Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-03 08:33:45
ဇူလိုင်လ ၄ ရက် ၁၄ ကြိမ်မြောက် သာမန် တနင်္လာနေ့ ၂၀၂၂
ပထမကျမ်း။ ဟောရှေ ၂း ၁၆၊ ၁၇ခ-၁၈ ၊ ၂၁-၂၂
ဧဝံဂေလိကျမ်း။ မာတေဦး ၉း၁၈-၂၆
"ဖာသာ‌ရ် စောကော့ကော် (SJ)"
Poster by Sr.Sabina Hla Yee Win (ISR)

 

ကိုယ်တော်သည်သူတို့အားထိုသို့မိန့်တော်မူစဉ်အရာရှိတစ်ယောက်သည်အထံတော်သို့ချဉ်းကပ်၍ရှေ့တော်၌ပျပ်ဝပ်လျက်အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွားပါပြီ၊သို့သော်ကိုယ်တော်ကြွလာတော်မူ၍သူမအပေါ်၌ကိုယ်တော်၏လက်တော်ကိုတင်တော်မူပါလျှင်သူမသည်အသက်ပြန်ရှင်လာပါလိမ့်မည်ဟုလျှောက်ထားလေ၏။ထိုစကားကိုမိန့်တော်မူစဉ်အရာရှိတယောက်သည်လာ၍ပြပ်ဝပ်လျက်၊အကျွန်ုပ်၏သမီးသည်ယခုပင်သေဆဲရှိပါ၏။သို့သော်လည်း၊ကိုယ်တော်သည်ကြွ၍သူ့အပေါ်၌လက်ကိုတင်တော်မူလျှင်အသက်ရှင်ပါလိမ့်မည်ဟုလျှောက်၏။ယေဇူးသည်လည်းထ၍တပည့်တော်တို့နှင့်အတူထိုသူ၏နောက်သို့လိုက် တော်မူ၏။ယေရှုသည်ထ၍တပည့်တော်နှင့်အတူထိုသူနောက်သို့လိုက်တော်မူ၏။ထိုအခါတစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်နာစွဲကပ်နေသောအမျိုးသမီးတစ်ယောက်သည်ကိုယ်တော်၏နောက်မှချဉ်းကပ်၍ဝတ်ရုံတော်၏အနားစကိုတို့လေ၏။ထိုအခါတဆယ်နှစ်နှစ်ပတ်လုံးသွေးသွန်အနာစွဲသောမိန်းမတယောက်က၊အကြောင်းမူကားသူမကငါသည်ကိုယ်တော်၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင်ကျန်းမာလာလိမ့်မည်ဟုမိမိစိတ်ထဲတွင်ဆိုသောကြောင့်ဖြစ်၏။ငါသည်အဝတ်တော်ကိုသာတို့လျှင်ချမ်းသာရမည်ဟုစိတ်ထင်နှင့်နောက်တော်သို့ချဉ်းကပ်၍အဝတ်တော်၏ပန်းပွားကိုတို့လေ၏။ယေဇူးသည်လှည့်၍ကြည့်တော်မူလျှင်သူမကိုမြင်သဖြင့်သမီး၊အားမငယ်နှင့်၊သင်၏ယုံကြည်ခြင်းသည်သင့်ကိုကျန်းမာစေပြီဟုမိန့်တော်မူ၏။ထိုအချိန်နာရီမှစ၍ထိုအမျိုးသမီးသည်ရောဂါပျောက်ကင်းသွားလေ၏။ယေရှုသည်လှည့်၍ထိုမိန်းမကိုမြင်တော်မူလျှင်၊ငါ့သမီး၊မစိုးရိမ်နှင့်။သင်၏ယုံကြည်ခြင်းသည်သင့်အနာကိုငြိမ်းစေပြီဟုမိန့်တော်မူ၏။ထိုခဏမှစ၍ထိုမိန်းမသည်အနာကင်းပျောက်လေ၏။ယေဇူးသည်အရာရှိ၏အိမ်သို့ရောက်သောအခါတီးမှုတ်သောသူများနှင့်အတူအုတ်အုတ်ကျက်ကျက်ဖြစ်နေသောလူပရိသတ်ကိုမြင်တော်မူ၏။အရာရှိအိမ်သို့ရောက်တော်မူ၍တီးမှုတ်သောသူတို့နှင့်များစွာသောလူတို့သည်အုန်းအုန်းသဲသဲပြုကြသည်ကိုမြင်တော်မူ၏။ထိုအခါကိုယ်တော်ကနောက်ဆုတ်ကြလော့၊သူငယ်မသည်သေသည်မဟုတ်၊အိပ်ပျော်လျက်သာရှိသည်ဟုမိန့်တော်မူလျှင်ထိုသူတို့သည်ကိုယ်တော့်ကိုလှောင်ပြောင်ရယ်မောကြ၏။ဖယ်ရှားကြလော့။မိန်းမငယ်သေသည်မဟုတ်၊အိပ်ပျော်သည်ဟုမိန့်တော်မူသော်၊ထိုသူတို့သည်ပြက်ယယ်ပြုကြ၏။သို့သော်လူအစုအဝေးတို့ကိုအပြင်ဘက်သို့ထွက်စေပြီးသောအခါကိုယ်တော်သည်အခန်းတွင်းသို့ဝင်၍သူငယ်မကိုလက်မှကိုင်လျက်ထူမတော်မူ၏။ထိုလူများကိုပြင်သို့ထွက်စေပြီးမှအတွင်းသို့ဝင်၍၊မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင်သူသည်ထလေ၏။ထိုအခါသူငယ်မသည်ထလေ၏။ဤသတင်းသည်လည်းထိုဒေသအတွင်းပျံ့နှံ့သွားလေ ၏။ထိုသိတင်းစကားသည်တပြည်လုံး၌နှံ့ပြားကျော်စောလေ၏။
နှုတ်ကပါတ်တော်ထောက်ရှုချက်*****ဒီကနေ့နှုတ်ကပါတ်တော်များသည်ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူရန်သခင်ယေဇူး၏မိန့်မှာချက်သင်၏ယုံကြည်ခြင်းသည်သင်ကိုသက်သာပျောက်ကင်းစေတော်မူပြီ။(မာတေဦး၉း၂၂)ကိုယုံကြည်မျှော်လင်ခြင်းဖြင့်ဘုရားသခင်၏ဟောရှေကိုမိန့်တော်မူသောဖြောင့်​မတ်​ခြင်း၊တ​ရား​သ​ဖြင့်စီ​ရင်​ခြင်း၊ချစ်​သ​နား​စုံမက်ခြင်းနှင့်အညီ ကိုယ်​အ​ဖို့သင့်​ကို​သိမ်း​ယူမည်။(‌ဟောရှေ၂း၂၀)ကိုနှလုံးသွင်းကာကျွန်ုပ်တို့၏ယနေ့ခေတ်ရင်ဆိုင်ကြုံတွေ့နေရသောဒုက္ခအခက်ခဲ များကိုဘုရားသခင်ထံရဲရဲဝံ့ဝံ့ယုံကြည်အားကိုးဖို့ဖိတ်ခေါ်နေပါတယ်။ဧဝံဂေလိကျမ်းစာတော်မြတ်ထဲကကုသပျောက်ကင်းခြင်း အကြောင်းနှစ်ခုစလုံးသည်ယုံကြည်ခြင်း၌ရဲရင့်ခြင်းအကြောင်းကိုပြသနေသည်။သမီးဆုံးသွားသောအရာရှိတစ်ဦးနှင့်သွေးသွန်နာစွဲနေသောအမျိုးသမီးနှစ်ဦးစလုံးအ‌တွေးမြင့်မြင့်တွေး၍ယုံကြည်ခြင်းကြီးမားကြသူများဖြစ်သည်။အရာရှိသည်သူ၏သမီးကို သေရာမှပြင်ရှင်လာအောင်သခင်ယေဇူးကိုယုံကြည်ရဲဝံ့စွာတောင်းခံခဲ့သူဖြစ်သည်။တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်နာစွဲနေသောအမျိုးသမီးသည်ကိုယ်တော်၏ဝတ်လုံတော်အစကိုတို့ထိရုံဖြင့်သူမ၏ဝေဒနာသည်သခင်ယေဇူးကိုဘာအနှာက်အယှက်မှမပေးစကားတစ်ခွန်းမျှမပြောဘဲနှင့်ပင်ပျောက်ကင်းစေလိမ့်မည်ဟုတထစ်ချယုံကြည်ခဲ့သူဖြစ်သည်။သခင်ယေဇူးသည်သူတို့၏ ရဲရင့်တဲ့ယုံကြည်မျော်လင့်ခြင်းကိုကြည်ဖြူစွာလက်ခံတော်မူသည်ကိုကျွန်ုပ်တို့ထင်ထင်ရှားရှားသိမြင်ကြရသည်။သခင်ယေဇူးသည်အမျိုးသမီးအားသင့်၏ယုံကြည်ခြင်းသည်သင်ကိုပြန်လည်ကျန်းမာလာစေခဲ့ပြီးဟုမိန့်တော်မူသည်။အရာရှိသည်မိမိ၏ သမီးသေဆုံးသွားပြီကိုသိသော်လည်းသခင်ယေဇူးအားထက်သန်သောယုံကြည်ခြင်းဖြင့်ကျွန်ုပ်၏သမီးသည်ခုဏလေတင်မှဆုံးပါးသွားခဲ့ပြီးဖြစ်သော်လည်းကျေးဇူးပြု၍ကျွန်ုပ်နှင့်လိုက်လာပြီးကိုယ်တော်၏လက်ကိုသူမပေါ်သို့တင်ခြင်းဖြင့်သူမကိုအသက်ပြန်ရှင်စေတော်မူပါဟုတောင်းလျှောက်ခဲ့သည်။သခင်ယေဇူးသည်ထိုအရာရှိ၏ယုံကြည်မျော်လင့်ခြင်းကိုလိုလိုလားလားလက်ခံပြီးထိုသူခေါ်ရာသို့ထလိုက်သွားတော်မူသည်။

