Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-05 09:07:03
ဇူလိုင်လ ၆ ရက် ၁၄ ကြိမ်မြောက် သာမန် ဗုဓ္ဒဟူးနေ့ ၂၀၂၂
ပထမကျမ်း။ ဟောရှေ ၁၀း၁-၃၊၇-၈၊၁၂
ဧဝံဂေလိကျမ်း။ မာတေဦး ၁၀း ၁-၇
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win (ISR)

ကိုယ်တော်သည်တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့ကိုအထံတော်သို့ခေါ်ဆောင်တော်မူပြီးနောက်ညစ်ညူးသောနတ်ဆိုးများကိုနှင်ထုတ်နိုင်ရန်နှင့်အနာရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်ရန်အခွင့်အာဏာကိုပေးအပ်တော်မူ၏။တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့၏အမည်များကားပထမဦးစွာပေတရုဟုခေါ်သောစီမွန်နှင့်သူ၏ညီအန္ဒြေးယ၊ဇေဘေဒေးဦး၏သားဖြစ်သောယာကုပ်နှင့်သူ၏ညီယောဟန်၊ဖိလိပုနှင့်ဘာသိုလိုမေးဦး၊သောမနှင့်အခွန်ခံသူမာတေးဦး၊အာလ်ဖေးဦး၏သားယာကုပ်နှင့်သာဒေးဦး၊ကာနန်နယ်သားစီမွန်နှင့်ကိုယ်တော့်ကိုအပ်နှံသောဂျုဒအစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။ယေဇူးသည်ထိုတပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍မိန့်မှာတော်မူသည်ကားလူမျိုးခြားတို့၏နယ်များသို့မသွားကြနှင့်။ဆမာရိယလူမျိုးတို့၏မြို့ရွာများကိုလည်းမဝင်ကြနှင့်။အစ္စရာအဲလ်လူမျိုးများထဲမှလမ်းမှားပျောက်ဆုံးနေသောသိုးများထံသို့သာသွားကြလော့။သင်တို့သွားကြစဉ်ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီဟုဟောပြောကြလော့။

 

နှုတ်ကပါတ်တော် ထောက်ရှုချက်

 

***ဒီကနေ့မစ္ဆားတရားတော်မြတ်မှာကြားနာရတဲ့နှုတ်ကပါတ်တော်မြတ်၌ကျွန်ုပ်တို့သည်ဖြောင့်မတ်သောမျိုးစေ့ကိုကြဲ၍ကရုဏာတော်အသီးအနှံကိုရိတ်သိမ်းနိုင်ဖို့မလုပ်ရသေးသောလယ်ကိုထွန်ကာထာဝရဘုရားသခင်အားဦးစွာရှာကြဖို့အထူးသဖြင့်ဘုရာသခင်ကိုကျွန်ုပ်တို့နှင့်နီးစပ်သူများ(မိမိတို့နှင့်နေ့စဉ်ထိတွေ့ဆက်ဆံနေကြရသောသူများ)တွင်ရှာတွေ့နိုင်ကြရန်သတိပေးလျက်ရှိသည်။ပထမကျမ်းစာတော်မြတ်ထဲအီစရာအဲလ်လူမျိုးတွေဥစ္စာဓနကြွယ်ဝလာလေလေထာဝရဘုရားသခင်ကိုမေ့လျှော့ကာတစ်ခြားသောဘုရားများအတွက်ယဇ်ပုလ္လင်များကိုသာ‌ဆောက်လုပ်လေလေဖြစ်ကာသူတို့၏ဘဝများလောကီရေးရာများကိုသာတပ်မက်ပြီးအပျော်အပါးလိုက်စားကာဝိညာဉ်ရေးရာဘဝအသက်တာကိုဆိုးဝါးစွာပျက်စီးစေခဲ့ကြသဖြင့်ပရောဖက်ဟောရှေမှထာဝရဘုရားသခင်ကိုလောကအရာများထက်ဦးထိပ်ထားပြီးယုံကြည်ခြင်း၌သစ္စာရှိကြဖို့သတိပေးပြီးဘုရားသခင်၏ကရုဏာချစ်ခြင်းမေတ္တာကိုအလွဲသုံးစားမဖြစ်စေဘဲတန်ဖိုးထားတတ်ရန်ဖြောင့်မတ်ခြင်းတရားကိုဘဝအသစ်၌ပြုပြင်ပြီးဘုရားသခင်၏ကရုဏာတော်ကိုမိမိတို့၏ဘဝ၌သက်သေခံကြရန်နိုးဆော်တိုက်တွန်းထားပါသည်။ဧဝံဂေလိကျမ်းစာတော်မြတ်၌လည်းသခင်ယေဇူးသည်တပည့်တော်ကြီး၁၂ပါးကိုခေါ်တော်မူ၍လောကီဥစ္စာဓနတွေကိုအားမကိုးဘဲဘုရားသခင်ကိုသာအားကိုးကာသူတစ်ပါးလှူဒန်းသောလုပ်အားခဖြင့်သာတင်းတိမ်ရောင့်ရဲကာကောင်းကင်နိုင်ငံသတင်းကောင်းမျိုးစေကိုဖို့စေလွတ်တော်မူခဲ့သည်။

