ဇွန်လ (၂၈) ရက်၊ အင်္ဂါနေ့
Mtt- 8: 23-27
Rev.Fr.Pascal Thi Ko Shin (SDB)
Posted by Sr. Sabina Hla Yee Win (ISR)
ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူသောအခါတပည့်တော်တို့သည်လည်းကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ထိုအခါပင်လယ်တွင်ရုတ်တရက်မုန်တိုင်းပြင်းထန်စွာကျရောက်သဖြင့်လှေသည်လှိုင်းတံပိုးများအကြားတွင်နစ်မြုပ်လုမတတ်ဖြစလေ၏။ကိုယ်တော်မူကားကျိန်းစက်လျက်ရှိတော်မူ၏။တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ်၍ကိုယ်တော့်ကိုနှိုးပြီးလျှင်သခင်၊ကယfတော်မူပါ၊တပည့်တော်တို့သည်ပျက်စီးခြင်းသို့ရောက်ရပါတော့မည်ဟုအသနားခံကြ၏။ကိုယ်တော်ကလည်းယုံကြည်ခြင်းအားနည်းသောသူတို့၊အဘယ်ကြောင့်ကြောက်ရွံ့ကြသနည်းဟုသူတို့အားမိန့်တော်မူ၏။ထို့နောက်ကိုယ်တော်သည်ထ၍လေနှင့်ပင်လယ်ကိုကြိမ်းမောင်းတော်မူသောအခါထိုနေရာသည်လွန်စွာငြိမ်သက်သာယာလေ ၏။ သူတို့သည်လည်းအံ့ ဩကြ၍ဤသူသည်မည်သို့သောသူဖြစ်သနည်း။လေနှင့်ပင်လယ်တို့ပင်လျှင်သူ့ကိုနာခံကြပါသည်တကားဟုဆိုကြလေ၏။ ထောက်ရှုချက် ***တစ်ခါမှာကလေးမလေးတစ်ယောက်က သူ့အဖေနဲ့အတူသင်္ဘောစီးပြီးခရီးထွက်လာခဲ့ပါတယ်။လမ်းခုလတ်မှာမုန်တိုင်းနဲ့ကြုံလာတော့အဖေဖြစ်သူက"သမီးမကြောက်နဲ့နော်ဘာမှမဖြစ်ဘူး၊ဖေဖေ့လက်ကိုကိုင်ထား"သမီးလေးကိုအာပေးစကားပြောလိုက်တယ်။"မဟုတ်ဘူးဖေဖေ၊သမီးကဖေဖေ့လက်ကိုကိုင်ရင်ကြောက်ပြီးတော့လက်မမြဲမှာစိုးရတယ်။ဖေဖေကသမီးလက်ကိုကိုင်ထားပေး"ဆိုပြီးပြန်ဖြေလိုက်ပါတယ်။ဖခင်ဖြစ်သူအပေါ်လုံးဝယုံကြည်အားကိုးထားတဲ့သမီးလေးရဲ့စိတ်။တကယ်ကိုလေးစားဖို့ကောင်းပါတယ်။မကြောက်ကြနဲ့ဆိုတဲ့စကားလုံးကိုကျမ်းစာထဲမှာအကြိမ်ပေါင်းများစွာတွေ့ရတယ်။မကြောက်နဲ့ပြောလေလူတွေကပိုကြောက်လေပဲလားမသိ။ယုံကြည်မှုရဲ့ဆန့်ကျင်ဖက်ကကြောက်ခြင်းပဲ။ဒီနေ့ကျမ်းစာထဲမှာတပည့်တော်ကြီးတွေဟာ မုန်တိုင်းလာတဲ့ အခါမှာ ကြောက်စိတ်ဝင်ကြတယ်။ ခရစ်တော်ဘုရားက အိပ်ပျော်နေတယ်။ ခရစ်တော်ဘုရား ရှင်ကိုယ်တိုင်ရှိနေပါလျှက်နဲ့အကြောက်ကြီးကြောက်နေကြတဲ့သူတို့ကိုယုံကြည်ခြင်းအားနည်းတဲ့သူတွေလို့ဆုံးမခဲ့ပါတယ်။ကျွန်ုပ်တို့လည်းပဲဘုရားကိုယုံကြည်ကြတယ်။ဒါပေမဲ့လည်းဒုက္ခအခက်ခဲတွေရင်ဆိုင်ရတဲ့အခါဘဝကထင်သလိုအဆင်မပြေတဲ့အခါဘုရားရဲ့တည်ရှိခြင်းကိုသတိမရတော့ဘဲကြောက်စိတ်တွေပဲဝင်လာတတ်ကြတယ်။ယုံကြည်ရမယ့်အစားကြောက်ခြင်းတွေသာဝင်ရောက်လာတဲ့အခါဘုရားကိုမေ့သွားတတ်ကြတယ်။တကယ်တမ်းတော့ကျွန်ုပ်တို့တွေအခက်ခဲတွေကြုံရတဲ့အခါဘုရားကအိပ်ပျော်နေတာမဟုတ်ပါဘူး။သူရဲ့တည်ရှိခြင်းကိုယုံကြည်အားကိုးစေချင်တာပါ။ဘဝရဲ့အခက်ခဲဒုက္ခတွေကိုရင်ဆိုင်ဖြတ်သန်းရတဲ့အခါကြောက်စိတ်တွေ၊စိုးရိမ်စိတ်တွေဝင်လာမှာပဲ။ဒါပေမဲ့လည်းဘုရားသခင်ကျွန်ုပ်တို့နဲ့အတူရှိတယ်ဆိုတာကိုသတိရပါ။ယုံကြည်အားကိုးပါ။မကြောက်ကြပါနဲ့။ ဘုရားသခင်အိပ်ပျော်နေတာမဟုတ်ပါဘူး။ဘုရားကိုပိုပြီးယုံကြည်အားကိုးကြရ အောင်။