 

ထောက်ရှုရန် ဘဝအတွက် သင်ခန်းစာ

ကျွန်ုပ်တို့တစ်တွေကောထိုသူတို့ကဲ့သို့ရဲရဲရင့်ရင့်ယုံကြည်မျော်လင့်ခြင်းကြီးစွာဖြင့်မိမိတို့၏ဒုက္ခဝေဒနာအခက်အခဲတွေကိုကျော်ဖြတ်နိုင်အောင်သခင်ယေဇူးဘုရားရှင်အပေါ်အားကိုးစိတ်ဖြင့်ချည်းကပ်ဖူးသလဲ။ကျွန်ုပ်တို့၏ဘဝထဲမှာဘုရားသခင်ကိုလုံးလုံးလျားလျားယုံကြည်မျော်လင့်ခြင်းဖြင့်အားကိုးလျှင်ဘုရားသခင်သည်ကိုယ်တော်၏ချစ်ခြင်းမေတ္တာကရုဏာအားဖြင့်ကျွန်ုပ်တို့ကိုအစဉ်ကာကွယ်စောင့်ရှောက်တော်မူ၍ကျွန်ုပ်တို့၏ဒုက္ခအခက်အခဲများပြေငြိမ်းသက်သာစေတော်မူမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝတွင်အဆိုးဆုံးအခြေအနေလို့ထင်ရတဲ့အချိန်တွေမှာယေဇူးဘုရားဟာကျွန်ုပ်တို့နှင့်အတူရှိနေပြီးကိုယ်တော်ရှင်အကောင်းဆုံးသောကရုဏာတော်ကိုကျွန်ုပ်တို့ထဲမှပစ်ပယ်ခံရသူများနဲ့အဆင်းရဲဆုံးသောသူများအားအထူးပြသတော်မူပြီးကူညီမစတော်မူသည်။ကျွန်ုပ်တို့တစ်တွေလည်းသခင်ယေဇူး၏ကရုဏာရှိခြင်းကဲ့သို့သူတစ်ပါးအပေါ်ကရုဏာထားတတ်အောင်ကြိုးစားကြပါစို့။အထူးသဖြင့်ယခုအချိန်မှာကရုဏာတရားကင်းမဲ့စွာလူမဆန်သည့်လုပ်ရပ်များကြောင့်ဒုက္ခအခဲများနှင့်ရင်ဆိုင်နေရသည့်သူများအပေါ်မိမိဘက်မှကရုဏာရေးလုပ်ဆောင်မှုများကိုတတ်နိုင်သလောက်လုပ်ဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ကြားဝင်ဆုတောင်းပေးခြင်းဖြစ်လည်းကောင်းသခင်ယေဇူးအပေါ် ကြီးမားသည်ယုံကြည်မျှော်လင့်ခြင်းရှိသည်ကိုသက်သေခံကြပါစို့။

 

Daily Reflection