Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-14 09:56:01
ဇွန်လ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့
Jn.6:1-6,16-18
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)

သင်တို့ ၏ ကုသိုလ်ကောင်းမှုကို လူအများမြင်စေခြင်းငှာ ၎င်းကိုသူတို့ ၏ ရှေ့မျက်မှောက် တွင် မပြုလုပ်ရန် သတိပြု ကြလော့။သို့မဟုတ် လျှင်သင်တို့ သည်ကောင်းကင် ဘုံ၌ ရှိ တော်မူသော သင်တို့၏ အဖအထံတော်မှ ဆုကျေးဇူး မခံစားရ ဘဲ ရှိလိမ့်မည်။ထို့ကြောင့် သင်တို့သည် လှူဒါန်းကြ သော အခါ လူတို့၏ ချီးမွမ်းခြင်း ခံရစေရန် တရားဇရပ်များ နှင့် လမ်း များ ပေါ် တွင် လှူဒါန်း ကြသော သူတော်ကောင်း ယောင်ဆောင် သူတို့ပြုလုပ်သကဲ့ သို့ သင်တို့ ၏ ရှေ့ ၌ တံပိုးခရာမမှုတ်စေနှင့်။သင်တို့အား ငါအမှန်ဆို သည်ကား ထိုသူတို့ သည်မိမိ တို့၏ အကျိုးကိုရရှိကြလေပြီ။သင်တို့မူကား လှူဒါန်းပေးကမ်း သောအခါ သင်တို့၏ လက်ယာလက်ပြုသော အမှုကို လက်ဝဲလက်မသိစေနှင့်။ဤ သို့ဖြင့် သင်တို့ ၏ အလှူသည် မထင်မရှားရှိ ၍မထင်မရှားပြုမူသည့် အမှုတို့ကို မြင်တော်မူ သောသင်တို့ ၏ အဖသည် သင်တို့အား ဆုကျေးဇူး ပေးသနား တော်မူ လိမ့်မည်။ သင်တို့ သည် ဆုတောင်းပတ္ထနာပြု သော အခါ လူတို့မြင်စေ ခြင်း ငှာတရားဇရပ် များ နှင့် လမ်းဆုံလမ်းခွ များ တွင် ရပ် လျက်ဆုတောင်းခြင်း အမှုကိုပြုလို ကြသော သူတော်ကောင်း ယောင်ဆောင်သူတို့ကဲ့သို့ မဖြစ်စေ ကြနှင့်။သင်တို့အား ငါအမှန်ဆို သည်ကား ထိုသူတို့ သည် မိမိတို့၏ အကျိုးကို ရရှိကြလေပြီ။ သင်တို့မူကား ဆုတောင်းသော အခါသင်တို့ ၏ အခန်းအတွင်း သို့ဝင်၍ တံခါး ကိုပိတ်ပြီးမှဆိတ်ကွယ်ရာ၌ ရှိတော်မူ သောသင်တို့၏ အဖထံသို့ ဆုတောင်းလော့။ဆိတ်ကွယ်ရာ ၌ပြုမူသော အမှုကိုမြင် တော်မူသော သင်တို့၏ အဖသည် သင်တို့အား ဆုကျေးဇူး ပေးသနားတော်မူလိမ့်မည်။သင်တို့ သည် အစာရှောင်ခြင်း အမှုကို ပြုကြသော အခါ သူတော်ကောင်း ယောင်ဆောင်သူတို့ကဲ့ သို့ မျက်နှာညှိုးငယ် ခြင်း မရှိစေကြ နှင့်။ အကြောင်း မူကား သူတို့သည်မိမိ တို့ အစာရှောင်နေကြ သည်ကို လူအများမြင်စေခြင်းငှာ ညှိုးငယ်သောမျက်နှာအသွင်ကိုဆောင်ကြ ၏။သင်တို့အား ငါအမှန်ဆို သည် ကား ထိုသူတို့သည် မိမိတို့ အကျိုး