Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-06 05:18:37
ဇူလိုင်လ ၇ ရက် ၁၄ ကြိမ်မြောက် သာမန် ကြာသပတေးနေ့ ၂၀၂၂
ပထမကျမ်း။ ဟောရှေ ၁၁း၁-၄ ၊ ၈-၉
ဧဝံဂေလိကျမ်း။ မာတေဦး ၁၀း ၇-၁၅
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win (ISR)

သင်တို့သွားကြစဉ်ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီဟုဟောပြောကြလော့။ဖျားနာသောသူတို့ကိုကုသပေးကြလော့။သေသောသူတို့ကိုပြန်ရှင်စေကြလော့။အနာကြီးရောဂါသည်တို့ကိုစင်ကြယ်ပျောက်ကင်းစေကြလော့။နတ်ဆိုးများကိုနှင်ထုတ်ကြလော့။သင်တို့သည်အဖိုးအခမပေးဘဲခံယူရရှိကြသည်ဖြစ်၍အဖိုးအခမယူဘဲပေးကမ်းကြလော့။သင်တို့၏ခါးပိုက်ဆောင်အိတ်၌ရွှေ၊ငွေနှင့်ကြေးနီပြားတို့ကိုလည်းကောင်း၊လမ်းခရီးအတွက်လွယ်အိတ်၊ဝတ်ရုံနှစ်ထည်၊ဖိနပ်နှင့်တောင်ဝှေးတို့ကိုလည်းကောင်းသယ်ဆောင်မသွားကြနှင့်။အကြောင်းမူကားအလုပ်လုပ်သောသူသည်မိမိနှင့်ထိုက်သင့်သောရိက္ခာကိုရထိုက်၏။မည် သည့်မြို့ရွာသို့မဆိုသင်တို့ဝင်ကြသောအခါထိုအရပ်၌ယုံကြည်လေးစားထိုက်သူကိုမေးမြန်းရှာဖွေ၍သင်တို့အခြားအရပ်သို့ထွက်ခွာမသွားမချင်းထိုသူနှင့်အတူနေထိုင်ကြလော့။အိမ်သို့ဝင်သောအခါဤအိမ်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုနှုတ်ဆက်ကြလော့။အကယ်၍ထိုအိမ်ထောင်စုသည်ခံစားထိုက်လျှင်သင်တို့၏ငြိမ်းချမ်းခြင်းမင်္ဂလာသည်သူတို့အပေါ်သို့သက်ရောက်လိမ့်မည်။ထိုသူတို့မခံစားထိုက်လျှင်မူကားထိုငြိမ်းချမ်းခြင်းမင်္ဂလာသည်သင်တို့ထံသို့ပြန်လာလိမ့်မည်။အကြင်သူသည်သင်တို့ကိုလက်မခံသည့်အပြင်သင်တို့၏စကားကိုလည်းနားမထောင်ပါကထိုအိမ်၊သို့မဟုတ်ထိုမြို့မှထွက်ခွာသွားလျက်သင်တို့၏ခြေမှမြေမှုန့်ကိုခါချပစ်ခဲ့ကြလော့။သင်တို့အားငါအမှန်ဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ဆောဒိုမာမြို့နှင့်ဂေါ်မောရာမြို့တို့သည်ထိုမြို့ထက်ပို၍ခံသာကြလိမ့်မည်။

