ဇူလိုင်လ ၃ ရက် ၁၄ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
ပထမကျမ်း ။ ဟေရှာယ ၆၆း၁၀-၁၄
ဒုတိယကျမ်း။ ဂါလားဆီ ၆း၁၄-၁၈
ဧဝံဂေလိကျမ်း။ လုကာ ၁၀း၁-၁၂ ၊ ၁၇-၂၀
ဖာသာရ်စောကော့ကော် (SJ)
Posted by Sr.Sabina Hla Yee Win (ISR)
ကိုယ်တော်သည်အခြားသောတပည့်တော်အပါးခုနစ်ဆယ်တို့ကိုရွေးကောက်ပြီးလျှင်ကိုယ်တော်တိုင်ကြွရောက်မည့်မြို့ရွာအသီးသီးတို့နှစ်ပါးစီကြိုတင်စေလွှတ်တော်မူ၏။ထိုအခါကိုယ်တော်ကသူတို့အားမိန့်တော်မူသည်မှာရိတ်သိမ်းစရာအသီးအနှံများစွာရှိ၏။လုပ်ဆောင်သောသူတို့မူကားနည်းကြ၏။ထို့ကြောင့်မိမိ၏လယ်ကွင်းထဲသို့လုပ်သားများကိုစေလွှတ်မည့်အကြောင်းလယ်ပိုင်ရှင်ကိုတောင်းလျှောက်ကြလော့။သွားကြလော့။ဝံပုလွေတို့အလယ်၌သိုးငယ်များကဲ့သို့သင်တို့ကိုငါစေလွှတ်၏။ပိုက်ဆံအိတ်ကိုလည်းကောင်း၊လွယ်အိတ်ကိုလည်းကောင်း၊ဖိနပ်ကိုလည်းကောင်းသင်တို့ယူဆောင်မသွားကြနှင့်။လမ်း၌လည်းမည် သူ့ကိုမျှနှုတ်မဆက်ကြနှင့်။မည်သည့်အိမ်သို့မဆိုသင်တို့ဝင်ကြသောအခါဤအိမ်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုဦးစွာနှုတ်ဆက်ကြလော့။ငြိမ်းချမ်းသာယာခြင်းကိုလိုလားသောသူသည်ထိုနေရာ၌ရှိလျှင်သင်တို့၏ငြိမ်းချမ်းသာယာခြင်းသည်သူ့အပေါ်သို့ သက်ရောက်လိမ့်မည်။သို့မဟုတ်လျှင်၎င်းသည်သင်တို့ထံသို့ပြန်လာလိမ့်မည်။သင်တို့သည်ထိုအိမ်တွင်နေပြီးလျှင်သူတို့တည်ခင်းကျွေးမွေးသမျှကိုစားသောက်ကြလော့။အကြောင်းမူကားအလုပ်လုပ်သောသူသည်မိမိ၏လုပ်အားခကိုရထိုက်၏။တစ်အိမ်မှ တစ်အိမ်သို့မရွှေ့ပြောင်းကြနှင့်။မည်သည့်မြို့သို့မဆိုသင်တို့ဝင်ကြ၍လူတို့သည်သင်တို့ကိုလက်ခံကြလျှင်သင်တို့ရှေ့တွင်တည်ခင်းကျွေးမွေးသမျှကိုသင်တို့စားကြလော့။ထိုအရပ်၌ရှိသောလူနာများကိုရောဂါပျောက်ကင်းစေကြ၍ဘုရားသခင်၏နိုင်ငံတော် သည်သင်တို့နှင့်နီးလာပြီဟုသူတို့အားဆိုကြလော့။မည်သည့်မြို့သို့မဆိုသင်တို့ဝင်ကြ၍လူတို့သည်သင်တို့ကိုလက်မခံကြလျှင် လမ်းများပေါ်သို့ထွက်ပြီးဆိုရမည်မှာ၊သင်တို့ကိုဆန့်ကျင်သည့်အနေဖြင့်ငါတို့၏ခြေတွင်ကပ်ပါလာသောသင်တို့မြို့မှမြေမှုန့်ကိုငါတို့ခါချလေပြီ၊သို့သော်ဘုရားသခင်၏နိုင်ငံတော်သည်နီးလာပြီကိုသိမှတ်ကြလော့ဟူ၍ဖြစ်၏။သင်တို့အားငါဆိုသည်မှာတရားစီရင်သောနေ့၌ဆောဒိုမာမြို့သည်ထိုမြို့ထက်ပို၍ခံသာလိမ့်မည်။တပည့်တော်အပါးခုနစ်ဆယ်တို့သည်ဝမ်းမြောက်ဝမ်းသာပြန်လာကြ၍သခင်ဘုရား၊ကိုယ်တော်၏နာမတော်ကြောင့်နတ်ဆိုးတို့ပင်လျှင်တပည့်တော်တို့ကိုနာခံကြပါသည်ဟုလျှောက်ကြ၏။ထိုအခါကိုယ်တော်ကစာတန်သည်လျှပ်ပြက်သကဲ့သို့ကောင်းကင်မှကျလာသည်ကိုငါမြင်ခဲ့ပြီ။ကြည့်လော့၊မြွေဆိုးများ၊ကင်းမြီးကောက်များနှင့်ရန်သူ၏အစွမ်းရှိသမျှတို့ကိုနင်းခြေနိုင်သည့်အခွင့်အာဏာကိုသင်တို့အားငါပေးအပ်ထားသောကြောင့်မည်သည့်အရာကမျှသင်တို့ကိုထိခိုက်စေလိမ့်မည်မဟုတ်။သို့သော်နတ်ဆိုးတို့သည်သင်တို့ကိုနာခံသဖြင့်ဝမ်းမြောက်ဝမ်းသာမဖြစ်ကြလေနှင့်။သင်တို့၏အမည်နာမများကိုကောင်းကင်၌ရေးမှတ်ထားလျက်ရှိသောကြောင့်ဝမ်းမြောက်ကြလော့ဟုမိန့်တော်မူ၏။နှုတ်ကပါတ်တော်ထောက်ရှုချက်*****ဒီနေ့ကြားနာရသည့်ဘုရားသခင်၏နှုတ်ကပါတ်တော်များသည်ကိုယ်တော်ရှင်၏သတင်းကောင်းကိုဟောပြောသက်သေခံအတွက်ဖြစ်သည်။ကျွန်ပ်တို့အားဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်ရာကယ်တင်ခြင်းသတင်းကောင်းကိုနှုတ်အားဖြင့်သော်လည်းကောင်းအကျင့်အားဖြင့်သော်လည်းကောင်းသက်သေခံကြွေးကြော်ကြဖို့လူနည်းစုများသာဖြင့်သည်သူတော်စင်ဘောင်ဝင်ကြသူများသာမဟုတ်ဘဲဆေးကြောခြင်းစက္ကရာမင်းတူးခံယူပြီးသူခရစ်ယာန်များအားလုံး၌တာဝန်ရှိကြောင်းမီးမောင်းထိုးသတိပေးနေပါတယ်။ပထမကျမ်းစာတော်မြတ်ထဲ၌ ပရောဖက်ဟေရှာယသည်ဘာဘီလုံအမျိုးသားတို့ထံမှစစ်ရှုံး၍ကျွန်အဖြစ်မှပြန်လွတ်မြောက်လာသောဂျုးလူမျိးများကိုဂျေရုစလင်မြို့ပျက်ကြီးသည်သူတို့အားမိခင်မှသားငယ်ကိုကြည့်ရှုစောင့်ရှောက်သကဲ့သိုကြည့်ရှုစောင့်ရှောက်ပေးမည်ဖြစ်ကြောင်းဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြင့်သူတို့အားကာကွယ်ပေးကာကြွယ်ဝချမ်းသာခြင်းနှင့်ကယ်တင်ခြင်းတရားကိုပေးမည့်ဖြစ်ကြောင်းဘုရားသခင်၏ကတိတော်သတင်းကောင်းများကိုကြွေးကြော်သက်သေခံခဲ့သည်။ဒုတိယကျမ်းစာတော်မြတ်၌ရှင်ပေါလုသည်ဂျူးလူမျိုးမဟုတ်သောဂလာတိလူမျိုးတို့အားဂျုးတို့၏ဓလေ့ထုံးပညတ်များကိုလိုက်နာခြင်း၊မလိုက်နာခြင်းထက်သခင်ယေဇူးခရစ်တော်၏လက်ဝါးကားတိုင်တွင်အသေခံတော်မူခြင်းဖြင့် ကယ်တင်ခြင်းကိုရရှိခြင်းဖြစ်ကြောင်းအသစ်တစ်ဖန်မွေးဖွားခြင်းဖြစ်သည့်ဆေးကြောခြင်းမင်္ဂလာအားဖြင့်သခင်ယေဇူး၌ယုံကြည်ခြင်းသည်သာအရေးကြီးကြောင်းရှင်လင်းပြတ်သားစွာကြွေးကြော်သက်သေခံခဲ့သည်။သခင်ယေဇူးခရစ်တော်နောက်လိုက်ကြသောကျွန်ုပ်