ကိုရရှိကြလေပြီ။သင်တို့မူကား အစာရှောင် သော အခါ သင်တို့ ၏ ဦးခေါင်းကို ဆီလိမ်းကျံ ၍ သင်တို့ ၏ မျက်နှာကိုသစ်လော့။သင်တို့ အစာရှောင် နေသည် ကို လူတို့မြင်စေရန် မဟုတ်ဘဲ မျက်စိနှင့် မမြင်နိုင်သောသင်တို့ ၏ အဖမြင်စေရန် ဖြစ်၏။ဆိတ်ကွယ်ရာ ၌ ပြုမူသောအရာ တို့ ကို မြင် တော်မူ သော သင်တို့ ၏ အဖ သည် သင်တို့အား ဆု ကျေးဇူး ပေးသနား တော်မူ လိမ့်မည်။ ထောက်ရှုချက် လူဟာ ဘုရားရှင်ရယ်၊တခြားသူရယ်၊မိမိကိုယ်ရယ် အတူတကွ ဟန်ချက်ညီညီအသက်ရှင်တတ်ရင် ပျော်စရာကောင်းပြီး ဘဝက အဓိပ္ပါယ်ရှိလာတယ်။ဘုရားလည်း မသိ၊သူများလည်း မစာနာ၊ကိုယ့်ကိုကိုယ်လည်း မကျေနပ်တဲ့သူဟာ လောကကြီးမှာ သနားစရာကောင်းဆုံးသူတစ်ယောက်ပါပဲ။ဘုရားနဲ့ ဟန်ချက်ညီဖို့ ဆုတောင်ခြင်းနဲ့ အားဖြည့်ရတယ်။ဆုတောင်း တဲ့အခါ အဓိကကျတဲ့ သူက ဘုရားနဲ့ကိုယ်ပဲ။ကိုယ့်ရဲ့ဆုတောင်းသံက သူများသိဖို့ မလိုဘူး။မြင်ဖို့လည်း မလိုအပ်ပါဘူး။ဟန်ဆောင်ပြီးတော့ မဆုတောင်းခိုင်းပါဘူး။ရိုးရှင်းသော နှလုံးသားနဲ့ ဘုရားဆီလာပြီး ဘုရားနဲ့ ပေါင်းစပ်ကြိုးစားခြင်းဟာ ဆုတောင်းခြင်း မည်ပါတယ်။သူများနဲ့ ဟန်ချက်ညီဖို့အတွက်က စာနာသော နှလုံးသားရှိဖို့လိုတယ်။ဝေမျှခြင်းတွေ ပေးကမ်းခြင်းတွေနဲ့ ပြည့်ဝအောင်ကြိုးစားကြရတယ်။ဒီအခါမှာ ပေးကမ်းတဲ့အခါ ကိုယ်နာမည်ကြီးဖို့ထက်၊ကိုယ့်လုပ်ရပ်ကို လူတွေသြချ လက်ခုပ်တီးဖို့အတွက် လုပ်ရင် ဘုရားကို ဗဟိုပြုတာမဟုတ်၊လူကို တကယ်ချစ်တာမဟုတ်ဘဲ မိမိကိုယ်ကို အချစ်လွန်ခြင်းသာ ဖြစ်နေပါမယ်။ဒါကြောင့် ပေးကမ်းတဲ့အခါ သူများမသိအောင် စာနာစိတ်လေးနဲ့ ရိုးရိုးသားသားပဲ ပေးခိုင်းပါတယ်။ပြီးတော့ ကိုယ်နဲ့ကိုယ် ဟန်ချက်ညီဖို့အတွက်ကျတော့ ကိုယ့်ရဲ့ အတွင်းမှာ ရှိတဲ့ စိတ်ဆန္ဒတွေ ကိလေသာ တွေကို ထိန်းချုပ်ဖို့လိုတယ်။လုပ်ချင်တာကို ချက်ချင်း မလုပ်ဘဲ၊စားချင်တာကို ချက်ချင်း စားပစ်လိုက်တာမျိုး မဟုတ်ဘဲ မိမိစိတ်ရဲ့စေစားရာကို ချက်ချင်းအလိုမလိုက်ဘဲ ချုပ်တည်းခြိုးခြံနိုင်မှ ကိုယ့်ကိုကိုယ် အောင်မြင်နိုင်တဲ့သူ ဖြစ်လာပါတယ်။ဆုတောင်းခြင်းက ဘုရားနဲ့ချိတ်ဖို့၊ ပေးကမ်းခြင်းက အများနဲ့ ထပ်တူကျဖို့၊ချုပ်တီးခြင်းကတော့ ကိုယ်ကိုတိုင်နဲ့ ဟန်ချက်ညီနိုင်ဖို့ ဘုရားပေးတဲ့ တရားလေးတွေပါပဲ။

Daily Reflection