ထောက်ရှုချက်****ဘုရားသခင်၏နိုင်ငံတော်အတွက်သာအသက်ရှင်ပါ။ဒီကနေ့ကြားနာရတဲ့နှုတ်ကပါတ်တော်ထဲတွင်ပရောဖက်ဟောရှေ၏အမှာစကားသတင်းကောင်းကကျွန်ုပ်တို့ကိုအပြစ်မှနောင်တရကာဘုရားသခင်ထံပြန်လာဖို့ဘုရားသခင်သည်လူသားတိုင်းကိုတစ်ဦးချင်းစီထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေပြီးကိုယ်တော်၏နွေးထွေးသောနှလုံးသာမှလျှံကျလားသောချစ်ခြင်းမေတ္တာတော်ဖြင့်ချစ်တော်မူကြောင်း၊ကိုယ်တော်သည်ကျွန်ုပ်တို့၏ချစ်လှစွာသောခမည်းတော်ဘုရားသခင်ဖြစ်တော်မူကြောင်းသက်သေခံမိန့်ဆိုတော်မူခြင်းအားဖြင့်နောင်တရားနှင့်ဆိုင်ရာများကိုသတိပြုမိဖို့ဖိတ်ခေါ်နေပါတယ်။နောင်တရကြလော့။ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီဟုရှင်ယောဟန်ဗတ္တိဇံသည်သခင်ခရစ်တော်မကြွလာတော်မီဦးစွာနောင်တတရားနှင့်ဆိုင်သောတရာကို‌ဟောခဲ့သူဖြစ်သည်။ထို့‌နောက်သခင်ယေဇူးကိုယ်တော်တိုင်းနောင်တတရားနှင့်စပ်ဆိုင်သောကောင်းကင်နိုင်ငံသည်ကျွန်ုပ်တို့၏လက်ထဲ၌ရှိသည်ကိုမိမိကိုယ်တိုင်ကျွန်ုပ်တို့နှင့်အတူရှိခြင်းအားဖြင့်ဟောပြောသက်သေခံတော်မူခဲ့သည်။ကိုယ်တော်ကိုယ်တိုင်သည်ကောင်းကင်နိုင်ငံတော်ဖြစ်တော်မူပြီးလောကီဘုရင်တို့တကာတို့၏ဘုရင်လည်းဖြစ်တော်မူသည်။ကိုယ်တော်သည်မိမိ၏အသင်းတော်ကြီးဖြစ်သည့်ကျွန်ုပ်တို့အားလုံးကိုလည်းကျွန်ုပ်တို့သွားလေရာ၌ကောင်းကင်နိုင်ငံတော်သည်ကျွန်ုပ်တို့၏လက်ထဲ၌ရှိကြောင်းပြောဆို၊ပြုမူ၊သက်သေခံကြရန်ဖိတ်ခေါ်နေပါသည်။ကျွန်ုပ်တို့၏ဘဝရှင်သန်ရေးအတွက်နေထိုင်စားသောက်၍လုပ်ကိုင်ရသောအမှုကိစ္စများနှင့်လုပ်ဆောင်ရနိုင်မည့်ဘဝရှင်သန်ရေးအခွင့်အလမ်းများတွင်ဘုရားသခင်မှပေးသောအုပ်ချုပ်မှုစနစ်သစ်ဖြစ်သည့်ကိုယ်တော်၏စိုးစံမှု၌ရှင်သန်‌နေရသည်ကိုပြောဆိုဖော်ညွှန်းနေရပါမယ်။ဆိုလိုသည်မှာကိုယ်တော်၏သက်ဦးဆံပိုင်အုပ်ချုပ်မှုအောက်၌လုံးလုံးလျားလျားဦးဆွေးဆံမြေ့သစ္စာရှိရှိအမူတော်ထမ်းရွက်နေသူအဖြစ်မိမိကိုယ်ကိုမိမိ အပ်နှံထားသူများဖြစ်ကြောင်းကျွန်ုပ်တို့၏ဆေးကြောခြင်းကတိသစ္စာကျွန်ုပ်တို့ကိုကျရာဘဝမှသက်သေခံနေရမည်ကိုဆိုလိုပါသည်။ကိုယ်တော်၏နိုင်ငံတော်သည်သန့်ရှင်းသောဝိညာဉ်တော်ဘုရားမှပေးသောတရားမမျှတခြင်း၊ငြိမ်ချမ်းနှင့်ပျော်ရွှင်ခြင်းတို့နှင့်ဆိုင်သောအရာများဖြစ်ကြသည်။ကိုယ်တော်၏နိုင်ငံတော်သည်ဖျားနာသူကိုပျောက်ကင်းစေခြင်း၊သေသူကိုရှင်စေခြင်း၊နူနာစွဲသူကိုသက်သာစေခြင်း၊နတ်ဆိုးများကိုနှင်ထုတ်ခြင်းတို့၌ပေါ်လွင်ထင်ရှားသောအမူတော်ဆောင်ရမှုများဖြစ်ကြသည်။ကိုယ်တော်၏နိုင်ငံတော်သည်ထာဝရတည်မြဲနေသောကြောင့်တစ်ခြားသောအုပ်ချူပ်မှုအစိုးရများနှင့်မတူပေ။ကိုယ်တော်၏နိုင်ငံတော်သည်ကျွန်ုပ်တို့၌တည်ရှိနေပြီးဖြစ်သော်လည်းဆုံးခန်းမတိုင်သေးပေ။ထိုကြောင့်ကျွန်ုပ်တို့သည်ပြည့်ဝစုံလင်သောကိုယ်တော်၏နိုင်ငံတော်သည်ရောက်ရှိလာဖို့အမြဲဆုတောင်းပေးနေရပါမယ်။(ကောင်းကင်ဘုံဆုတောင်းမေတ္တာကိုရွတ်ဆိုခြင်းကိုသတိရပါ)။ကျွန်ုပ်တို့သည်မိမိတို့၌ရှိသမျှကိုပေးကမ်းခြင်းဖြင့်ကောင်းကင်နိုင်ငံကိုဝင်နိုင်ကြောင်းမိမိတို့၏သခင်ယေဇူးအပေါ်ယုံကြည်ခြင်းကိုကိုပြသကြရမည်ဖြစ်သည်။ကျွန်ုပ်တို့မိမိကိုယ်ကိုမိမိပြန်မေးမြန်းရမည်မှာငါသည်ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်ထဲမှာလား။ငါဘယ်တုန်းကကိုယ်တော်၏နိုင်ငံတော်ထဲသို့ဝင်ရောက်ရန်ဖိတ်ခေါ်ခဲ့ခြင်းကိုလက်ခံရရှိခဲ့သလဲ။ငါကိုယ်တော်၏နိုင်ငံတော်အကြောင်းကိုကောကြေငြာရဲ့လား။ဘယ်လိုကြေငြာနေတာလဲ။ကိုယ်တော်၏နိုင်ငံတော်သည်ငါ့လက်ထဲ၌ရှိနေသည်ကိုဘယ်လိုသက်သေပြမလဲ။ကိုယ်တော်၏နိုင်ငံတော်ကိုရှေ့ဦးစွာရှာကြလော။အိုအဖတပည့်တော်ကိုကိုယ်တော်၏နိုင်ငံတော်အတွက်သာအသက်ရှင်စေတော်မူပါ။

 

 

Daily Reflection