ဇွန်လ ၂၄ ရက်နေ့ (သောကြာနေ့)
လုကာ ၁း ၅၇-၈၀
Rev. Fr. Pascal Thi Ko Shin (SBD)
Posted by Sr.Sabina Hla Yee Win (ISR)
ဧလိဇဘက်သည်မွေးဖွားရန်နေ့လစေ့သောအခါသားယောက်ျားကိုဖွားမြင်လေ၏။သခင်ဘုရားသည်ဧလိဇဘက်အားမိမိ၏မဟာကရုဏာတော်ကိုပြတော်မူကြောင်းအိမ်နီးချင်းများနှင့်ဆွေမျိုး သားချင်းတို့ကြားကြသောအခါသူမနှင့်အတူဝမ်းမြောက်ကြ၏။ထို့နောက်ရှစ်ရက်မြောက်သောနေ့၌သူငယ်ကိုအရေဖျားလှီးခြင်းမင်္ဂလာပေးခြင်းငှာသူတို့သည်လာကြ၍သူငယ်၏အမည်ကိုလည်းအဖ၏အမည်အတိုင်းဇခါရိယဟုမှည့်ခေါ်မည်ပြုကြ၏။သို့သော်သူ၏မိခင် ကထိုသို့မဟုတ်ပါ။သူ့ကိုယောဟန်အမည်ဖြင့်မှည့်ခေါ်ရမည်ဟုဆို၏။သူတို့ကလည်းသင်၏ဆွေမျိုးတို့တွင်တစ်ယောက်မျှဤအမည်ဖြင့်မှည့်ခေါ်ထားခြင်းမရှိပါဟုသူမအားပြန်ပြောကြ၏။ထို့နောက်သူငယ်ကိုမည်ကဲ့သို့မှည့်ခေါ်စေလိုကြောင်းဖခင်ဖြစ်သူအားကိုယ်လက်အမူအရဖြင့်မေးမြန်းကြ၏။ထိုအခါဇခါရိယသည်သင်ပုန်းတစ်ချပ်ကိုတောင်းပြီးလျှင်သူငယ်၏အမည်ကားယောဟန်ဖြစ်သည်ဟုရေးလေ၏။ထိုသူတို့လည်းအံ့ဩကြလေ၏။ထိုခဏချင်းတွင်ဇခါရိ၏နှုတ်သည်ပွင့်၍သူ၏လျှာသည်လည်းအနှောင်အဖွဲ့မှကင်းလွတ်ကာသူသည်ဘုရားသခင်ကိုချီးမွမ်းထောမနာပြုလေ၏။သူတို့၏အိမ်နီးချင်းတို့သည်လည်းကြောက်ရွံ့ထိတ်လန့်ကြကုန်၏။ဤအကြောင်းအရာအလုံး စုံကိုဂျူဒေးယပြည်တောင်ကုန်းဒေသအနှံ့အပြားတွင်ပြောဆိုကြလေ၏။ကြားသိသောသူအပေါင်းတို့သည်လည်းထိုအဖြစ်အပျက်များကိုနှလုံးသွင်းကြ၍သို့ဖြစ်လျှင်ဤသူငယ်သည်ကားမည်ကဲ့သို့သောသူဖြစ်လာလိမ့်မည်နည်းဟုဆိုကြ၏။အကြောင်းမူကားဘုရားသခင်၏လက်တော်သည်သူနှင့်အတူရှိတော်မူသောကြောင့်တည်း။သူငယ်ကားကြီး ပြင်းလာ၍ဉာဏ်ပညာနှင့်ပြည့်စုံလေ၏။သူသည်အစ္စရာအဲလ်လူမျိုးထံသို့ထင်ရှားစွာထွက်ပေါ်မလာမီတိုင်အောင် တောကန္တာရ၌နေလေ၏။ထောက်ရူချက်***ဒီနေ့ကျွန်ုပ်တို့မွေးနေ့ပွဲတစ်ခုကိုကျင်းပနေကြပါတယ်။အသင်းတော်ရဲ့ ဝတ်ပြု