ဇွန်လ ၂၃ ရက်(ကြာသပတေးနေ့)
မာတေဦး ၇း၂၁-၂၉
Rev. Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Sabina Hla Yee Win (ISR)
ငါ့ကိုသခင်၊သခင်ဟုခေါ်သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ကောင်းကင်ဘုံ၌ရှိတော်မသောငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသာလျှင်ဝင်ရလိမ့်မည်။ထိုနေ့ရက်ကျရောက်သောအခါ များစွာသောသူတို့ကငါ့အားသခင်၊သခင်၊အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်၌ဟောပြောခြင်း၊နတ်ဆိုးများကို နှင်ထုတ်ခြင်း၊များစွာသောတန်ခိုးတို့ကိုပြခြင်းအစရှိသည်တို့ကိုပြုခဲ့ကြသည်မဟုတ်ပါလောဟုလျှောက်ကြလိမ့်ည်။ထိုအခါငါကသင်တို့ကိုငါလုံးဝမသိ၊မတရားသောအမှုကိုပြုသောသူတို့၊ငါ့ထံမှထွက်သွားကြလော့ဟူ၍သူတို့အား အတိအလင်းပြောဆိုမည်။ငါ၏စကားကိုကြား၍ကျင့်သောသူဟူသမျှသည်ကျောက်ပေါ်၌မိမိ၏အိမ်ကိုဆောက်ထားသောပညာရှိနှင့်တူလိမ့်မည်။မိုးရွာ၍ရေကြီးပြီးမုန်တိုင်းထန်သဖြင့်ထိုအိမ်ကိုရိုက်ခတ်သော်လည်း၎င်းမှာ ကျောက်ပေါ်၌တည်ဆောက်ထားသောကြောင့်မပြိုလဲချေ။ဤငါ၏စကားများကိုကြား၍မကျင့်ဘဲနေသောသူဟူသမျှသည်ပေါ်၌မိမိ၏အိမ်ကိုဆောက်ထားသောလူမိုက်နှင့်တူလိမ့်မည်။မိုးရွာ၍ရေကြီးပြီးမုန်တိုင်းထန်သဖြင့်ထို အိမ်ကိုရိုက်ခတ်သောအခါ၎င်းသည်ပြိုလဲ၍၎င်း၏ ပျက်စီးခြင်းမှာလည်းကြီးမားလှပေသည်ဟုမိန့်တော်မူလေ၏။ယေဇူးသည်ဤအကြောင်းအရာများကိုဟောပြောတော်မူပြီးသောအခါလူပရိသတ်တို့သည်ကိုယ်တော်၏သွန်သင်ချက်များကိုလွန်စွာအံ့ဩကြကုန်၏။အကြောင်းမူကားကိုယ်တော်သည်ကျမ်းတတ်ဆရာတို့ကဲ့သို့မဟုတ်ဘဲဩဇာ အာဏာရှိသူတစ်ဦးကဲ့သို့ထိုသူတို့အားဟောပြောသွန်သင်တော်မူသောကြောင့်ဖြစ်၏။ထောက်ရူချက်***ဒီယနေ့ ခရစ်တော်ဘုရားရှင်က'ငါ့ကိုသခင်၊သခင်ဟုခေါ်သောသူတိုင်းကောင်းကင်နိုင်ငံတော်ကိုဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသာလျှင်ဝင်ရလိမ့်မည်သခင်ယေဇူးကဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားကိုနားထောင်ခြင်းနှင့်ဘုရားအလိုတော်ဆောင်ရွက်ခြင်းတို့ရဲ့အရေး