Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-15 08:21:57
ဇွန်လ (၁၆) ရက်၊ ကြာသပတေးနေ့
ရှင်မာတေဦး ၆း ၇-၁၅
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)

သင်တို့သည် ဆုတောင်းကြသောအခါ လူမျိုးခြားတို့နည်းတူအနှစ်သာရမဲ့သောစကားလုံး အမြောက်အမြားကို မရွတ်ဆိုကြနှင့်။အကြောင်းမူကား သူတို့သည် များစွာသောစကား တို့ကို ရွတ်ဆိုခြင်းဖြင့် မိမိတို့ တောင်းလျှောက်သောဆုကိုရ လိမ့်မည်ဟု ထင်မှတ်ကြ၏။သင်တို့မူကား သူတို့ကဲ့သို့ မပြုလုပ်ကြ နှင့်။ အကြောင်း မူကား သင်တို့လိုအပ်သောအရာကို သင်တို့မတောင်းမီကပင် သင်တို့၏ အဖသည် သိတော်မူ၏။ထို့ကြောင့်သင်တို့ သည် ဤ သို့ ဆုတောင်းကြရမည်။ ကောင်းကင်ဘုံ ၌ ကိန်းဝပ်တော်မူ သောကျွန်ုပ်တို့ ၏ အဖ၊ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော်။ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်။ကောင်းကင်ဘုံ ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ် ၌လည်း ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသော်။နေ့စဉ်မပြတ်အလိုရှိအပ်သောအစားအစာကို ကျွန်ုပ်တို့အား ယနေ့ ၌ပင်ပေးသနား တော်မူပါ။ကျွန်ုပ် တို့ကို ထိခိုက်ကျူးလွန် သောသူ တို့အား ကျွန်ုပ်တို့ ခွင့်လွှတ် သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။နှောင့်ယှက်ခြင်း အမှုတို့ ၌ကျွန်ုပ် တို့ကိုပါဝင်ခြင်းမရှိစေဘဲလျက် မကောင်း ဟူသမျှ နှင့်ကင်းလွတ်စေတော်မူပါဟူ ၍ဆုတောင်းကြရမည်။အကြောင်းမူကား သင်တို့သည် လူတို့၏ အပြစ်များကို ခွင့်လွှတ်ကြလျှငကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့၏ အဖသည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။သို့သော်သင်တို့သည်လူတို့ ၏ အပြစ်များကို ခွင့်မလွှတ်ကြလျှင် သင်တို့၏ အဖသည်လည်း သင်တို့၏ အပြစ်များကိုခွင့်လွှတ် တော်မူလိမ့်မည်မဟုတ်။

 

 ထောက်ရှုချက်**ဒီယနေ့ ကြားနာထောက်ရှုရတဲ့ ဧဝံဂေလိကျမ်းစာတော်မြတ်မှာ သခင်ခရစ်တော်ကိုယ်တိုင် သင်ကြားပေးတဲ့ အကောင်းဆုံးသောဆုတောင်းမေတ္တာတစ်ပုဒ်ဖြစ်တဲ့ကောင်းကင်ဘုံ၌ မေတ္တာ အကြောင်းကို ကြားရပါတယ်။ကောင်းကင် ဘုံ၌ မေတ္တာကိုဆိုတဲ့အခါ ဘုရားသခင်ကို အဖလို့ ခေါ်တရပါတယ်။ဘုရားနဲ့လူဟာ အဖေနဲ့သားသမီးတွေလိုမျိုး ကျေးဇူးတော်အားဖြင့် ရင်းနှီးခွင့်ရတဲ့ ဆုတောင်းမေတ္တာဖြစ်ပါတယ်။ဒါကို ခရစ်တော် ဘုရားက ထုတ်ဖော်ပြသပေးတယ်။ဘုရားနဲ့လည်း ရင်းနှီးအောင် ပို့ဆောင်ပေးခဲ့တယ်။အဖဆိုတဲ့ စကားလုံးကိုယေဇူးဘုရားကပုံစံအမျိုးမျိုး ခံစားချက် အမျိုးမျိုးနဲ့ သွန်သင်ပြခဲ့တယ်။အဖလို့ ခေါ်တဆုတောင်းခြင်းတွေကိုဓမ္မသစ်ကျမ်းစာထဲမှာ တော်တော်များများ တွေ့ရပါတယ်။ခရစ်ယာန်တိုင်းကဘုရားကို အဖလို့ခေါပြီး ဘယ်အခြေအနေမှာ မဆိုဆုတောင်းလို့ရပါတယ်။ကောင်းကင်ဘုံ၌ မေတ္တာရဲ့ ဒုတိယအပိုင်းမှာဆိုရင်ကျွန်ုပ်တို့အား နေ့စဉ်စားစရာပေးပါ။ ကျွန်ုပ်တို့ခွင့်လွှတ်သလို ကျွန်ုပ်တို့အပြစ်ကိုခွင့်လွှတ်ပါ။ဒါတွေကို ကြည့်ခြင်းအားဖြင့်အများနဲ့အတူတူဆုတောင်းရတယ်ဆိုတာကိုသိသာစေပါတယ်။ တစ်ဦးကောင်းဖို့ အတွက်မဟုတ်ဘူး။အများကောင်းဖို့အတွက် ပိုဦးစားပေးတယ်။စားစရာကို တို့အတွက်ပဲ တောင်းတာမဟုတ်ဘူး။ငတ်မွတ်နေတဲ့ ဆင်းရဲသားတွေအတွက်ပါ တောင်းခံရမယ်ဆိုတာ သတိပေးပါတယ်။ ငါ့အတွက်ဆိုပြီး တစ်ကိုယ်ကောင်းဆန် စတွေးလာပြီဆိုရင်တော့ အတ္တတွေနဲ့ စစ်မက်တွေ ဝင်လာတော့တာပဲ။ငြိမ်းချမ်းခြင်းဆိုတာ အားလုံးပူးပေါင်းမှရတာ။ငါ့အတွက်ပဲကြည့်ရင်တော့ ငြိမ်းချမ်းခြင်းလည်း မရှိနိုင်ပါဘူး။ဒါကြောင့် ဆုတောင်းတဲ့အခါငါ့အတွက်ဆိုတာထက် ငါတို့အားလုံးအတွက်ဆိုပြီးတောင်းပါ။အထူးသဖြင့် ဒီအချိန်မှာ ဒုက္ခရောက်နေသူမြန်မာပြည်တွေအတွက် ပိုပြီးဆုတောင်းပေးရမယ်။သူတို့ရဲ့ မျက်ရည်တွေကကိုယ့်ရင်ကို လာမထိသေးဘူးဆိုရင်ကျွန်ုပ်တို့နှလုံးသားက မာကြောနေလို့ပဲ။နှလုံးသားကိုပျော့ပြောင်းပြီးအများအတွက် စာနာတတ်ဖို့လိုတယ်။ကရုဏာပြဖို့ အရေးကြီးတယ်။ဘုရားရဲ့ သားသမီးတွေဖြစ်တာမို့တစ်ယောက်နဲ့ တစ်ယောက်အတွက် ပိုပြီး ဆုတောင်းပေးကြရပါမယ်။ဒီယနေ့ တရားသြဝါဒလေးကိုကြားနာပြီးတဲ့အခါ စိတ်ထဲကနေ ဒုက္ခအခက်ခဲရောက်နေကြတဲ့ မြန်မာပြည်သူ လူထုအတွက် ကောင်းကင်ဘုံ၌ မေတ္တာကို ရွတ်ဆိုပြီး ဆုတောင်းပူဇော်ပေးကြပါစို့။

Daily Reflection