Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-04 10:25:37
 ဇူလိုင်လ ၅ ရက် ၁၄ ကြိမ်မြောက် သာမန် အင်္ဂါနေ့ ၂၀၂၂
ပထမကျမ်း။ ဟောရှေ ၈း ၄-၇၊ ၁၁-၁၃
ဧဝံဂေလိကျမ်း။ မာတေဦး ၉း ၃၂-၃၈
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win (ISR)

ထိုသူတို့ထွက်သွားကြပြီးနောက်၊နတ်ဆိုးစီးခံရ၍ဆွံ့အနေသောသူတစ်ဦးကိုလူတို့သည်အထံတော်သို့ခေါ်ဆောင်ခဲ့ကြပြီး၊နတ်ဆိုးကိုနှင်ထုတ်သောအခါတွင်ဆွံ့အသောသူသည်စကားပြောလေ၏။လူအစုအဝေးသည်လည်းလွန်စွာအံ့ဩကြလျက်ဤကဲ့သို့အဖြစ်အပျက်မျိုးကိုအစ္စရာအဲလ်ပြည်၌တစ်ခါမျှမမြင်ဖူးပါဟုဆိုကြ၏။ဖာရီဇေးဦးတို့မူကားသူသည်နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြု၍နတ်ဆိုးများကိုနှင်ထုတ်သည်ဟုဆိုကြ၏။ယေဇူးသည်မြို့ရွာရှိသမျှတို့ကိုလှည့်လှည်ကာ၎င်းတို့၏တရားဇရပ်များတွင်သွန်သင်တော်မူ၍နိုင်ငံတော်၏သတင်းကောင်းကိုဟောကြားလျက်အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေတော်မူ၏။ကိုယ်တော်သည်လူအစုအဝေးတို့ကိုမြင်တော်မူသောအခါသူတို့အပေါ်ကရုဏာသက်တော်မူလေ၏။အကြောင်းမူကားထိုသူတို့သည်သိုးထိန်းမရှိသောသိုးများကဲ့သို့အားကိုးရာမဲ့၍ပူပင်သောကရောက်နေကြသောကြောင့်ဖြစ်၏။ထိုအခါကိုယ်တော်ကသီးအနှံရိတ်သိမ်းစရာများစွာရှိ၏။လုပ်ဆောင်သောသူတို့မူကားနည်းပါးကြ၏။ထို့ကြောင့်လုပ်ဆောင်သောသူတို့ကိုမိမိ၏လယ်ကွင်းသို့စေလွှတ်တော်မူမည့်အကြောင်းလယ်ပိုင်ရှင်ထံသို့တောင်းလျှောက်ကြလော့ဟုတပည့်တော်တို့အားမိန့်တော်မူ၏။

နှုတ်ကပါတ်တော်ထောက်ရှုချက်***ဒီကနေ့ကြားနာရတဲ့နှုတ်ကပါတ်တော်ထဲတွင်ပထမကျမ်းစာတော်မြတ်ထဲ၌ပရောဖက်ဟောရှေခေတ်အခါကလူတို့သည်ဘုရားသခင်ကိုလှည့်စားလိမ်လည်နေခဲ့ကြသည်။သူတို့သည်ဝိညာဉ်ရေးဖောက်ပြန်မှုများ၌ပါဝင်နေခဲ့ကြပြီးလွဲမှားသောခေါင်းဆောင်များကိုရွေးခြယ်ကြကာသူတို့ကိုသူတို့ပျက်စီးခြင်းသို့ရောက်စေရန်သူတို့ရရှိထားသည့် အရင်းအမြစ်များကိုအလွဲသုံးစားပြုခြင်းဖြင့်အညံ့အဖျင်းကိုသာရိပ်သိမ်းခဲ့ကြသည်။ဘုရားသခင်၏နှုတ်ကပါတ်တော်တို့ကိုလည်းမသိကျိုးကျွန်ပြုခဲ့ကြသည်။သူတို့၏မိမိကိုယ်ကိုပျက်စီးစေခြင်းသည်ဝိညာဉ်ရေးဖောက်ပြန်သောအပြစ်ကြောင့်အထူးသဖြင့်အသိပညာမရှိရခြင်းကြောင့်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းထောက်ပြထားသည်။ဧဝံဂေလိကျမ်းစာတော်မြတ်အထူးသဖြင့်အခန်းကြီး၈နှင့်၉တွင်ကျမ်းရေးသူသည်သခင်ယေဇူးသည်မိမိ၏တပည့်တော်ကြီးများနှင့်အတူမြို့ရွာတို့ကိုလှည့်လည်ကာတရားဇရပ်များတွင်သွန်သင်တော်မူ၍နိုင်ငံတော်၏သတင်းကောင်းကိုဟောကြားလျက်အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းကုသခြင်းများအကြောင်းကိုပေါ်လွင်အောင်ထောက်ပြနေသည်။ကိုယ်တော်သည်လှည့်လည်၍ပထမဦးစွာအနူသည်ကိုပျောက်ကင်းစေခဲ့သည်။ထို့နောက်လေဖြတ်နေသောလူနာနှစ်ဦး၊ဖျားနာနေတဲ့ပေတရုရဲ့ယောက်ဖမတို့ကိုကုသပျောက်ကင်းစေခဲ့တယ်။ဆက်လက်ပြီးမျက်မမြင်နှစ်ဉီးနှင့်အရာရှိတစ်ဦး၏သမီးကိုပါရှင်ပြန်ထမြောက်စေခဲ့ကြောင်းကျွန်ုပ်တို့ကြားနာခဲ့ရပြီးဖြစ်သည်။ဒီကနေ့ကျမ်းစာတော်မြတ်ထဲ၌ဆွံ့အနေသူကိုသူထံမှနှတ်ဆိုးကိုနှင်ထုတ်ခြင်းဖြင့်ကုသပျောက်ကင်းစေခဲ့သည်။ထိုသခင်ယေဇူး၏ဒေသစရီပြီးဆုံးသောအခါတပည့်တော်ကြီးများသည်ကိုယ်တော်၏တန်ခိုးအာဏာကိုကောင်းစွာသဘောပေါက်နားလည်ကြပြီး သဘောကျခဲ့ကြကာနောက်ထပ်ကိုယ်တော်နှင့်အတူဒေသစရီထွက်ကြဖို့အလိုရှိခဲ့ကြသည်။သို့သော်သခင်ယေဇူးသည်တစ်ခြား အကြံအစည်တော်ဖြင့်သူတို့အားကိုယ်တော်မပါဘဲသူတို့ကိုယ်တိုင်လှည့်လည်၍ကိုယ်တော်ပြုလုပ်ခဲ့သလိုမကျန်းမာသူများကို သက်သာစေ၍ကောင်းကင်နိုင်ငံတော်၏သတင်းကောင်းကိုဟောကြားသွန်သင်မှုတို့ကိုလုပ်ဆောင်ရန်တပည့်တော်တို့ကိုစေလွှတ်တော်မူခြင်းဖြစ်သည်။

