#30th October 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (လုကား ၁၄း ၁-၆)
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
posted by M. Su Latt Htwe
သခင်ယေဇူးသည် ဖျားနာသူကိုကုသရန်၊ မသိနားမလည်သူကိုသင်ပေးရန် အခွင့်အရေးကို အမြဲစောင့်ကြည့်လျှက်ရှိပါသည်။ တစ်နေ့တွင် ဘာသာရေးခေါင်းဆောင်ဖာရီဇေဦး၏အိမ်တွင် အစာစားနေချိန်၌ ရေဖျဥ်းနာစွဲသောသူတစ်ယောက် ရောက်ရှိ နေသည်။ ဖာရီဇေဦးနှင့်ကျမ်းတတ်ဆရာတို့သည် သခင်ယေဇူးကို အနီးကပ်စောင့်ကြည့်နေကြောင်း သခင်ယေဇူး သတိထားတော်မူသည်။ ထို့ကြောင့် မေးခွန်းတခုမေး လိုက်သည်။ ဥပုသ်နေ့တွင် ကုသခြင်းအမှုလုပ်လျှင် တရားနှင့်ညီလျှော်သလောဟု မေးလိုက်သည်။ ကျမ်းတတ်ဆရာများက ပိတ်ပင်လိုကြသည်။ သို့သော် သူတို့အားလုံး စကားတခွန်မျှ ပြန်မပြောကြပါ။ သခင်ယေဇူးသည် ရေဖျင်းနာစွဲသူကို ချက်ခြင်းခေါ်၍ ကုသပေးခဲ့သည်။ ထိုသူကိုလည်း လိုရာခရီးကို သွားခွင့်ပြုလိုက်သည်။ သခင်ယေဇူးသည် ဥပုသ်နေ့ကို စောင့်ထိန်းပါသည်။ လူမှုရေးထိခိုက်မှုလည်း တခုမှမကျူးလွန်ခဲ့ပါ။ သခင်ယေဇူးလိုက်နာသောတရားမှာ အကြီးမြတ်ဆုံးတရားဖြစ်သည်။ သင်၏အရှင်ဘုရား သခင်ကို စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှချစ်လော့။ ကိုယ်နှင့်နီးစပ်သူကို ကိုယ်ရှင်ကဲ့သို့ ချစ်လော့။ ဤတရားသည် အကြီးမြတ်ဆုံးဖြစ်ပြီး ဤတရားကို သခင်ယေဇူး လိုက်နာပါသည်။ လူတိုင်း ကျွန်ုပ်တို့ဘ၀နေဝင်ချိန်၌ အသက်ရှင်စဉ်အခါ အကူအညီလိုအပ်နေသူများအပေါ် ချစ်ခြင်းတရား မည်ကဲ့သို့ ပြသခဲ့ကြောင်း၊ ဥပုသ်တရားဟောနေရုံသက်သက်မဟုတ်ဘဲ လက်တွေ့ကူညီပေးဆပ်မှု မည်မျှပြုလုပ်ခဲ့ကြောင်း စစ်ဆေးခံရမည်သာဖြစ်သည်။ အင်္ဂလိပ်စကားပုံ ရှိပါသည်။ ”စကားထက် အကျင့်ကပိုအသံကျယ်သည်။
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)