ဇွန်လ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့
မာတေဦး ၇း ၁၅-၂၀
Rev. Fr. Paschal Thi Ko Shin( SDB)
Posted by Sr. Benedeth Myat Hnin New (ISR)
အယောင်ဆောင်ပရောဖက်များကိုသတိပြုကြလော့။သူတို့သည်အတွင်း၌လုယက်စားသောက်တတ်သော ဝံပုလွေများဖြစ်သော်လည်း သိုးရေခြုံကာ သင်တို့ထဲသို့လာကြ၏။ထိုသူတို့၏အကျင့်များကိုကြည့် ၍သူတို့သည်မည်သို့သောသူများဖြစ်သည်ကို သင်တို့သိကြလိမ့်မည်။စပျစ်သီးကိုဆူးပင်တို့မှလည်းကောင်း ၊ တည်သီးများကိုအနှစ်မဲ့ဆူးပင်ငယ်တို့မှလည်းကောင်း ခူးဆွတ်ရရှိကြသလော။ဤနည်းတူပင် မျိုးကောင်းသောအပင်သည် ကောင်းသောအသီးကိုသီးတတ်၏။မျိုးညံ့သောအပင်မူကားမကောင်းသောအသီးကိုသီးတတ်၏။မျိုးကောင်းသောအပင်သည် မကောင်းသောအသီးကိုမသီးနိုင်။မျိုးညံ့သောအပင်သည်လည်းကောင်းသောအသီးကိုမသီးနိုင်ပေ။ကောင်းသော အသီးကိုမသီးသောအပင်မှန်သမျှသည် ခုတ်လှဲ၍မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။သို့ဖြစ်၍သင်တို့သည်သူတို့၏ အကျင့်များကိုကြည့်ခြင်းအားဖြင့် သူတို့သည်မည်သို့သောသူဖြစ်သည်ကိုသိကြလိမ့်မည်။ထောက်ရူချက်****သူတော်ကောင်းယောင်ဆောင်တယ်ဆိုတာအပြင်ပမ်းကြည့်ရင်တော့လှပါတယ်။အတွင်းကပုပ်နေတယ်။အယောင်ဆောင်တယ်ဆိုတာ တကယ်တော့အတုပဲ။ဟန်ဆောင်တာ။မစစ်မှန်ဘူး။ရှေ့တစ်မျိုး၊နောက်တစ်မျိုးကောင်းချင်ယောင်ဆောင် ပြတဲ့သူတွေကိုဘုရားမကြိုက်ပါဘူး။အပေါ်ယံပဲလုပ်ပြပြီးအနှစ်သာရရှိတဲ့တကယ့်တန်ဖိုးတွေကို မေ့လျော့ လျစ်လျူရှုထားလို့မရပါဘူး။ဥပဒေကိုလက်တစ်လုံးခြားရိုက်ပြီးကိုယ်ကောင်းစားဖို့ ဉာဏ်များတဲ့သူတွေကများလာတယ်။ယနေ့ခေတ်ကြီးမှာအရာရာကတိုးတက်ပြောင်းလဲလို့လာတယ်။စီးပွားရေး၊ ဆေး ပညာ၊သိပ္ပံ၊နည်းပညာများတွေဟာနေ့စဉ်နှင့်အမျှတဟုန်ထိုးတိုးတက်ပြောင်းလဲနေတယ်။ဒီလိုတိုးတက် လာတာတွေကဘဝအတွက်အထောက်အပံ့ဖြစ်စေပေမဲ့လည်းဘဝရဲ့ အနှစ်သာရတော့မဟုတ်သေးဘူး။တစ်ဖက်မှာတိုးတက်နေသလိုတစ်ဖက်မှာမေတ္တာတွေခေါင်းပါးလာတယ်။လျစ်လျူရှုတာတွေ များလာ တယ်။ဆင်းရဲမွဲတေမှုနှင့်အိုးမဲ့အိမ်မဲ့ဘဝတွေနေရာတိုင်းမှာမြင့်တက်လာတယ်။တရားမျှတခြင်း၊ သနား ကြင်နာခြင်းတွေချောင်ထိုးခံထားရတယ်။ခြင်ကိုက်တာကိုအားခနဲအော်ပြီးမောင်းထုတ်နေသော်လည်းကုလားအုပ်တစ်ကောင်လုံးမြိုချတာတောင်အသံနဲနဲမှမထွက်ကြတာဘာကြောင့်လဲ။တကယ်တော့ အပြင်မှာလှသော်လည်း အတွင်းမှာပုပ်နေကြတယ်။သူများမျက်ရည်ကြီးပေါက်ကျမှ စားရတဲ့ထမင်း တစ်လုပ်ကို မြိန်ရည်ရှက်ရည်မြိုကျတဲ့သူတွေဟာအတွင်းကောက်တဲ့ သူတော်ကောင်း အယောင်ဆောင်များပဲဖြစ်ပါတယ်။အပြင်ပိုင်းအနှစ်မရှိတဲ့အရာတွေထက်ပိုပြီးလေးနက်တဲ့ မေတ္တာတရား၊ ကရုဏာတရား၊ စာနာထောက်ထားခြင်း၊တရားမျှတခြင်းတွေကိုလိုက်ကျင့်ကြဖို့ကျွန်ုပ်တို့ကိုဘုရားရှင်သတိပေး နေပါ တယ်။အတွင်းရော၊အပြင်ရောသန့်စင်ပြီးအပြောနှင့်အလုပ်မျှတသူတွေဖြစ်အောင် ကြိုးစားကျင့်ကြံနိုင်ကြပါစေ။