ဇွန်လ ၁၇ ရက်နေ့၊ ၂၀၂၂၊ ၊ သာမန်ကာလ (၁၁) ကြိမ်မြောက် သီတင်းပတ် သောကြာနေ့
မာတေဦး 6:19-23
Rev.Fr.Bosco Saw Lar Htoo
Posted by Sr.Benedetta Myat Hnin Nwe(ISR)
သံချေးပိုးရွတို့ဖျက်ဆီးနိုင်၍ သူခိုးများဖောက်ထွင်း ခိုးယူနိုင်သော လောကီဥစ္စာရတနာများကို သင်တို့အဖို့ မစုဆောင်းကြနှင့်။သို့သော် သံချေးပိုးရွတို့မဖျက်ဆီးနိုင်၊သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်းမပြုနိုင်သောကောင်းကင်ဘဏ္ဍာများကိုသာ သင်တို့အဖို့ စုဆောင်းကြလော့။အကြောင်းမူကား သင်တို့၏ဘဏ္ဍာရှိရာ အရပ်၌ သင်တို့၏စိတ်နှလုံးလည်းရှိသောကြောင့်တည်း။မျက်စိသည် ခန္ဓာကိုယ်၏ဆီမီးဖြစ်၏။ထို့ကြောင့် သင်၏မျက်စိသည်အကောင်းပကတိဖြစ်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းဖြင့်ပြည့်၀လိမ့်မည်။သင်၏မျက်စိမကောင်းလျှင်မူကား သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် မှောင်အတိဖြစ်လိမ့်မည်။အကယ်၍ သင်၌ရှိသော အလင်းသည် မှောင်မိုက်ဖြစ်လာလျှင် ထိုမှောင်မိုက်သည် အလွန်တရာကြီးမားပေလိမ့်မည်။”
ထောက်ရှုချက် ****လောကီနဲ့ဆိုင်တဲ့ရတနာဆိုတာဒီလောကမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုရည်ညွန်းပါတယ်။ဒီအရာတွေ အားလုံးဟာ သံချေးပိုးရွတို့ဖျက်ဆီးနိုင်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်သော လောကီဥစ္စာရတနာများဖြစ်ပါတယ်။သံချေးပိုးရွတို့မဖျက်ဆီးနိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်းမပြုနိုင်သော ကောင်းကင်ဘဏ္ဍာများဆိုတာကတော့ အလှူဒါန ပေးခြင်းဆုတောင်းခြင်းနဲ့ ခြိုးခြံဝါရှောင်ခြင်းတို့ဖြစ်ပါတယ်။ကောင်းကင်ဘဏ္ဍာရှာဖွေသူများဖြစ်ဖို့ကြိုးစားကြပါစို့။