 ထောက်ရှုရန် ဘဝအတွက် သင်ခန်းစာ

ကျွန်ုပ်တို့ရင်ဆိုင်နေရသည်နိုင်ငံရေးပြဿနာများသည်အထူးသဖြင့်လွဲမှားသောခေါင်းဆောင်များ၏ အုပ်ချုပ်မှုအောက်တွင်မိမိတို့၏ဘဝရှင်သန်မှုများပျက်သုဉ်းကြရသည်အထိအသိပညာမဲ့ခဲ့ကြမှုများကြောင့်ဖြစ်ကြရသည်။ကျွန်ုပ်တို့၏အသိပညာမဲ့ခြင်း၊မပြည့်ဝကြခြင်းကြောင့်ဘာသာတရားကိုပါခုတုံလုပ်၍ပြဿနာကိုပိုမိုရှုပ်ထွေးပြီးဘုရားသခင်ကိုလိမ်လည်လှည့်စားကြမူများစွာကိုမျက်ဝါးထင်ထင်ကြုံတွေ့နေကြရသည်။ဘာသာရေးကိုခုတုန်းလုပ်အမုန်းတရားဖန်တီးသူများ၊ဘာသာရေးအစွန်းရောက်သူများသည်ဝိညာဉ်ရေးဖေါက်ပြန်သူများဖြစ်ပြီးအသိပညာမဲ့သူများသာဖြစ်ကြသည်ကိုသတပြုနိုင်ကြပါစေ။ထိုသို့မဖြစ်ရန်ကျွန်ုပ်တို့သည်မည်မျှပင်နိုင်ငံရေးဒုက္ခအခက်အခဲနှင့်ရင်ဆိုင်နေရပါစေသခင်ယေဇူး၏နှလုံးသားကိုပိုင်ဆိုင်သူများအဖြင့်အသိပညာနည်းသော်လည်းချစ်ခြင်းမေတ္တာကိုအရင်းခံသောအသိတရားရှိ‌နေသောသူများဖြစ်ရန်အရေးကြီးလှပါသည်။သခင်ယေဇူးသည်လူအစုအဝေးတို့ကိုမြင်တော်မူသောအခါသူတို့အပေါ်ကရုဏာသက်တော်မူပြီးသိုးထိန်းမရှိသောသိုးများကဲ့သို့အားကိုးရာမဲ့၍ပူပင်သောကရောက်နေကြသောသူများအဖြစ်မြင်ကာသူတို့အတွက်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်စေတော်မူသည်။ကျွန်ုပ်တို့ကိုလည်းကိုယ်တော်၏ကရုဏာသက်ခြင်းကိုကျွန်ုပ်တို့နှင့်နီးစပ်သူအထူးသဖြင့်နိုင်ငံရေးပဋိပက္ခကြားဒုက္ခရောက်နေသူများကိုပြသပြီးချစ်ခြင်းမေတ္တာဖြင့်ခေါင်းဆောင်လမ်းညွှန်ပေးရန်အလိုရှိတော်မူ၍ကျွန်ုပ်တို့တစ်ဦးစီတိုင်းကိုခေါ်တော်မူသည်။မြောက်များလှစွာသောစစ်ဘေးသင့်ပြည်သူများစားဝတ်နေရေးအခက်အခဲဖြစ်နေကြသည်ကိုသတိထားမိ၍ကောင်းသောသိုးထိန်းတစ်ဦးကဲ့သို့သိုးတွေကိုကြွေးမွေးပြုစုလမ်းပြနိုင်သူများဖြစ်နိုင်ကြပါစေ။

(အို....အဖဘုရားသခင်တပည့်တော်ကိုသခင်ယေဇူး၏နှလုံးသာကဲ့သို့စွန့်လွတ်အနစ်နာခဲ့ချစ်ခြင်းမေတ္တာရှိသောနှလုံးသားကိုပေး‌တော်မူပါ။သခင်ယေဇူးလုပ်ဆောင်ခဲ့သလိုတပည့်တော်လည်းလုပ်ဆောင်လိုပါသည်။)

Daily Reflection