ဇွန်လ ၁၈ ရက် စနေနေ့
ရှင်မာတေဦး ၆း၂၄-၃၄
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
မည်သူမျှ သခင်နှစ်ပါးကိုအစေမခံနိုင်။ အကြောင်း မူကား သူ သည် သခင်တစ်ပါးကိုမုန်းပြီးကျန်တစ်ပါးကို ချစ်၍ သော်လည်းကောင်း၊သခင်တစ်ပါးကို သစ္စာခံပြီးကျန်တစ်ပါးကို မထီမဲ့မြင်ပြု ၍ သော်လည်းကောင်း ရှိလိမ့်မည်။သင်တို့သည်ဘုရားသခင်နှင့်ဥစ္စာဓနနှစ်ပါးစလုံးကိုအစေမခံနိုင်။ထို့ကြောင့်သင်တို့အား ငါဆိုသည် ကား၊သင်တို့၏ ဘဝအသက်ရှင်ရေး အတွက် မည်သည့် အရာကိုစားသောက်ရမည်ဟူ ၍ လည်းကောင်း၊သင်တို့၏ ခန္ဓာကိုယ်အတွက်က မည်သည့် အရာကိုဝတ်ဆင်ရမည်ဟူ၍ လည်းကောင်းစိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ခန္ဓာကိုယ် သည် အဝတ်ထက်မြတ် သည် မဟုတ် လော။မိုးကောင်းကင်ငှက် တို့ကိုကြည့်ကြလော့။ထိုငှက်တို့သည် မျိုးစေ့လည်းမကြဲ၊ကောက်နှံများ ကိုလည်းမရိတ် သိမ်း၊ ကျီများတွင်လည်း သိုလှောင်ခြင်း မပြုကြချေ။သို့သော် ကောင်းကင်ဘုံ ၌ ရှိတော်မူသောသင်တို့ ၏ အဖသည် ထိုငှက်တို့ကို ကျွေးမွေးတော်မူ၏။သင်တို့သည် ထိုငှက်များ ထက်သာ၍ မြတ်ကြ သည် မဟုတ် လော။သင်တို့ သည် မည်သူ သည် စိုးရိမ်ကြောင့်ကြ ခြင်း ဖြင့် မိမိဘဝသက်တမ်းကို အနည်းငယ်မျှ တိုးစေနိုင်သနည်း။ သင်တို့ သည် အဘယ်ကြောင့် အဝတ်အထည်အဖို့ စိုးရိမ်ကြောင့်ကြနေကြသနည်း။ လယ်ကွင်းပြင်ရှိ တောနှင်းပန်း တို့မည်ကဲ့ သို့ ရှင်သန်နေကြ သည် ကို ဆင်ခြင်သုံးသပ် ကြလော့။ ၎င်းတို့ သည် အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်ကြချေ။သို့သော်လည်း သင်တို့အား ငါဆိုသည်မှာ ဘုန်းတန်ခိုးကြီးသော ဆောလမွန်ဘုရင်သည် ပင်လျှင် ထိုပန်းပင်တစ်ပင်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။ယုံကြည်ခြင်း အားနည်းသောသင်တို့၊ယနေ့ရှင်သန်လျက် မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခြင်း ခံရသော လယ်ကွင်းပြင်မှတောမြက်ပင်တို့ကို ဘုရားသခင်သည် ဤသို့ ဆင်ယင်ပေးတော်မူ လျှင် သင်တို့ကို မူကားထိုထက်မက အဆပေါင်း များ စွာဆင်ယင်ပေး တော်မူမည်မဟုတ်လော။ထို့ကြောင့် အကျွန်ုပ် တို့မည်သည့် အရာကိုစားသောက်ကြရမည်နည်း၊မည်သည့် အရာကိုဝတ်ဆင်ကြရမည်နည်းဟုဆို ၍ စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။ အကြောင်းမူကား ဘုရားမဲ့သော သူတို့သာလျှင် ဤအရာခပ်သိမ်း တို့ကို ရှာဖွေတတ်ကြ၏။ကောင်းကင်ဘုံရှင်သင်တို့အဖသည် ဤအရာအလုံးစုံကို