Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-29 09:16:03
ဇွန်လ ၃၀ရက် (ကြာသပတေးနေ့)
မာတေဦး ၉း၁-၈
Rev.Fr.Pascal Thi Ko Shin (SDB)
Posted by Sr.Sabina Hla Yee Win(ISR)

ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၍ပင်လယ်ကိုဖြတ်ကူးပြီးနောက်မိမိ၏နေရင်းမြို့သို့ရောက်တော်မူ၏။ထိုအခါအိပ်ရာပေါ်တွင်လဲနေသည့်လေဖြတ်နေသောသူတစ်ဦးကိုကိုယ်တော့်ထံသို့သယ်ဆောင်လာကြလေ၏။ယေဇူးသည်လည်းထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်တော်မူလျှင်လေဖြတ်နေသောသူအားငါ့သား၊အားမငယ်နှင့်၊သင်၏အပြစ်များကိုခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။ထိုအခါကျမ်းတတ်ဆရာအချို့တို့ကဤသူသည်ဘုရားသခင်ကိုထိခိုက်၍ပြောဆိုသည်ဟုမိမိတို့စိတ်ထဲ၌ဆိုကြ၏။သို့ရာတွင်ယေဇူးသည်ထိုသူတို့၏စိတ်ထဲမှအတွေးကိုသိမြင်တော်မူ၍သင်တို့သည်အဘယ်ကြောင့်စိတ်ထဲ၌အဆိုးမြင်ကြသနည်း။မည်သည့်စကားသည်ပြောရန်သာ၍လွယ်ကူသနည်း။သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီဟုဆိုခြင်းလော၊သို့ရာတွင်လူသားသည်လောကတွင်အပြစ်များကိုခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်းသင်တို့သိမြင်စေရမည်ဟုဆိုပြီးမှလေဖြတ်နေသောသူအားလော့၊သင်၏အိပ်ရာကိုယူ၍အိမ်သို့ပြန်လော့ဟုမိန့်တော်မူ၏။ထိုသူသည်လည်းထ၍မိမိ၏အိမ်သို့ပြန်သွားလေ၏။လူအစုအဝေးတို့သည်ထိုအခြင်းအရာကိုမြင်သောအခါထိတ်လန့်ကြ၍လူသားတို့အားဤသို့သောအခွင့်အာဏာကိုပေးတော်မူသည့်ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြလေ၏။ယေဇူးသည်ထိုနေရာမှကြွသွားစဉ်မာတေးဦးအမည်ရှိသောသူတစ်ယောက်သည်အခွန်ရုံးတွင်ထိုင်နေသည်ကိုမြင်၍ငါ့နောက်သို့လိုက်လော့ဟုသူ့အားမိန့်တော်မူ၏။သူသည်လည်းထ၍နောက်တော်သို့လိုက်လေ၏။ ထောက်ရူချက်***ဒီယနေ့ကြားရတဲ့ဧဝံဂေလိကျမ်းစာထဲမှာလေဖြတ်နေတဲ့လူမမာတစ်ယောက်ကိုလူတွေကထမ်းပိုးပြီးခရစ်တော်ဆီခေါ်လာပါတယ်။သင့်ရဲ့အပြစ်တွေခွင့်လွတ်ခြင်းခံရပြီလို့မိန့်တော်မူပြီးလေဖြတ်တဲ့လူမမာကိုကုသပေးလိုက်ပါတယ်။ အပြစ်ခွင့်လွှတ်ခြင်းနှင့်ကုသခြင်းကဆက်စပ်လို့နေပါတယ်။အပြစ်ကြောင့်လူဟာနာမကျန်းဖြစ်ရတယ်။ခန္ဓာမှာမဖြစ်ရင်တောင် ဝိညာဉ်မှာလာထိပါတယ်။အပြစ်ပြုလိုက်တဲ့အခါလူရဲ့ဝိညာဉ်ဟာဖျားနာလာတယ်။လေဖြတ်သလိုအစွမ်းမဲ့လာပါတယ်။အပြစ်ကြီးတစ်ခုကျူးလွန်ထားတဲ့လူတစ်ယောက်အတွက်သူ့ဝိညာဉ်၊သူ့သြတ္တပ္ပစိတ်ဟာလည်းမှန်ကန်ရှင်းလင်းစွာတွေးခေါ်တတ်ဖို့ဆွံ့အသွားစေတယ်။ကိုယ်ကျူးလွန်လိုက်တဲ့နေရာမှာကိုယ်ဟာအားနည်းသွားတယ်။အမှောင်ဖုံးသွားပါတယ်။ဒါကြောင့်ဘုရားရဲ့အပြစ်ခွင့်လွှတ်ခြင်းကိုခံယူဖို့လိုအပ်ပါတယ်။စက္ကရမင်တူးတွေပုံမှန်ခံယူခြင်းအားဖြင့်ဝိညာဉ်ရေးမှာကျန်းမာအောင်ဂရုစိုက်ရပါမယ်။အပြစ်ကဝိညာဉ်ကိုဖျားစေတယ်။မကုဘဲထားရင်ပိုပြီးဆိုးရွားလာတတ်ပါတယ်။နောက်ဆုံးဝိညာဉ်ကိုသေစေတဲ့အထိဖြစ်စေနိုင်တဲ့အတွက်အပြစ်ခွင့်လွှတ်ခြင်းခံယူကြရအောင်၊ပြီးတော့သူများရဲ့အပြစ်တွေကိုလည်းခွင့်လွှတ်နိုင်ဖို့ကြိုးစားအားထုတ်ကြပါစို့။

Daily Reflection