Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-18 08:13:54
ခရစ်တော်ရှင်၏ အသားတော်နှင့်အသွေးတော်ပွဲ (C)

ကျန်ခဲ့တဲ့နှစ်တွေများမှာ အနည်းဆုံးတစ်နှစ်တစ်ကြိမ်နှုန်း ကျင်းပခဲ့ကြတဲ့ ကိုယ်တော်မြတ် စက္ကရမင်မင်္ဂလာကို သယ်ဆောင်ပြီး ကျေးရွာ(သာသနာအုပ်စုငယ်)တွင်း လှည့်လည်ပူဇော်ခံခြင်း အခမ်းအနားကို လွမ်းဆွတ်တမ်းတမိပါတယ်။အဲဒီလိုစီတန်းလှည့်လည်ကြချိန်မှာ ဘာသာရေးအသင်းအဖွဲ့အားလုံးရဲ့ ကိုယ်စားလှယ်များကတက်ကြွစွာ ပူပေါင်းပါဝင်ကြတယ်။ ကိုယ်တော်မြတ် စက္ကရမင်မင်္ဂလာရှေ့တော်မှာ ကလေးသူငယ်များက လမ်းတစ်လျောက်လုံး ပန်းပွင့်ဖတ်ငယ်လေးများ ဂုဏ်ယူကြဲဖြန့်ကြတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်က ကက်သလစ်ဘာသာဝင်များက မိမိတို့ အိမ်ကို သန့်ရှင်းသပ်ရပ်ဖို့ သတိပြုလုပ်ဆောင်ကြတယ်။လမ်းဘေးမှာ စားပွဲပြင်ပြီး ဘုရားဆင်းတု ၊ပုံတော်တွေတင်လို့ ဖရောင်းတိုင်ထွန်းညှိထားကာ မိသားစုလိုက် ကိုယ်တော်မြတ်မင်္ဂလာကို စိတ်ထက်သန်စွာ ထွက်ဖူးလေ့ရှိကြတယ်။ ဒီဓလေ့က မိမိရဲ့သိုးစုများထံ ဘုရားရှင်ကြွမြန်း ကောင်းချီး သွန်းလောင်းပေးခြင်းနဲ့ ကက်သလစ်ဘာသာဝင်များကလည်း ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာလက်ဆောင်မွန်ကြီးအတွက် ချီးမွမ်းဂုဏ်ပြုခြင်းအတွက်ဖြစ်ပြီး ကက်သလစ်တို့ရဲ့ ကြည်နူးဂုဏ်ယူ စရာဓလေ့တစ်ခုဖြစ်ပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို တထူးတခြား ဂုဏ်ပြုကျင်းပတဲ့နေ့က တစ်နှစ်မှာ (၂)ရက်ရှိတယ်။ပထမအကြိမ်က ကြာသာပတေးနေ့ကြီးမှာ ဖြစ်တယ်။၎င်းနေ့မှာ ကာလ်ဝါရီတောင် ထက် ဘုရားရှင်ယေဇူးခရစ်တော်ရဲ့မိမိကိုယ်ကို စွန့်လွတ်ပူဇော်ခြင်းကို ပြန်လည်ဆန်းသစ် ကျင်းပခြင်း ဖြစ်တယ်။မိမိတို့အနေဖြင့် ကိုယ်တော်ရဲ့ဒုက္ခဆင်းရဲခံခြင်းနဲ့ သေခြင်းမှာ မျှဝေခံစားပြီး ကိုယ်တော့်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာ ပါဝင်စံစားနိုင်ကြဖို့ မျှော်လင့်ဆုပန်ကြပါတယ်။ ဒုတိယအကြီမ်မှာ Corpus Christ ပွဲတော်ကြီးနေ့ကို ကျင်းပကြတာကတော့ ဘုရားရှင်ယေဇူးရဲ့ ကြီးမြတ်ဆုံးသော လက်ဆောင်မွန်ကို တန်ဖိုးထားတုန့်ပြန်ခြင်း ဖြစ်တယ်။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာဟာ ကျွန်ုပ်တို့အားလုံးအတွက် ဘုရားရှင်ယေဇူး အပ်နှင်းပေးတော်မူတဲ့ ထာဝရလက်ဆောင်မွန်ပါ။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာအားဖြင့် အထိရောက်ဆုံးနည်းလမ်းမှာ မိမိကိုယ်ရှင်ကို ပေးအပ်ခြင်းဟာ ဝိညာဉ်အသက်တာခရီးအတွက် ရိက္ခာကို ကိုယ်တော်ရှင်ပေးအပ်ခြင်းဖြစ်တယ်။ဒီဝိညာဉ်ရိက္ခာဖြစ်တဲ့ ထာဝရလက်ဆောင်မွန်ကို ကျွန်ုပ်တို့ အထူးလိုအပ်ကြတယ်။ကျွန်ုပ်တို့အသက်တာမှာ ဘုရားရှင်က မိမိတို့နဲ့အတူတကွ အစဉ်နီးစပ်တည်ရှိနေကြောင်း ခိုင်မာစွာ သိရှိခံစားဖို့လိုအပ်ပြီး ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာက ထင်ရှားဖော်ပြပေးပါတယ်။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို ပါဝင်ကျင်းပခြင်းရဲ့ အကျိုးရလာဒ်များကကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာဆိုတာ ဝိညာဉ်အသက်တာခရီးအတွက် ရိက္ခာပါ။သာမန်အစားအသောက်များက ခန္ဓာကိုယ်အတွက် အဟာရပေးပြီး ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာက ဝိညာဉ်အသက်တာအတွက် ခွန်အားများကို ဖြည့်တင်းပေးတယ်(ကနေ့ရဲ့ဧဝံဂေလိကျမ်း)။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာက ပြောင်းလဲသစ်လွှင်စေနိုင်သောတန်ခိုးတော်နဲ့ ပြည့်ဝတယ်။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို ထိုက်တန်စွာပင့်ယူခြင်းဖြင့် မိမိတို့ပင့်ယူသောအရာသို့ မိမိတို့ ပြောင်းလဲသစ်လွှင်လာနိုင်ကြတယ်။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို ဂုဏ်ပြုကျင်းပခြင်းဖြင့် ကျွန်ပ်တို့ရဲ့ဖြောင့်မတ်ခြင်း၊အပြစ်ဒဏ်ဆပ်ဖြေခြင်းနဲ့ ကယ်တင်ခြင်းတို့အတွက် ယေဇူးခရစ်တော်ရှင်ရဲ့ မိမိကိုယ်ရှင်အား စွန့်လွတ်ပူဇော်ခြင်းကို ပြန်လည်ဆန်းသစ်ကျင်းပခြင်းဖြစ်တယ်။ဒါကြောင့် ရှင်သူအတွက်နဲ့ သေသူအပေါင်းတို့အတွက် မစ္ဆားတရားတော်မြတ်ကို ပူဇော်လေ့ရှိတယ်။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို ရုပ်ပိုင်းနဲ့ဝိညာဉ်ပိုင်းဆိုင်ရာ ကုသမှုခံစားရရှိကြဖို့၊ မကောင်းမှုများမှ ကင်းလွှတ်နိုင်စေဖို့ ရည်ရွယ်ပူဇော်ကြပါတယ်။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကသုံးပါးတစ်ဆူဘုရား၊ ကောင်းကင်တမန်တော်များ၊ရဟန္တာများနဲ့ မိမိတို့ တစ်လုံးတစ်ဝတည်း ပေါင်းစည်းမိတ်သဟာယဖွဲ့နိုင်စေပါတယ်။ ကောင်းကင်က သိုးငယ်တော်ရဲ့မင်္ဂလာဧည့်ခံပွဲအနှစ်သာရကို မြေကြီးပေါ်မှာ ကြိုတင်မြည်းစမ်းခံစားရစေပါတယ်။ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို ကျင်းပခြင်းမှာ ကျွန်ုပ်တို့ရဲ့ရည်ရွယ်ဆုတောင်းရာအားလုံးကို ဘုရားသခင်က အထူးနားညောင်းပေးပါတယ်။ယနေ့မှစ၍ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာကို ဂုဏ်ပြုကျင်းပချိန်တိုင်း ကက်သလစ်ဘာသာဝင်များ တက်ကြွစွာနဲ့ သဒ္ဒါကြည်ညိုစိတ်ပြည့်ဝစွာ ပါဝင်ပူဇော်နိုင်ကြပြီး ထိုက်တန်စွာ ပြင်ဆင်ပင့်ယူနိုင်ကြပါစေသား။

 

Daily Reflection