Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-28 10:20:42
ဇွန်လ၊ ၂၉ ရက် ၊ စိန့်ပီတာနှင့်စိန့်ပေါလ်ပွဲ
Matthew 16: 13-19
Rev.Fr.Pascal Thi Ko Shin (SDB)
Posted by Sr.Sabina Hla Yee Win(ISR)

ယေဇူးသည်ဆီဇားရိယဖိလိပိနယ်သို့ရောက်သောအခါလူအပေါင်းတို့သည်လူသားကိုမည်သူဖြစ်သည်ဟူ၍ဆိုကြသနည်းဟုသူ၏တပည့်တော်တို့အားမေးတော်မူ၏။သူတို့ကလည်းလူအချို့ကကိုယ်တော်သည်ယောဟန်ဘတ္တိဇံ၊အချို့ကဧလိယ၊အချို့ကဂျေရေမိ၊သို့မဟုတ်ပရောဖက်တစ်ပါးပါးဖြစ်ကြောင်းပြောဆိုကြပါသည်ဟုလျှောက်ကြ၏။ကိုယ်တော်ကလည်းသင်တို့မူကားငါမည်သူဖြစ်သည်ဟူ၍ဆိုကြသနည်းဟုသူတို့အားမေးတော်မူလျှင်။စီမွန်ပေတရုကကိုယ်တော်သည်အသက်ရှင်တော်မူသည့်ဘရားသခင်၏သားတော်တည်းဟူသောခရစ်တော်ဖြစ်ပါသည်ဟုလျှောက်လေ၏။ယေဇူးကလည်းယောန၏သားစီမွန်၊သင်သည်မင်္ဂလာရှိ၏။အကြောင်းမူကားဤအရာကိုသင့်အားအသွေးအသားကဖော်ပြခြင်းမဟုတ်ဘဲကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ ခမည်းတော်ကဖော်ပြတော်မူခြင်းသာဖြစ်၏။သင့်အားငါဆိုသည်မှာသင်သည်ပေတရုဖြစ်၏။ဤကျောက်ပေါ်တွင်ငါ၏အသင်းတော်ကိုငါတည်ဆောက်မည်။ထိုအသင်းတော်ကိုငရဲ၏တံခါးတို့သည်မအောင်နိုင်ရာ။ကောင်းကင်နိုင်ငံတော်၏သော့ကိုလည်းသင့်အားငါပေးမည်။ကမ္ဘာမြေပေါ်တွင်သင်ချည်နှောင်သမျှသည်ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ကမ္ဘာမြေပေါ်တွင် သင်ဖြေလွှတ်သမျှသည်လည်းကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့်မည်ဟုမိန့်တော်မူ၏။ထောက်ရူချက်***ဒီယနေ့ကက်သလစ်သာသနာတော်ရဲ့ကျောင်းတိုင်ကြီး၂ခုလို့ပြောလို့ရတဲ့တမန်တော်ကြီးရှင်ပီတာနှင့်ရှင်ပေါလူးတို့ရဲ့ပွဲနေ့ဖြစ်ပါတယ်။ဇန်နဝါရီလ၂၅ရက်နေ့မှာတမန်တော်ကြီးရှင်ပေါလူးအကျင့်တရားပြောင်းလဲခြင်းပွဲကိုကျင်းပတယ်။ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့မှာရှင်ပီတာရဲ့ရာဇပလ္လင်ပွဲဆိုပြီးတစ်ရက်ချင်းစီပွဲသီးသန့်ကျင်းပကြတာရှိပါတယ်။ဒါပေမဲ့လို့လည်းဒီတမန်တော်ကြီး၂ပါးကိုအတူတကွ ယှဉ်တွဲပြီးပွဲနေ့တစ်ရက်အဖြစ်ကျင်းပရတဲ့အကြောင်းတော့ရှိပါတယ်။တမန်တော်ကြီး ၂ ပါးစလုံးဟာ ထူးခြားချက်တွေရှိတယ်။ သူတို့နှစ်ပါးရဲ့အကျင့်၊စိတ်နေသဘောထား၊သာသနာပြုလုပ်ငန်းတွေလည်းအနည်းငယ်ကွဲပြားကြတယ်။သူတို့ဘဝတစ်လျှောက်မှာလည်းဒီတမန်တော်ကြီး၂ပါးကနီးနီးကပ်ကပ်နဲ့အလုပ်တူလုပ်ခဲ့ကြတာမဟုတ်ဘူး။ဘုရားသခင်ညွှန်ပြတဲ့အလုပ်ကိုကိုယ်ပုံစံ နဲ့ကိုတာဝန်ထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။ရှင်ပီတာကိုအရင်ဆုံးကြည့်ရအောင်၊သူ့နာမည်ကအစတုန်းကစီမုန်လို့ခေါ်တယ်။ဂါလီလီယားနယ်သားစီမုန်ကဆင်းရဲတယ်၊ကြမ်းတမ်းတယ်။စိတ်ဆတ်တယ်။ပညာမတတ်ဘူး။တံငါသည်ဘဝနဲ့ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တဲ့သူ။ရှင်ပေါလူးကိုလည်းအစတုန်းကစောလူးလို့နာမည်တွင်တယ်။ရှင်ပေါလူးရဲ့ကိုယ်ရည်ကိုယ်သွေးကရှင်ပီတာနဲ့မတူဘူး။သူဟာဖာရီဇေဦးတစ်ယောက်ဖြစ်တယ်။မိမိယုံကြည်ရာမှာစိတ်အားထက်သန်တယ်။ပညာတတ်ဆန်တယ်။ပေါင်းသင်းဆက်ဆံရေးညက်တယ်။တစ်စိုက်မတ်မတ်ရှိတယ်။ဒါလေးတွေကသူတို့၂ဦးကြားကမတူညီတဲ့အချက်အနည်းငယ်ဖြစ်ပါတယ်။ ရှင်ပီတာရဲ့နာမည်ကိုခရစ်တော်ကပေးခဲ့တယ်။အဓိပ္ပါယ်ကကျောက်ဆောင်၊ကျောက်သားလို့အနက်ရတယ်။ဒီကျောက်ပေါ်မှာခရစ်တော်ကသူရဲ့အသင်းတော်ကိုတည်ထောင်ပေးခဲ့တယ်။ကျောက်သားဆိုတာခိုင်မာမှုရှိတယ်။တည်ငြိမ်ထည်ဝါမှုရှိတယ်။ငြိမ်ငြိမ်လေးနဲ့အခိုင်အမာတည်တံ့နေတာ။ဒါကြောင့်ရှင်ပီတာရဲ့အရိုက်အရာကိုပုပ်ရဟန်းမင်းကြီးတွေအဆင့်ဆင့်ဆက်ခံပြီးယခုထက်ထိမပြိုလဲဘဲခိုင်မာစွာရပ်တည်နေဆဲဖြစ်ပါတယ်။ရှင်ပီတာကအငြိမ်သမား။ရှင်ပေါလူးကျတော့အလှုပ်သမားလို့ပြောရမယ်။ ကစားပွဲတစ်ခုမှာမရပ်မနားပြေးနေတဲ့သူတစ်ယောက်လိနေရာစုံဖြန့်ကျက်သာသနာပြုနိုင်ခဲ့တယ်။ဘုရားသခင်ရဲ့တရားဒေသနာတော်ကိုလူအများသိအောင်မသိသေးတဲ့လူမျိုးခြားတွေထိသွားရောက်သာသနာပြုနိုင်ခဲ့တယ်။ရှင်ပီတာနဲ့ရှင်ပေါလူးတို့ရဲ့လုပ်ငန်းတွေဟာမတူညီကြဘူး။ရှင်ပီတာလိုမျိုးခိုင်မာတည်တံ့စွာနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအုတ်မြစ်ချကာအမှန်တရားကိုစွဲစွဲမြဲမြဲ သွန်သင်ဖို့လိုသလိုရှင်ပေါလူးလိုလည်းသာသနာတော်ကိုပြန့်ပွားအောင်စွမ်းစွမ်းတမံထမ်းဆောင်ဖို့လိုသေးတယ်။မတူညီတဲ့စရိုက်ပုံစံကိုယ်စီရှိကြတဲ့ဒီတမန်တော်ကြီး၂ပါးအားဖြင့်သာသနာတော်ဟာပိုမိုပြန့်ပွာလာခဲ့တယ်။ဒီလိုပါပဲကျွန်ုပ်တို့ဘဝတွေမှာအထူးသဖြင့်မိသားစုတွေမှာလည်းအဖေနဲ့အမေစရိုက်တူချင်မှတူမယ်။အေးအေးဆေးဆေးနေတတ်တဲ့သူရှိသလိုလှုပ်ရှားနေတဲ့သူလည်းရှိဖို့လိုတယ်။၂ဦးစလုံးအေးနေရင်လည်းမကောင်းဘူး။၂ဦးစလုံးလှုပ်ရှားနေရင်လည်းအစဉ်မပြေပြန်ဘူး။တစ်ယောက်ချင်းစီမှာရှိတဲ့ပင်ကိုယ်စရိုက်၊နေထိုင်မှုပုံစံနဲ့ပဲဖြည့်စွက်အသက်ရှင်ကြမှသာသာယာပျော်ရွှင်တဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်။ကက်သလစ်အသင်းတော်ရဲ့အထင်ကရအချက်ချာကျတဲ့တမန်တော်ကြီး၂ပါးရှင်ပီတာနဲ့ရှင်ပေါလူးတို့ရဲ့ပွဲနေ့ကိုကျင်းပခြင်းအားဖြင့် သူတို့တွေမတူညီတဲ့စရိုက်တွေရှိသော်လည်းဘုရားရှင်ကိုယုံကြည်ခဲ့တယ်။ချစ်ခဲ့တယ်။ဘုရားအတွက်အသက်ပေးခဲ့သလိုပဲကျွန်ုပ်တို့လည်းပဲမိမိရဲ့ဘဝအခြေအနေတိုင်းဘုရားသခင်ပေးတဲ့အမှုတော်ကိုထမ်းဆောင်ကြရမယ်။တစ်ယောက်နဲ့တစ်ယောက်လက်တွဲပြီးဘုရားအမှုတော်ကိုဆောင်ရွက်နိုင်ကြပါစေ။

Daily Reflection