ကြီးပုံကိုသွန်သင်ဆုံးမထားပါတယ်။ခရစ်ယာန်များဟာနားထောင်သူဖြစ်ရုံနဲ့မလုံလောက်ဘဲလုပ်ဆောင်သူများ လည်းဖြစ်ကြဖို့လိုပါတယ်။ဘုရားရဲ့နှုတ်ကပါတ်တော်ကိုသိပေမဲ့မကျင့်သုံးဘဲနေတဲ့အခါဘုရားပေးတဲ့အသက်ပေး စကားကစိမ့်ဝင်မှုမရှိတော့ဘူး။ဒီအခါမှာကျွနု်ပ်တို့တတွေဟာအောက်ခြေအုတ်မြစ်ခိုင်မာမှုမရှိတဲ့အိမ်တစ်လုံးကို ဆောက်နေတာနဲ့အတူတူပါပဲ။မိုးသက်မုန်တိုင်းကျတဲ့အခါအလွယ်တကူလေးပဲပြိုလဲပျက်စီးသွားနိုင်တယ်။ဒါ ကြောင့်ဘုရားရဲ့နှုတ်ကပါတ်တော်ကိုသိရင်ကျင့်ရမယ်။ပါးစပ်ကဘုရားအောာ်ပေမဲ့လက်ကတရားမပါရင်မဟုတ် သေးဘူး။လွယ်လွယ်လေးနဲ့ဘုရား၊ဘုရာတပြီးတရားကျင့်ကြံမှုမရှိတဲ့သူတွေကိုဘုရားမကြိုက်ပါဘူး။နားထောင် တာကနည်းနည်း၊ပြောတာကများများမဖြစ်ရဘူး။လူရှေ့သူရှေ့ဆိုဟိတ်ဟန်တွေလုပ်ဖို့မလိုပါဘူး။ဘုရားရဲ့စကား ဟာရိုးရိုးစကားမဟုတ်ဘူး။အသက်ပေးတဲ့စကား။အစွမ်းရှိတယ်။တန်ခိုးကြီးတယ်။တကယ်ကျင့်ရင်တကယ်အကျိုး ရှိပါတယ်။နေ့စဉ်ရှင်သန်ကြရတဲ့ဘဝမှာဘုရားရဲ့နှုတ်ကပါတ်တော်ကိုဆင်ခြင်နှလုံးသွင်းကျင့်ကြံတတ်တဲ့သူဟာအ ခက်ခဲကိုလည်းရင်ဆိုင်ရဲပါတယ်။ဘုရားရဲ့အလိုတော်ကိုလည်းမြင်နိုင်လက်ခံနိုင်တယ်။ဘုရားရဲ့စကားကိုနား ထောင်ပြီးလိုက်ကျင့်တဲ့သူဟာကျောက်ဆောက်ပေါ်မှာအိမ်ဆောက်တဲ့ပညာရှိနဲ့တူပါတယ်လို့ဘုရားရှင်ကမိန့်ကြား ထားပါတယ်။တကယ်တော့သခင်ယေဇူးကမိမိကိုယ်ကိုကျောက်ဆောင်ကျောက်သားတစ်ခုဖြစ်ကြောင်းရည်ညွှန်း ပြောဆိုနေတာပါ။ခရစ်တော်ဘုရားရှင်ဟာတည်တံ့ခိုင်မာတဲ့ကျောင်ဆောင်တစ်ခုဖြစ်ပါတယ်။အဲ့ဒီကျောက်ဆောင် ပေါ်မှာအိမ်ကလေးတွေနဲ့တူတဲ့ကျွန်ုပ်တို့ရဲ့ဘဝအသက်တာကိုတည်ဆောက်ကြရမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေအပေါင်းတို့၊ မိမိတို့ရဲ့ ဘဝအသက်တာအိမ်လေးကို ဘယ်အပေါ်မှာ တည်ဆောက်ချင်ကြလဲ။သဲပေါ်မှာလား။ကျောက်ဆောင်ပေါ်မှာလား။ ကိုယ့်ရဲ့အိမ်ငယ်လေးတည်တံ့ခိုင်မာချင်ရင်တော့ဘုရားရှင်ရဲ့ နှုတ်တော်ထွက်စကားကိုနားထောင်ပြီးလိုက်ကျင့်ကြရအောင်။အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ။