Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-06-30 01:54:51
ဇူလိုင်လ ၁ ရက် ၁၃ကြိမ်မြောက်သာမန်အပတ်
သောကြာနေ့ ၂၀၂၂
ပထမကျမ်း ။ အာမုတ် ၈း ၃-၆၊ ၉-၁၂
ဧဝံဂေလိကျမ်း။ မာတေဦး ၉း၉-၁၃
စောကော့ကော်

ယေဇူးသည်ထိုနေရာမှကြွသွားစဉ်မာတေးဦးအမည်ရှိသောသူတစ်ယောက်သည်အခွန်ရုံးတွင်ထိုင်နေသည်ကိုမြင်ငါ့နောက်သို့လိုက်လော့ဟုသူ့အားမိန့်တော်မူ၏။သူသည်လည်းထ၍နောက်တော်သို့လိုက်လေ၏။ကိုယ်တော်သည်အိမ်တွင်စားပွဲ၌ထိုင်နေတော်မူစဉ်များစွာသောအခွန်ခံသူတို့နှင့်အပြစ်ရှိသူတို့သည်လာကြ၍တပည့်တော်တို့နှင့်တကွယေဇူးနှင့်အတူထိုင်ကြလေ၏။ထိုအခါဖာရီဇေးဦးတို့သည်ဤအခြင်းအရာကိုမြင်ကြလျှင်သင်တို့၏ဆရာသည်အဘယ်ကြောင့်အခွန်ခံသူများ၊အပြစ်ရှိသူများနှင့်အတူစားသောက်ပါသနည်းဟုတပည့်တော်တို့အားဆိုကြ၏။သို့ရာတွင်ထိုစကားကိုကိုယ်တော်ကြားတော်မူသောအခါသူတို့အားမိန့်တော်မူသည်ကားကျန်းမာသောသူတို့သည်ဆေးဆရာမလိုအပ်၊ငါအလိုရှိသည်ကားယဇ်ပူဇော်ခြင်းမဟုတ်၊ကရုဏာသနားခြင်းသာဖြစ်၏ဟူသောကျမ်းစကားသည်မည်သည့်အရာကိုဆိုလိုကြောင်းသွား၍သင်ယူကြလော့။အကြောင်းမူကားဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ငါလာသည်မဟုတ်၊အပြစ်ရှိသောသူတို့ကိုခေါ်ရန်သာငါလာသည်ဟုမိန့်တော်မူ၏။ထောက်ရှုချက်****သခင်ယေဇူးသည်မည်သူဖြစ်သနည်း။ကိုယ်တော်နောက်သို့လိုက်ခြင်းသည်မည်သည့်အဓိပ္ပါယ်ဖြစ်သနည်း။သခင်ယေဇူးသည်အပြစ်သားတွေကိုကုသရန်လာသောသမားတော်ဖြစ်သည်။ကာဖာနာအုမ်မြို့သည်ဂါလေလေးယအိုင်၏အနောက်ဘက်ခြမ်းတွင်မြောက်ဖျားပိုင်းကျသည့်တံငါမြို့ငယ်လေးတစ်မြို့ဖြစ်ပြီးအီဂျစ်ပြည်နှင့်ဒါမစကုမြို့ကိုဆက်သွယ်ထားသောကုန်သွယ်ရေးလမ်းမကြီးပေါ်တွင်တည်ရှိသောကြောင့်ကုန်သွယ်ခွန်များကောက်ခံသောနေရာလည်းဖြစ်သည်။အထူးသဖြင့်ကုန်သည်ကြီးများကုန်စည်များကိုမြောက်ပိုင်းရှိရောမဘုရင်ခံဖိလစ်ပိုင်နယ်မြေများသို့မပို့ဆောင်ခင်အခွန်ဆောင်ရသောနေရာလည်းဖြစ်ခဲ့တယ်။ဂျူးလူမျိုးများဖြစ်သည့်ထာဝရဘုရားသခင်ကိုသာအရှင်သခင်အဖြစ်လက်ခံပြီးတခြားသောလူပုဂ္ဂိုလ်များကိုအရှင်သခင်အဖြင့်လက်မခံသောသူတို့၏အမြင်တွင်အခွန်ကောက်ခံခြင်းသည်ရောမအင်ပါယာ၏ဖိနှိပ်ချုပ်ချယ်ခြင်း၊အရှက်တကွဲဖြစ်အောင်လုပ်သောအမှတ်လက္ခဏာဟုသာခံယူထားကြသည်။ထိုအချိန်ကဂါလေလေးယနယ်တစ်ဝိုက်တွင်ရောမအင်ပါယာ၏လိုရာစေခိုင်းနိုင်သောရုပ်သေးဘုရင်ခံဂျူးတို့၏နိုင်ငံရေးခေါင်းဆောင်ဟေရုဒ်အန်တီးပက်စ်အားဖြင့်အခွန်များကိုကောက်ခံစေခဲ့တယ်။အခွန်ကောက်ခံသူများသည်ဂျူးလူမျိုးများသာဖြစ်ကြပြီးသူတို့ကိုသစ္စာဖောက်လောက်ကောင်များအဖြင့်သာအများကရှုမြင်ခြင်းခံကြရတယ်။ပိုဆိုးတာကအခွန်ခံများသည်သူတို့ရရှိထားသည်လုပ်ပိုင်ခွင့်ကိုသုံးပြီးချပြီးလယ်သမားများ၊တံငါသည်များနှင့်ကုန်သည်များဆီမှအခွန်ကိုပိုမိုတောင်းခံပြီမိမိတို့၏ဘဝရပ်တည်ရေးအတွက်ဝင်ငွေရှာခေါင်းပုံဖြတ်ကြခြင်းဖြင့်အသက်မွေးကြခြင်းကြောင့်ဘာသာရေးရှုထောင့်အရအပြစ်သားများဖြစ်ကြသည်။သူတို့အားဝတ်ပြုရာဗိမာန်သို့ဝင်ရောက်ဆုတောင်းခြင်းမပြုရန်ပင်ပိတ်ပင်တားမြစ်ခြင်းလည်းခံရကြသူများဖြစ်သည်။ထိုအခွန်ခံများထဲတွင်မာတေဦးဟုခေါ်သောအခွန်ခံတစ်ဦးရှိ၏။ရှင်လုကာကျမ်းနှင့်ရှင်မာကုကျမ်းတွင်သူအားလေဝိအမည်ဖြင့်တွေ့ရသည်။လေဝိနှင့်မာတေဦးသည်တစ်ဦးတည်းသာဖြစ်သည်။ထိုအခွန်ခံအပြစ်သားကိုသခင်ယေဇူးသည်မိမိ၏တပည့်တော်အဖြင့်ကိုယ်တော့်နောက်သို့လိုက်ရန်ဖိတ်ခေါ်တော်မူခဲ့သည်။ထိုဖိတ်ခေါ်တော်မူခြင်းသည်ထိုခေတ်အခါကကျမ်းတတ်ဆရာဖာရီဇေးဦးတို့ခံယူထားသည့်ဘာသာရေးခံယူချက်များနှင့်ခြားနားစွာသခင်ယေဇူး၏နက်နဲသော ဘာသာရေးခံယူချက်ကိုပေါ်လွင်စေပါသည်။မာတေဦးနှင့်သူ၏အပေါင်းအပါအခွန်ခံများသည်အမှန်တစ်ကယ်ပင်သူတို့၏အပြစ်များကိုကုသပေးဖို့ရန်သမားတော်လိုအပ်နေသူများဖြစ်ကြည်။(ကျွန်ုပ်တို့တစ်တွေကောသမားတော်မလိုအပ်ကြဘူးလား)။ကျွန်ပ်တစ်တွေဟာလည်းအပြစ်တင်ရှုတ်ချခံရခြင်းနှင့်ကြဉ်ဖယ်ပစ်ပယ်ခံရခြင်းတို့ဖြင့်မိမိတို့၏အပြစ်အနာအဆာများကိုကုသမပျောက်ကင်းနိုင်ကြောင်းကောင်းကောင်းသိထားကြပါသည်။သခင်ယေဇူးသည်အပြစ်သားတွေကိုချစ်တော်မူကြောင်းကိုယ်တော်သည်သူတို့နှင့်ရင်းနှီးကျွမ်းဝင်စွာအတူလက်စုံစားသောက်ဖို့သူတို့ကိုရှာဖွေရွေးချယ်ခြင်းဖြစ်ကြောင်းနှင့်သူတို့ဆီမှာကုသပျောက်ကင်းရန်လိုအပ်နေတဲ့ဘယ်လိုအနာအဆာမျိုးမဆိုထိုကဲ့သို့သောသခင်ယေဇူး၏ချစ်ခြင်းမေတ္တာသာလျှင်သက်သာပျောက်ကင်းစေနိုင်ကြောင်းကိုကျွန်ုပ်တို့ထင်ရှားစွာတွေ့မြင်ကြရပါတယ်။ကိုယ်တော်သည်မိမိ၏အိမ်(၄း၁၃ကိုကြည့်ပါ)၌ပင်အပြစ်သားများကိုတည်ခင်းကြွေးမွေးတော်မူသည်။ထိုအချင်းအရာကိုရှင်မာတေဦးကျမ်းကိုပြုစုသူကကိုယ်တော်နှင့်စားပွဲတော်မိတ်သဟာရဖွဲ့ခြင်းသည်အပြင်လူများ(ကြဉ်ဖယ်ခံရသူကပြစ်သားများ)ကိုပါဖိတ်ခေါ်နေသည့် ခရစ်ယာန်တို့၏ကိုယ်တော်မြတ်စားပွဲတော်မစ္ဆတရားကိုပေါ်လွင်စေသည့်အမှတ်လက္ခဏာကိုဖော်ညွှန်းနေပါသည်။ထိုခေတ်အခါကလူတွေပစ်ပယ်ထားသော၊ဘာသာရေးမှထုတ်ပယ်ခြင်းခံရသောသူများနှင့်အတူသခင်ခရစ်တော်သည်အနီးကပ်ရင်နှီးစွာရပ်တည်နေကြောင်းကိုပါကျွန်ုပ်တို့တွေ့မြင်ကြရသည်။သခင်ယေဇူး၏အပြုအမူသည်မိမိကိုယ်ကိုပညတ်တရား၌သစ္စာရှိသူလို့ခံယူသူများ၏ထင်မြင်ချက်များနှင့်လားလားမျှမတူထီးထီးကြီးကွဲပြားခြားနာနေပါသည်။ကိုယ်တော်သည်သာလျှင်ပညတ်တရားတို့ကိုမှန်ကန်စွာနားလည်သူဖြစ်ပြီးသူတို့မူကားမိမိတို့လိုရာကိုသာဆွဲသုံးပြီးအဓိပ္ပါယ်ဖွင့်ဆိုကြသူများဖြစ်ကြသည်။ကိုယ်တော်သည်ပညတ်တရားများနှင်ပရောဖက်ပြုထားသမျှကိုပြည့်ဝစေသူဖြစ်ပြီးဖြောင့်မတ်ခြင်းတရားကိုကျမ်းတတ်ဆရာဖာရီဇေးဦးတို့ထက်ပိုမိုသောဖြောင့်မတ်ခြင်းတရားဖြစ်သည့် ဘုရားသခင်၏ကရုဏာသနားခြင်းနှင့်ပြည့်ဝသောချစ်ခြင်းမေတ္တာကိုဖြောင့်မတ်သူများနှင့်မဖြောင့်မတ်သူများပါမကျန်မျှဝေပေးတော်မူသည်။ယနေ့ခေတ်အသင်းတော်အတွင်းမှာလည်းအပြစ်သားတွေအသင်းတော်ထဲမှာရှိနေတာကိုအပြစ်တင်ဝေဖန်ရှုတ်ချကြတဲ့သူတွေရှိပါတယ်။အပြစ်သားတွေကိုမလိုချင်လို့ထုတ်ပယ်တာမျိုးလည်းအများကြီးရှိနေတာကိုသတိထားမိကြမှာပါ။ကျွန်ုပ်တို့တစ်တွေဟာအပြစ်ကိုမိမိဘာသာအာရကျေနပ်နေဖို့မသင့်ပါဘူး။ထို့အတူသခင်ယေဇူးပေးတော်မူတဲ့ခွင့်လွတ်ခြင်းတရားကျေးဇူးတော်ကိုလက်ခံရရှိပြီးအပြစ်သားတွေမိမိတို့၏အပြစ်တွေကနေ နောင်တယူနိုင်ဖို့လည်းဘာသာတူအသင်းသာတွေကဖေးမအားပေးသင့်ပါတယ်။ဘာတွေပဲဖြစ်နေပါစေသခင်ယေဇူး၏နောက်တော်သို့လိုက်ကြသည့် မည်သည့် ယုံကြည်သူအဖွဲ့အစည်းမဆို လူအဖွဲ့အစည်းလူသားတို့နဲ့သက်ဆိုင်တာ အားလုံးအစွန်းစွန်ဆုံးကြေကွဲနေတဲ့အပြစ်သားမှအသန့်ရှင်းဆုံးသူတော်သူမြတ်(ရဟန္တာ)အထိပါဝင်နေရပါမယ်။အသင်းတော်ထဲမှာအပြစ်သားတွေအတွက်နေရာမရှိလျင်ဘယ်သူ့အတွက်မှလည်းနေရာရှိလိမ့်မည်မဟုတ်ပါပြီးတော့ အဲ့ဒါဟာလည်းသခင်ယေဇူးခရစ်တော်၏အသင်းတော်မဖြစ်နိုင်ပါ။ကျွန်ုပ်တို့တစ်တွေဟာအပြစ်သားတွေဖြစ်တာကြောင့်သခင်ယေဇူးနှင့်အရင်းနှီးဆုံးတစ်လုံးတစ်ဝတည်းဖြစ်ဖို့လိုအပ်လှပါတယ်။ထို့အတွက်ကြောင့်ကိုယ်တော်၏စားပွဲတော်၌ကိုယ်တော်နှင့်အတူစားသောက်ဖို့ရန်ခေါ်ဖိတ်ခြင်းခံရသူတို့သည်နှိမ့်ချခြင်းနှင့်ကျေးဇူးတင်ခြင်း စိတ်ဖြင့် ခံယူကြသဖြင့်မင်္လာရှိသောသူများဖြစ်ကြရသည်။

Daily Reflection