ကိုယ်တော်သည်တစ်ဆယ့်နှစ်နှစ်အရွယ်ရောက်သောအခါပါစကားထုံးစံရှိသည့်အတိုင်းသူတို့သည်ဂျေရုဆလင်မြို့သို့တက်သွားကြလေ၏။ထို့နောက်ပွဲတော်ရက်များပြီးဆုံး၍သူတို့ပြန်လာကြသောအခါသူငယ်တော်ယေဇူးသည်ဂျေရုဆလင်မြို့၌နေရစ်ခဲ့လေ ၏။ကိုယ်တော်၏မိဘတို့သည်ထိုအကြောင်းကိုမသိကြချေ။သူတို့သည်အပေါင်းအဖော်အစုအဝေးတို့တွင်ကိုယ်တော်ပါရှိသည်ဟု ထင်မှတ်၍တစ်နေ့တာခရီးပြုကြပြီးမှမိမိတို့၏ဆွေမျိုးအသိအကျွမ်းထဲတွင်ကိုယ်တော့်ကိုရှာကြ၏။သူတို့သည်ကိုယ်တော့်ကိုမတွေ့သောအခါဂျေရုဆလင်မြို့သို့ပြန်သွား၍ရှာလေ၏။သုံးရက်လွန်သောအခါသူတို့သည်ကိုယ်တော့်ကိုဗိမာန်တော်ထဲ၌ကျမ်းတတ်ဆရာများနှင့်အတူထိုင်ကာသူတို့ပြောသောစကားများကိုနားထောင်၍မေးခွန်းများမေးမြန်းလျက်ရှိသည်ကိုတွေ့ကြ၏။ကိုယ်တော်၏စကားကိုကြားကြသောသူအပေါင်းတို့သည်ကိုယ်တော်၏ဉာဏ်ပညာနှင့်ဖြေကြားချက်များကိုအံ့ဩကြလေ၏။မိဘ တို့သည်လည်းကိုယ်တော့်ကိုတွေ့လျှင်အံ့အားသင့်လျက်မယ်တော်ကကိုယ်တော်အားငါ့သား၊အဘယ်ကြောင့်ငါတို့အားဤသို့ပြုသနည်း။သင့်ဖခင်နှင့်ငါသည်စိတ်ပူပန်လျက်သင့်ကိုရှာခဲ့ကြရပြီဟုဆိုလေ၏။ထိုအခါကိုယ်တော်ကအဘယ်ကြောင့်ကျွန်ုပ်ကိုရှာ ကြပါသနည်း။ကျွန်ုပ်သည်ခမည်းတော်၏အိမ်တော်တွင်ရှိနေရမည်ကိုမသိကြသလောဟုသူတို့အားမိန့်တော်မူ၏။သူတို့မူကားမိမိတို့အားကိုယ်တော်ပြောသောစကားကို နားမလည်ကြချေ။ ထို့နောက်ကိုယ်တော်သည်မိဘတို့နှင့်အတူလိုက်ပါသွား၍နာဇရက် မြို့သို့ရောက်သော်သူတို့ကိုနာခံလျက်နေထိုင်လေ၏။ကိုယ်တော်၏မယ်တော်သည်လည်းထိုဖြစ်ရပ်အလုံးစုံတို့ကိုနှလုံးသွင်းထားလေ၏။ထောက်ရူချက်*** ဒီယနေ့ကျွန်ုပ်တို့မယ်တော်ရဲ့အပြစ်မဲ့သောနှလုံတော်ပွဲကိုကျင်းပနေကြပါတယ်။အခြေပြုကျမ်းကတော့ရှင်လုကား၂း၅၁မှာ"ကိုယ်တော်၏မယ်တော်သည်ဤအဖြစ်အပျက်အလုံးစုံတို့ကိုသူမ၏နှလုံး၌သိမ်းဆည်းထားလေ၏ "သခင်ယေဇူး၏ရွှေနှလုံးတော်ပွဲကိုကျင်းပပြီးတဲ့နောက်မှာမယ်တော်ရဲ့အပြစ်မဲ့တဲ့နှလုံးတော်ပွဲကိုဂုဏ်ပြုကျင်းပခြင်းဖြစ်ပါတယ်။သခင်ယေဇူးရဲ့နှလုံးတော်ကိုသဒ္ဓါကြည်ညိုခြင်းနှင့်မယ်တော်ရဲ့နှလုံးတော်ကိုသဒ္ဓါကြည်ညိုခြင်းဆိုတာဟာဆက်နွယ်ပတ်သက်နေပါတယ်။အမေနဲ့သားဟာသန္ဓေတည်စကနေကားတိုင်ခြေရင်းထိနီးနီးကပ်ကပ်ရှိနေခဲ့တာမို့သားတော်ရဲ့နှလုံးသားနဲ့မယ်တော်ရဲ့နှလုံးသားဒီအသည်းနှစ်မွှာကို အတူဂုဏ်ပြုတာဟာအင်မတန်ဆီလျှော်သင့်မြတ်လှပါတယ်။ယေဇူးခရစ်တော်ရဲ့ နှလုံးသားက ဘုရားရဲ့နှလုံးသားဖြစ်ပါတယ်။လူသားတွေပေါ်ထားရှိတဲ့ဘုရားရဲ့တုနှိုင်းမဲ့ချစ်မေတ္တာတွေကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။မယ်တော်ရဲ့နှလုံးတော်ကတော့ဘုရားသခင်အပေါ်ထားရှိတဲ့သူမရဲ့ချစ်ခြင်းကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့မယ်တော်ရဲ့ နှလုံးတော်ကဘုရားကိုကျွန်ုပ်တို့ဘယ်လိုချစ်ရမလဲဆိုတာပြသပေးတယ်။လူသားတွေအားလုံးထဲမှာမယ်တော်သာလျှင်ဘုရားသခင်ကိုအပြည့်အ၀ချစ်ပြနိုင်ခဲ့တဲ့သူပါ။ဘာဖြစ်လို့လဲဆိုတော့မယ်တော်ရဲ့နှလုံးသားဟာအပြစ်ကင်းစင်လို့ပါပဲ။အပြစ်မဲ့စွာနဲ့သန္ဓေယူတယ်။အပြစ်မဲ့စွာနဲ့ချစ်နိုင်ခဲ့တယ်။ဖြစ်ပျက်သမျှအရာရာအားလုံးကိုမယ်တော်ကသူမရဲ့အပြစ်မဲ့နှလုံးသားထဲမှာသိမ်းဆည်းထားခဲ့တယ်။ဒီယနေ့ဖတ်ရှုရတဲ့ကျမ်းစာထဲမှာသခင်ယေဇူးကိုဗိမ္မာန်တော်ထဲမှာပြန်ရှာတွေ့တဲ့အချိန်မယ်တော်ကသားတော်ကို မေးခဲ့တယ်။"ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲသား"သခင်ယေဇူးကအဖအိမ်တော်မှာသူရှိရမယ်လို့ပြန်ဖြေတဲ့အခါမယ်တော်ကအရာရာအားလုံးကိုနှလုံးသွင်းထားခဲ့တယ်။ဘုရားသခင်ရဲ့အလိုတော်စီမံကိန်းကိုနားမလည်သော်လည်းနှလုံးသားထဲမှာဆင်ခြင်သိမ်းဆည်းထားခဲ့တယ်။ဒါကြောင့်မို့မယ်တော်ရဲ့နှလုံးသားကိုဂုဏ်ပြုနေကြတဲ့ကျွန်ုပ်တို့သားသမီးတွေကိုအမိမယ်တော်လိုပဲဘုရားသ ခင်ရဲ့အလိုတော်ကိုယုံကြည်လက်ခံနှလုံးသွင်းတတ်ဖို့ဖိတ်ခေါ်နေပါတယ်။အဖြစ်အပျက်တိုင်းမှာဘုရားကိုမြင်တယ်၊နှလုံးသွင်းဆင်ခြင်တတ်မယ်ဆိုရင်ဘုရားကိုပိုပြီးချစ်တတ်လာပါလိမ့်မယ်။ အမိမယ်တော်ကဲ့သို့ဘုရားကိုပိုပြီးချစ်ခင်ကြည်ညိုသဒ္ဓါပွားကာ ဘဝရဲ့အဖြစ်အပျက်တိုင်းကိုနှလုံးသားနဲ့ဆင်ခြင်ပြီးလျှောက်လှမ်းအသက်ရှင်နိုင်ကြပါစေ။