Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-30 08:00:13
#31 December 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (သံယောဟန် ၁း ၁ - ၁၈)
#စစ္စတာရ် မေရီ ဒိုရင်း (SFX)
Posted by M.Sulatthtwe

ဒီနေ့ကတော့ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်ဘဲ ဖြစ်ပါတယ်။ နှစ်ကုန်ရင် တစ်နှစ်တာအတွင်း အရှုံး၊အမြတ် စာရင်းကို တွက်ချက်ကြတဲ့ စီးပွားရေးရှင်များလိုဘဲ ကျွန်ုပ်တို့လည်း တစ်နှစ်တာအတွင်း ပြုခဲ့ကြတဲ့ အပြစ် မှားယွင်းခြင်းများနဲ့ ကောင်းမှုကုသိုလ်များကို သေချာစွာသိရအောင် မိမိကိုယ်ကို မေးမြန်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့ရဲ့  ၀ိညာဉ်ကာယ ဘေးအန္တာရာယ်ကင်းဖို့ စောင်မခြင်း၊ အတတ်ပညာ၊ ဉာဏ်ပညာ တိုးပွားစေခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ခဲ့ခြင်း၊ အပြစ်များကို တတ်နိုင်သမျှ ကြဉ်ရှောင်နိုင်အောင် ကူညီမစခြင်းများအတွက် ဘုရားရှင်ကို ကျေးဇူးအထူး တင်ရမှာလည်း ဖြစ်ပါတယ်။တစ်နှစ်ပတ်လုံး မကောင်းတဲ့ဝါသနာတွေကို ခြိုးခြံ အသက်ရှင်လှုပ်ရှားရလို့  ပင်ပန်းပေမယ့်လည်း နှစ်ကုန်ရက်မှာ ပြန်စဉ်းစားလိုက်ရင် အားရကျေနပ်မှု ရရှိမှာဖြစ်ပါတယ်။ စိတ်ပေါ့လျော့စွာနဲ့ ဘာကောင်းမှု ကုသိုလ်မှမလုပ်ဘဲ တစ်နှစ်တာ ကုန်ဆုံးခဲ့မယ်ဆိုရင်တော့ လာမဲ့နှစ်မှာ ကြိုးစားဖို့ အခွင့်အရေး တစ်ခုအနေနဲ့ အားတင်းကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာမှာယောဟန်သည် ကိုယ်တော်ကို သက်သေခံလျက် ကြွေးကြော်သည်မှာ ငါ့နောက်မှ ကြွလာမည့်သူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍ ငါ့ထက် ကြီးမြတ်သည်ဟု ငါဆိုခဲ့သောသူကား ဤသူပင် ဖြစ်သတည်း”(သံယောဟန် ၁း ၁၅) (သံယောဟန် ၁း ၁၈)မည်သူမျှ ဘုရားသခင်ကို မမြင်ဖူးကြ။ သို့သော် ခမည်းတော်၏ရင်ခွင်တော်၌ ရှိတော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူ၏။အထက်ပါ ကျမ်းစကားများအားဖြင့် ခရစ်တော်ယေဇူးကို သိရှိပြီး ထိုမှတဆင့် ဘုရားသခင်ကို သိမြင်ရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကို မမြင်ဖူးသလို သခင်ခရစ်တော်ကိုလည်း မမြင်ဖူးပါဘူး။ ဒါပေမယ့်လည်း (သံယောဟန် ၁း ) မှာနှုတ်တော်ထွက်စကားသည် ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုထားတဲ့အတွက် ကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့လာ ထောက်ရှုခြင်းဖြင့် ဘုရားသခင်ကို သိရှိရင်းနှီးကျွမ်းဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမဲ့နှစ်သစ် တစ်လျှောက်လုံး နှုတ်တော်ထွက်စကားအတိုင်း ပြုကျင့်နေထိုင်ခြင်းဖြင့် ဘုရားသခင် နှစ်သက်သော သားသမီးများ ဖြစ်ကြမှာပါ။ ယေဇူးသခင်ကို အားကိုးမှီခိုရင်း ပျော်ရွှင်စရာနှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

 #စစ္စတာရ် မေရီ ဒိုရင်း (SFX)

Daily Reflection