတွေ၊ ငြိမ်းချမ်းခြင်းတွေ၊ ခွင့်လွှတ်ခြင်းတွေကို ဆာလောင်တောင့်တနေရှာပါတယ်။ ခွင့်လွှတ် ဖို့ဆိုတာဟာ ပြောရတာလွယ်သလောက် လက်တွေ့မှာ အင်မတန်ခက်လှပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာဟာ ချက်ချင်းလုပ် ယူလို့ရတဲ့အရာလည်းမဟုတ်ပါဘူး။အနုပညာတစ်ခုခုလို တဖြေးဖြေးနဲ့ ကြိုးစားလေ့ကျင့်ယူရပါတယ်။တကယ်တော့ ခွင့်လွှတ်ခြင်းဟာ အနုပညာဆန်တဲ့ ပါရမီတစ်ပါးပါပဲ။ခွင့်လွှတ်ခြင်းအားဖြင့် အခွင့်လွှတ်ခံကြရသလို ခွင့်လွှတ်ခံရတဲ့အခါမှာ ရရှိလိုက်တဲ့ လွတ်လပ်ပေါ့ပါးပျော်ရွှင်တဲ့အရသာကိုလည်း ဘယ်အရာနဲ့မှ အစားထိုးလို့မရနိုင်ပါဘူး။