တို့တစ်ဦးစီတိုင်းသည်လည်းကိုယ်တော်၏လက်ဝါးကားတိုင်တော်ကယ်တင်ခြင်းတန်ခိုးတော်ကိုမိမိကိုယ်ကိုပေးဆပ်ခြင်းဖြင့်သက်သေခံသတင်းကောင်းမျှဝေဖို့ရှင်ပေါလုကတိုက်တွန်းသတိပေးနေပါသည်။ဧဝံဂေလိကျမ်းစာတော်မြတ်ထဲ၌လည်းရှင်လုကာသည်သခင်ယေဇူးခရစ်တော်ကတပည့်တော်ကြီးခုနှစ်ဆယ့်နှစ်ပါးကိုဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့်ကယ်တင်ခြင်းသတင်းကောင်းကိုမြို့ရွာများသို့ကိုယ်တော်ရောက်မလာသေးခင်ကြိုတင်ဟောပြောသက်သေခံဖို့စေလွတ်တဲ့အကြောင်းအားဖရောဖက်ဟေရှာယ၏ကြိုတင်ဟောထားချက်ကတိစကားကိုပြည့်စုံစေခြင်းဖြစ်ကြောင်းထောက်ပြသက်သေခံထားခြင်းဖြစ်သည်။နှစ်ဦးတစ်တွဲသာသနာပြုခရီးထွက်ကြမည့်တပည့်တော်ကြီး၇၂ပါးကိုသခင်ယေဇူးသည်သူတို့အားဘုရားသခင်ကိုအားကိုးသည့်စိတ်ဖြင့်လျှောက်လှမ်းသက်သေခံရန်၊သူတစ်ပါး၏နွေးထွေးပျူငှာစွာကြွေးမွေးခြင်းကိုသာအားထားအမှီပြုရန်၊ရိုးရှင်းတဲ့ဘဝဖြင့်နေထိုင်ရန်၊သတင်းကောင်းကိုကြေညာဟောပြောရန်နှင့်မကျန်းမာသူများကိုပြုစုပျောက်ကင်းစေရန်တို့ကိုမှာကြားပြီးစေလွတ်တော်မူသည်။ ကျွန်ုပ်တို့အားလည်း ကိုယ်တော် မိန့်မှာ စေလွတ်နေသည်ကို သတိပြုမိနိုင်ပါစေ။
ထောက်ရှုရန် ဘဝအတွက် သင်ခန်းစာ
၁။ကျွန်ုပ်တို့သည်ဧဝံဂေလိသတင်းကောင်းကိုမိမိ၏ပတ်ဝန်းကျင်တွင်အပြုအမူအပြောအဆိုဖြင့်ဆက်လက်ပြီးကြေငြာသက်သေခံရန်လိုအပ်လှပါသည်။သူတော်စင်ဘောင်ဝင်ရဟန်း၊သီလရှင်၊ဓမ္မဆရာ/ဆရာမများ၏တာဝန်သက်သက်သာမဟုတ်ဘဲဆေးကြောခြင်းစက္ကရာမင်းတူးခံယူပြီးသူသာမန်ဘာသာတူတိုင်းမိမိတို့ကျရာကဏ္ဍများတွင်သခင်ယေဇူးညွှန့်ကြားထားသည့်အတိုင်းဘဝကိုသက်သေခံ၍ကောင်းကင်နိုင်ငံနှင့်ဆိုင်ရာကယ်တင်ခြင်းသတင်းကောင်းကိုသက်သေခံကြေငြာဟောပြောကြရပါမယ်။
၂။စံနမူနာပြခရစ်ယာန်အသက်တာများကိုဦးဆောင်ခြင်းဖြင့်ကျွန်ုပ်တို့၏မိသားစုများတွင်ဧဝံဂေလိတရားကိုစတင်ကြေငြာကြပါစို့၊အိမ်ထောင်ဖက်များသည်တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လေးစားကြပြီး၊နာခံမှုနှင့်ဝန်ဆောင်မှုပေးသည့်စိတ်ဓာတ်ဖြင့်သားသမီးများကိုပြုစုပျိုးထောင်ပေးကာခွင့်လွှတ်ခြင်းချစ်ခြင်းမေတ္တာဖြင့်ဆုံးမသွန်သင်ကာမြဲမြံစွာဆုတောင်းတတ်ရန်၊ သူတို့ခံစားရသောကောင်းချီးမင်္ဂလာကျေးဇူးအဖြာဖြာတို့ကိုအခြားသူများကိုဝေမျှခြင်းဖြင့်ကူညီပေးရန်စံနမူနာများအားဖြင့်သွန်သင်ပေးကြပါစို့။