ကိုယ်တော်မြတ်ပွဲတော်ကြီး
(ရှင်လုကာ ၉:၁၁-၁၇)
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
၁၁ လူအစုအဝေးတို့ သည် ဤ အကြောင်း ကိုကြားသိ သော အခါ ကိုယ်တော် ၏ နောက် သို့ လိုက်ကြ ၏။ ကိုယ်တော် သည် လည်းသူ တို့ ကို လက်ခံ ၍ ဘုရားသခင် ၏ နိုင်ငံတော် အကြောင်း ကို ဟောပြောသွန်သင် လျက် ကုသ ခြင်း ကို လိုအပ် သော သူ တို့ အားကုသပျောက်ကင်းစေ တော်မူ ၏။၁၂ ထိုအချိန် တွင် ညနေစောင်းပြီဖြစ် သောကြောင့် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့ သည် ကိုယ်တော့်ထံ သို့ ချဉ်းကပ်ကြ လျက် လူအစုအဝေးတို့အား အနီးအနားရှိကျေးရွာ များ သို့ သွား ၍ တည်းခို ရန် အစားအစာ များ ကို ရှာဖွေနိုင် ရန် စေလွှတ် တော်မူ ပါ။ အကြောင်း မူကား တပည့်တော်တို့ရောက်ရှိနေသောဤနေရာ သည် လူသူကင်းဝေး သည့် အရပ်ဖြစ်ပါ သည် ဟု လျှောက်ကြ ၏။၁၃ သို့ သော် ကိုယ်တော် ကသင်တို့ သည် သူတို့အား စားစရာကိုပေး ကြလော့ဟု တပည့်တော် တို့ ကို မိန့် တော်မူ ၏။ သူတို့ က လည်း ဤလူ အားလုံး အတွက် စားစရာကို တပည့်တော်တို့သွား ၍ မဝယ်ပါက တပည့်တော်တို့ ၌ ပေါင်မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်ထက်ပို ၍ မရှိ ပါဟု လျှောက်ကြ ၏။၁၄ အကြောင်း မူကား ထိုနေရာ ၌ ယောက်ျား ဦးရေငါးထောင်ခန့်ရှိ သောကြောင့် ဖြစ် ၏။ ကိုယ်တော် က လည်း ဤသူ တို့ ကို တစ်စု လျှင် လူငါးဆယ်စီစု ၍ ထိုင်စေလော့ဟု တပည့်တော်တို့အား မိန့် တော်မူ ၏။၁၅ တပည့်တော်တို့ သည် လည်း အမိန့်တော် အ တိုင်း ဆောင်ရွက်ကြ ၍ လူ အားလုံး တို့ ကို ထိုင်စေကြ ၏။၁၆ ထို့နောက် ကိုယ်တော် သည် ပေါင်မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်ကိုယူ ၍ ကောင်းကင် သို့ မျှော်ကြည့် လျက် ကောင်းချီးပေး ပြီးမှဖဲ့ ၍ ၎င်းကို လူအ များ ရှေ့ တွင် တည်ခင်းစေ ခြင်း ငှာ တပည့်တော်တို့အား ပေး တော်မူ ၏။၁၇ လူ အပေါင်းတို့ သည် လည်း စား ၍ ဝကြပြီးမှ တပည့်တော်တို့ သည် ကြွင်းကျန်သောမုန့် အကျိုး အပဲ့ များ ကို ကောက်သိမ်း ကြရာ တစ်ဆယ့်နှစ်တောင်းအ ပြည့်ရကြလေ ၏။
ထောက်ရူချက်
ခရစ်တော်ဘုရား က ကိုယ်တော်မြတ်စက္ကရမင်တူးကို သူ့ရဲ့ ကားတိုင်ပေါ်က ပူဇော်ခြင်းကို အမှတ်ရစေဖို့ တည်ထောင်ပေးခဲ့ တယ်။ ကိုယ်တော်ရှင် နောက်တစ်ဖန်ကြွလာချိန်အထိ အဆက်မပြတ် တည်နေဦးမယ့် ပူဇော်သက္ကာရ ဖြစ်လာခဲ့ ပါတယ်။ ခရစ်တော်က ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် ကျွန်ုပ်တို့အလယ်မှာ အမှန်တကယ် တည်ရှိ နေပါတယ်။ကိုယ်တော်မြတ်ပွဲတော်ကို ကျင်းပရင်း ကျွန်ုပ်တို့အတွက် ထောက်ရှုစရာ အချက် (၃) ချက်ရှိပါ တယ်။ ပထမအချက်က ခရစ်တော်ဟာ ကိုယ်တော်မြတ်အားဖြင့် သူရဲ့ တည်ရှိခြင်းကို ဆက်လက် အဓွန့်ရှည် စေတယ်။ တချို့လူတွေ မသေခင်မှာ တစ်ခုခုကို အမှတ်ရစေဖို့ ချန်ရစ်ခဲ့လေ့ရှိတယ်။ ဥပမာ လက်စွပ်လေး တစ်ကွင်း၊ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ် စသဖြင့် ထားခဲ့ကြတယ်။ သခင်ယေဇူးကကျတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထားရစ်ခဲ့တယ်။ ဘုရားအဖြစ်၊ လူ့အဖြစ် အဖြစ်နှစ်ပါးနဲ့ အတူတကွရှိနေမယ့် ကိုယ်တော်မြတ် စက္က ရမင်တူးကို ထားပေးခဲ့ပါတယ်။ ဒါဟာ ဘုရားက သူ့ရဲ့ တည်ရှိခြင်းကို အမှတ်ရစေဖို့ ထားခဲ့တဲ့ အမွေတစ်ခုပါ။ အာရုံများနဲ့ မမှီနိုင်တဲ့ဘုရားကို ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် အမြင်၊ အထိ၊ အရသာ အာရုံတို့ဖြင့် မြည်းစမ်းခွင့်ကို ဘုရားက ပေးခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ ဘုရားရှင်ကို ကျွန်တော်တို့ အချိန်တိုင်း ဆုံတွေ့ဖူးမြော်ခွင့်ရှိတယ်။ အပြင်လော ကမှာ ရာထူးကြီးတဲ့ လူကြီးတွေ၊ အာဏာရှိတဲ့ သူတွေကို အချိန်တိုင်း တွေ့ဆုံဖို့ဆိုတာ မလွယ်ကူဘူး။ ကြိုတင် ချိန်းဆိုမှုတွေလုပ်မှ တွေ့ခွင့်ရတယ်။ ဒါတောင် အားလုံးတွေ့ခွင့်ရချင်မှ ရမှာ။ ခရစ်တော်ဘုရားကျ အဲ့လိုမဟုတ် ဘူး။ ဘုရင်တကာတို့ရဲ့ ဘုရင် ဆိုပေမဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးထဲမှာ နှိမ့်ချစွာနဲ့ ရှိနေတယ်။ အချိန်တိုင်း တွေ့လို့ရတယ်။ ဘာမှ ကြိုတင်ချိန်းစရာမလိုဘူး။ ဒါပေမဲ့ နှိမ့်ချတဲ့ ယုံကြည်ခြင်းတော့ လိုအပ်တယ်။တတိယအချက်အနေနဲ့ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းအတွက် ကားတိုင်ပေါ်မှာ အသက်စွန့် ပူဇော်ပေးခဲ့ပြီး ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် ဆက်လက် ပူဇော်ပေးနေသလို ကျွန်ုပ်တို့ ကိုလည်း သူတစ်ပါးအတွက် ပူဇော်ပေးဆပ်ကြဖို့ ဖ်ိတ်ခေါ်နေပါတယ်။ ခရစ်တော်ကို ပင့်ယူကြတဲ့ သူတွေဟာ ခရစ်တော်နဲ့ တဖြေးဖြေး ပုံစံတူလာရမှာ ဖြစ်ပါတယ်။ မာသာရ်ထရေဇားက ခရစ်တော်ဘုရားရဲ့ တည်ရှိခြင်းကို ပုံစံနှစ်မျိုးနဲ့ ယုံကြည်ခဲ့တယ်။ မုန့်၊ စပျစ်ရည် အဆင်းသဏ္ဍာန်အောက်မှာ ဘုရားရှိတာကိုယုံတယ်။ ပြီးတော့ သူမ အစေခံနေတဲ့ လူတွေထဲမှာလည်း ခရစ်တော် ရှင်သန်နေတယ်ဆိုတာကို ယုံကြည်နိုင်ခဲ့တယ်။ ကိုယ်တော် မြတ်စက္ကရမင်တူးက တစ်ဦးတစ်ယောက်ထဲအတွက် မဟုတ်ဘူး။ အများနှင့်ဆိုင်တဲ့အရာ။ ကိုယ်တော်မြတ်ကို ပင့်ယူခြင်းအားဖြင့် ခရစ်တော် ရဲ့ ကိုယ်ခန္ဓာကို အတူတကွ တည်ဆောက်ကြခြင်း ဖြစ်ပါတယ်။ကိုယ်တော်မြတ်စက္ကရမင်တူးထဲမှာ ဘုရားသခင် တကယ်ရှိတယ်ဆိုတာကို ယုံကြည်ကြ ရဲ့လား။ ဘုရားရှင်ရဲ့ တည်ရှိခြင်းကို ယုံကြည်ပြီး ကျွန်ုပ်တို့ ဝိညာဉ်ခွန်အား၊ ဘ၀ခွန်အားတွေ ယူကြရမှာဖြစ် တယ်။ ဘုရားရှိတယ်ဆိုတာကို ယုံကြည်ရင် ကျွန်ုပ်တို့အတွက် ခွန်အားနှစ်သိမ့်မှုကို ဖြစ်စေပါတယ်။ ဘုရား သခင် ထားရစ်ခဲ့တဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးကို ပင့်ယူခွင့် မရရှိကြသေးတဲ့ ဘာသာ၀င်အားလုံးအတွက် သတိရ ဆုတောင်းပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ တည်ရှိခြင်းကို ယုံကြည်ပြီး ဝိညာဉ်ခွန်အားတွေ ရယူနိုင်ကြ ပါစေ။