 

ထောက်ရှုရန်ဘဝအတွက်သင်ခန်းစာ

 

သခင်ယေဇူးသည်တပည့်တော်ကြီး၁၂ပါးကိုရွေးချယ်ပြီးညစ်ညူးသောနတ်ဆိုးများကိုနှင်ထုတ်နိုင်ရန်နှင့်အနာရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်ရန်အခွင့်အာဏာကိုပေးအပ်တော်မူခြင်းသည်အသင်းတော်ကြီးဖြစ်သည့်ဆေးကြောခြင်းခံပြီးသူကျွန်ုပ်တို့တစ်ဦးစီကိုဖြောင့်မတ်သောမျိုးစေ့ကိုကြဲ၍ကရုဏာတော်အသီးအနှံကိုရိတ်သိမ်းနိုင်ဖို့ခေါ်တော်မူခြင်းခံရကြတာလည်းဖြစ်တယ်ဆိုတာကိုသတိပြုမိကြရမှာဖြစ်တယ်။ကျွန်ုပ်တို့တစ်တွေသခင်ယေဇူး၏တပည့်တော်များအဖြစ်ကိုယ်တော်ကိုအတုယူခြင်းဖြင့်ကိုယ်တော်ကဲ့သို့သောသူများဖြစ်လာကြကာကိုယ်တော်၏အသင်းတော်ကြီးကိုတစ်လုံးတစ်ဝတည်းတစ်လောကလုံးတွင်ပြန့်နှံ့စေကြရန်ကိုယ်တော်၏စေလွတ်ခြင်းကိုခံရသူများဖြစ်ကြသည်။သခင်ယေဇူးသည်လောက၌ကပ်ကမ္ဘာကုန်သည်အထိတိုင်အောင်ကျွန်ုပ်တို့နှင့်အတူရှိနေမည်ကိုကျွန်ုပ်တို့မည်သို့သက်သေခံနိုင်ကြသနည်း။ကျွန်ုပ်တို့ဟာခရစ်တော်၏တပည့်များအဖြင့်အသက်ရှင်လျက်ရှိသောဘုရားသခင်၏ဗိမာန်တော်များဖြစ်သည်ကိုသတိရကြပါ။ကျွန်ုပ်တို့သည်ခရစ်တော်၏ခန္ဓာတော်ကို‌နေ့စဉ်ပင့်ယူနေကြရသောခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းပေါင်းစပ်သောသူများဖြစ်ကြကာခရစ်တော်သခင်ကိုမျှော်လင့်ခြင်းကင်းမဲ့နေသော၊ဘုရားတရားမဲ့‌နေသောသူများထံယူဆောင်ပေးနိုင်အောင်ခြင်းဖြင့်လောကီရေးရာတို့၌‌ရောင့်ရဲတင်းတိမ်ကာကောင်းကင်နိုင်ငံတော်သည်ကျွန်ုပ်တို့၏လက်တစ်ကမ်းတွင်ရှိနေကြောင်းသက်သေခံကြရပါမယ်။ကျွန်ုပ်တို့သည်ခရစ်တော်သခင်နှင့်အတူ၊ခရစ်တော်သခင်၌ဒုက္ခရောက်နေသူများ၊ဘဝအဓိပ္ပါယ်ပျောက်ဆုံးနေသူများ၊ချူပ်နှောင်ခံနေရသောသူများထံသို့မျှော်လင့်ခြင်သတင်းကောင်းကိုယူဆောင်လာသူများဖြစ်နိုင်ကြပါစေ။

Daily Reflection