ကိုးကွယ်ခြင်းပြက္ခဒိန်မှာမွေးနေ့ပွဲကျင်းပတာ၃ဦးပဲရှိပါတယ်။ပထမတစ်ဦးကဒီဇင်ဘာ၂၅မှာကျင်းပတဲ့ယဇူးဘုရားရှင်ဖြစ်ပါတယ်။ဒုတိယတစ်ယောက်တစ်ယောက်ကတော့စက်တင်ဘာလ၈ရက်နေ့မှာကျင်းပတဲ့ကညာစင်မယ်တော်မာရီယားဖြစ်ပါတယ်။ပုံမှန်အားဖြင့်ရဟန္တာတွေရဲ့ပွဲနေ့တွေကိုသူတို့ရဲ့ကွယ်လွန်တဲ့နေ့မှာသာသနာတော်ကကျင်းပလေ့ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကွယ် လွန်တဲ့နေ့မှာသူတို့ဟာထာဝရအသက်သစ်ကိုရရှိကြတယ်။သခင်ယေဇူးနဲ့မယ်တော်ရဲ့မွေးနေ့ပွဲပြီးရင်မွေးနေ့ကျင်းပတာဟာရှင်ယောဟန်ဘတ္တစ္စတားပဲရှိပါတယ်။ယောဟန်ဘတ္တစ္စတားဟထူးခြား တယ်။တခြားသောပရောဖက်တွေနဲ့မတူဘဲတမူထူးခြားစွာကွဲပြားနေတာကိုတွေ့ရတယ်။ ရှင်ယောဟန်ဟာအမိဝမ်းတွင်မှာကတည်းကသန့်စင်ခြင်းခံရတယ်။ဘုရားသခင်ရှေ့မှာဒီကလေးဟာကြီးမြတ်တဲ့သူ ဖြစ်လိမ့်မယ်လို့ကြိုတင်မိန့်မှာခံထားရတဲ့သူဖြစ်တယ်။မမွေးဖွားခင်ကတည်းကသန့်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့ ပြည့်ဝနေခဲ့တဲ့သူဖြစ်ပါတယ်။မိခင်ဧလိဇဘတ်ရဲ့ဝမ်းတွင်းမှာရှိနေစဉ်အမိမယ်တော်ကလည်းကိုယ်ဝန်ကြီးနဲ့ဧလိဇဘတ်ထံသွားခဲ့တယ်။မယ်တော်ရဲ့နှုတ်ဆက်သံကိုကြားတဲ့အခါမှာဧလိဇဘတ်ရဲ့ဝမ်းတွင်းကကလေးငယ်လေးပျော် ရွှင်ခုန်မြူးခဲ့တယ်။မမွေးခင်ကတည်းကဘုရားနဲ့ဆုံဆည်းခွင့်ရရှိခဲ့တယ်။သခင်ဘုရားကြွလာမယ့်လမ်းကိုလည်းနီးနီး ကပ်ကပ်ပြင်ဆင်ပေးခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်သူဟာပရောဖက်တွေထဲမှာအကြီးမြတ်ဆုံးဖြစ်ခဲ့ရပါတယ်။မိဘ တွေကလည်းသားဖြစ်သူကိုဘုရားသခင်ထံမှာလုံလုံလျားလျားပုံအပ်ပူဇော်ထားခဲ့တယ်။ယောဟန်ဘတ္တစ္စတားဟာ ဘုရားအတွက်ပဲဖြစ်ခဲ့တယ်။ဒါကြောင့်မို့ယောဟန်ဘတ္တစ္စတားရဲ့မွေးဖွားခြင်းဟာကောင်းကြီးမင်္ဂလာနဲ့ပြည့်ဝနေခဲ့ တယ်။တခြားသူအတွက်ဝမ်းမြောက်ခြင်းကိုဆောင်ကျဉ်းပေးတယ်။မွေးနေ့ဆိုတာတကယ်တော့ဘုရားပေးတဲ့ရတနာတစ်ခုပါ။လူတစ်ယောက်မွေးဖွားခြင်းဟာအမင်္ဂလာမဟုတ်ဘူး။မင်္ဂလာဖြစ်ရမှာ။မိဘတွေကလည်းမွေးလာတဲ့ မိမိတို့ရဲ့သားသမီးတွေကိုယောဟန်ဘတ္တစ္စတားလိုပဲဘုရားအတွက်ပူဇော်အပ်နှံတတ်ရတယ်။ကိုယ်ရဲ့မွေးဖွားခြင်း ဟာသူတစ်ပါးအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေလား။ပျော်ရွှင်မှုကိုဖြစ်စေလား။မိမိတို့အသက်တာကိုပြန်လည်စမ်းစစ်ကြည့်ပါ။ယနေ့ချိန်ထိမိမိကြောင့်သူများပျော်ရွှင်ခဲ့ရလား။အဓိပ္ပါယ်ရှိတဲ့ဘဝဖြစ်ပါစေ။လူဖြစ်ရကျိုးနပ်တဲ့ဘဝ ကိုရှင်သန်နိုင်ကြပါစေ။