Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-31 06:03:41
#1 January 2021 Daily Reflection
#အလွန်သန့်ရှင်းမွန်မြတ်သောကညာမာရီးယား ဘုရား၏မယ်တော်ပွဲနေ့ကြီး
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်လုကာ ၂း ၁၆-၂၁)
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)
Posted by M.Sulatthtwe

မင်္ဂလာရှိသောနှစ်သစ် အချိန်အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ယနေ့သည် ကက်သလစ်အသင်းတော်အနေနှင့် ”မာရီးယား ဘုရား၏မယ်တော်ပွဲ“ ကို ကျင်းပကြသည်။ နှစ်တစ်နှစ်၏အစကို ဘုရား၏မယ်တော်ပွဲနေ့နှင့် စတင်ပြီး အမိမယ်တော်အား တစ်ကမ္ဘာလုံးကို အပ်နှံထားခြင်းသည် အလွန်ပင် မင်္ဂလာရှိသော အစပြုခြင်း ဖြစ်ပါသည်။ တနည်းပြောရလျှင် အသင်းတော်သည် နေ့စဉ်အသက်တာအတွက် ”မာရီးယား“ တည်းဟူသော ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ အသဲညာကို အပိုင်ဆုပ်ကိုင်ထားပြီး ရှေ့ဆက်နေခြင်းပင် ဖြစ်သည်။ အမိမယ်တော်သည် သားတော်ယေဇူးနှင့် ပတ်သက်သည့် အရာအားလုံး ဝမ်းမြောက်စရာ၊ အံ့ဩစရာ၊ နှလုံးကြေကွဲစရာ အလုံးစုံကို မည်သည့်အခါမျှ စောဒကမတက်၊ အမြဲစဉ်းစားဆင်ခြင်ပြီး စိတ်နှလုံးထဲ၌ သိမ်းထားတော်မူ၏။ အကြောင်းမှာ သူ့ဘဝကို ခရစ်တော်အတွက် အပြီးအပိုင် အပ်နှံခဲ့သည့်နေ့မှစ၍ ဖြစ်ပျက်လာမည့် အရာအားလုံးကို လက်ခံနိုင်ရန် ပြင်ဆင်ပြီးဖြစ်သည်။ နှလုံးကို သံလျက်နှင့် ဖောက်ရုံမက ကြိတ်စက်နှင့်ပင် ဖျော်ဖျော် သူအားလုံးကို ရင်ဆိုင်ရန် သတ္တိအပြည့်ရှိသည်။ ကျွန်ုပ်တို့တစ်ဦးစီသည်လည်း မိမိတို့ ရွေးချယ်ထားသော ခေါ်တော်မူခြင်းဘဝလမ်းစဉ်အတိုင်း ခရစ်တော်နောက်ကို လိုက်ခဲ့ပြီး နေ့စဉ်ဘဝ၌ တွေ့ကြုံရသည့် အရာများကို အမိမယ်တော်ကဲ့သို့ တည်ငြိမ်စွာဖြင့် သတ္တိရှိရှိ ရင်ဆိုင်သွားကြရန် လိုအပ်ပေသည်။ ထိုသို့ပြုရန် အဓိကလိုအပ်သောအရာမှာ ချစ်ခြင်းနှင့် ယုံကြည်ခြင်းပင်ဖြစ်သည်။ လူသားတိုင်းတွင် သားသမီး မရှိသော်လည်း ”အမေ“ ရှိကြသည်။ အမေဟူသော စကားလုံးကို ကြားရုံနှင့် နှလုံးသားကို အရည်ပျော်စေပြီး အားကိုးလိုခြင်း၊ စိတ်ခွန်အားကို ဖြစ်ပေါ်စေခြင်း၊ ဒေါသကို ပြေငြိမ်းစေခြင်း၊ နာခံလိုခြင်း စသည့်အရာများကို ခံစားဖြစ်ပေါ်စေသည်။ ယနေ့ အမိမယ်တော်သည် ဘုရား၏မယ်တော်၊ လူသားအားလုံး၏ မိခင်ဖြစ်သည့်အတွက် ကျွန်ုပ်တို့ဘဝခရီးလမ်း၌ နွေးထွေးသောလက်ဖြင့် တွဲခေါ်သွားရန် သူ့ကိုချစ်ခင်ကြပါစို့။ အားကိုးကြပါစို့။ သခင်ခရစ်တော်ကလည်း သူချစ်သောအမေကို ကျွန်ုပ်တို့ချစ်ခင် အားကိုးခြင်းပြုသည့်အတွက် ကျွန်ုပ်တို့ကိုလည်း ပို၍ချစ်တုန့်ပြန်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

အိုဘုရားသခင် အမိမယ်တော်ကို အတုယူခြင်းဖြင့် ကျွန်ုပ်တို့နှလုံးသားများ၌ ချစ်ခြင်း၊ ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေတော်မူပါ။ အာမင်။

 

ခရစ်တော်၏အလင်းကျေးဇူးတော်၌

#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)

Daily Reflection