သင်တို့လိုအပ်ကြောင်းသိတော်မူ၏။ဘုရားသခင်၏ နိုင်ငံတော် နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်း တရားကိုရှေးဦးစွာရှာ ကြလော့။ထိုအခါ သင်တို့အား ဤအရာအလုံးစုံကိုထပ်လောင်း ၍ ပေးသနား တော်မူလိမ့်မည်။ထို့ကြောင့် မနက်ဖြန်နေ့ အတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။အကြောင်းမူကား မနက်ဖြန်နေ့သည် ၎င်း အတွက် စိုးရိမ်လိမ့်မည်။တစ်နေ့တာကြုံတွေ့ရသည့် စိုးရိမ်ပူပန်မှု များသည် ထိုနေ့ အတွက် လုံလောက်ပေ၏။
ထောက်ရှုချက်-- လူတိုင်း လူတိုင်း ကြောက်ရွံ့စိုးရိမ်ခြင်းနဲ့ မကင်းကြပါဘူး။ တချို့က နာမှာကြောက်တယ်။တချို့ကျ သေမှာကြောက်တယ်။အရှက်ကွဲမှာ ကြောက်တယ်။ဆုံးရှုံးရမှာ ကြောက်တယ်။အပယ်ခံထားရမှာ ကြောက်တယ်။ငတ်မှာ ကြောက်တယ်။အချစ်မခံရမှာ ကြောက်တယ်။တချို့ကြောက်ခြင်းတွေက ကောင်းတဲ့ဟာ ရှိသလို တချို့ ကြောက်ခြင်းတွေကို လူကို ပူပန်စေတာကလွဲလို့ ဘာအကျိုးမှ မရှိဘူး။ ဥပမာ - အရှက်ကွဲမှာ ကြောက်လို့ သိက္ခာကျမှာ ကြောက်လို့ မလုပ်သင့်တာကို မလုပ်ဘူး။ မကောင်းဒုစရိုက်ကို ရှောင်လိုက်တယ် ဆိုရင် ဒီကြောက်ခြင်းဟာ ကောင်းတဲ့ကြောက်ခြင်းပါ။ တချို့လူတွေကျ မလိုအပ်ဘဲ ကြောက်တာ။ မဖြစ်သေးဘဲ တွေးပူတာ။ အလကားနေရင်း ကြောက်နေတာ၊ ပူပန်နေတာမျိုးကို ဘုရားသခင်က မကြိုက်ပါဘူး။ မစားရမှာ မကြောက်နဲ့။ အသက်ရှင်ရမှာ မကြောက်နဲ့။ ဒုက္ခတွေကို တွေးပြီး မပူနဲ့။ ဘာလို့လဲဆိုတော့ ဘုရားက လူတွေနဲ့အတူ ရှိနေတယ်။ လူတွေကို ချစ်တဲ့ဘုရား၊လူတွေလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးတတ်တဲ့ဘုရားသခင် က ကျွနု်ပ်တို့ဖက်မှာ ဖခင် တစ်ယောက်လို ရှိနေပါတယ်။ မကြောက်ကြနဲ့၊ မကြောက်ကြနဲ့ ဆိုပြီး ကျမ်းစာထဲမှာ အကြိမ် ကြိမ် တွေ့ရတယ်။ ကြောက်ရွံ့ခြင်းရဲ့ ဆန့်ကျင်ဖက်က ယုံကြည်ခြင်းပဲ။ဘုရားရှင်က သူ့ကို ယုံကြည်ပါ။ ဘုရားရှိတယ်ဆိုတဲ့ ခံစားချက်က ကျွန်ုပ်တို့ကို လုံခြုံစိတ်ချမှုကို ဖြစ်စေတယ်။အရာရာတိုင်းက ဘုရားအလိုတော်အတိုင်းပဲ ဖြစ်လာကြတယ်။အဖဘုရားရှင် အလိုမရှိဘဲ ကောင်းကင်မှာ ပျံနေတဲ့ စာကလေး တစ်ကောင်တောင် မြေပေါ်ကျစေမှာ မဟုတ်ဘူး။ ကျွနု်ပ်တို့ရဲ့ ခေါင်းမှာ ရှိတဲ့ ဆံပင်ဘယ်နှစ်ပင်ရှိလဲဆိုတာတောင် ရေတွက်ထားတယ်တဲ့။ဘယ်လောက် အံ့သြစရာကောင်းလဲ။အသေးစိပ်ကအစ ကြည့်ပေးတတ်တဲ့ ဒီလိုဘုရားမျိုးကို ယုံကြည်ကိုးကွယ်ကြတဲ့ ကျွန်ုပ်တို့ ဘာကိုများ ကြောက်စရာလိုသေးလဲ။