ဇူလိုင်လ ၉ ရက် ၁၄ ကြိမ်မြောက် သာမန် စနေနေ့ ၂၀၂၂
ပထမကျမ်း။ ဟေရှာယ ၆း ၁-၈
ဧဝံဂေလိကျမ်း။ မာတေဦး ၁၀း ၂၄-၃၃
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
တပည့်သည်ဆရာထက်မသာ၊ကျွန်သည်လည်းသခင်ထက်မကြီးမြတ်နိုင်။တပည့်သည်ဆရာကဲ့သို့လည်းကောင်း၊ကျွန်သည်သခင်ကဲ့သို့လည်းကောင်းဖြစ်လျှင်လုံလောက်လေပြီ။သူတို့သည်အိမ်၏အရှင်သခင်ကိုဘဲလ်ဇေဘုလ်ဟုခေါ်ဝေါ်ကြလျှင်အိမ်သူအိမ်သားတို့ကိုပို၍ဆိုးရွားသောအမည်များဖြင့်ခေါ်ဝေါကြပေလိမ့်မည်။ထို့ကြောင့်သူတို့ကိုမကြောက်ကြနှင့်။ထုတ်ဖော်ပြောခြင်းမခံရစေရန်ဖုံးကွယ်ထားနိုင်သည့်အရာမရှိ။လူမသိစေရန်လျှို့ဝှက်ထားနိုင်သည့်အရာဟူ၍လည်းမရှိ။အမှောင်တွင်သင်တို့အားငါပြောသောအရာကိုအလင်း၌ပြောကြားကြလော့။သင်တို့တီးတိုးကြားရသောအရာကိုလည်းအိမ်ခေါင်မိုးထက်မှကြေညာ ကြလော့။ကိုယ်ခန္ဓာကိုသတ်၍ဝိညာဉ်ကိုမသတ်နိုင်သောသူတို့အားမကြောက်ကြနှင့်။ဝိညာဉ်နှင့်ကိုယ်ခန္ဓာကိုပါငရဲ၌ဖျက်ဆီးနိုင် သောသူကိုသာကြောက်ကြလော့။စာငှက်နှစ်ကောင်ကိုငွေတစ်ပဲဖြင့်ရောင်းရသည်မဟုတ်လော။သင်တို့၏အဖအလိုတော်မရှိလျှင်ထိုစာငှက်တစ်ကောင်မျှမြေပေါ်သို့ကျလိမ့်မည်မဟုတ်။သင်တို့၏ဦးခေါင်းရှိဆံပင်တို့ကိုပင်လျှင်ရေတွက်ထားတော်မူ၏ထို့ကြောင့်ကြောက်ရွံ့ခြင်းမရှိကြနှင့်။သင်တို့သည်စာငှက်များစွာတို့ထက်ပို၍တန်ဖိုးရှိကြ၏။သို့ဖြစ်၍လူတို့ရှေ့၌ငါ့အားသိမှတ်ဝန်ခံသောသူတိုင်းကိုငါသည်လည်းကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်ရှေ့တွင်သိမှတ်ဝန်ခံမည်။လူတို့ရှေ့၌ငါ့အားငြင်းပယ်သောသူတိုင်းကိုငါသည်လည်းကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်ရှေ့တွင်ငြင်းပယ်မည်။
ထောက်ရှုချက်****လူအတော်များများမိမိကိုယ်ကိုမိမိဘယ်သူဘယ်ဝါဖြစ်သလဲကိုသဲသဲကွဲကွဲမသိသောကိုယ်ပိုင်လက္ခဏာရှုပ်ထွေးသောပြဿနာများဖြစ်တတ်ကြသည်။အထူးသဖြင့်ခရစ်ယာန်များမိမိကိုယ်ကိုမိမိဘယ်သူဖြစ်သလဲကိုဝေခွဲမတတ်သောပြဿနာများရှိတတ်ကြသည်။ကျွန်ုပ်တို့တစ်တွေဟာကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့သတိထားမိခြင်းသိရှိခြင်းထက်မကပိုပြီးတောနက်နဲသောသူများဖြစ်ကြသည်။သခင်ယေဇူးသည်တပည့်တော်ကြီးများအားမိန့်တော်မူသည်မှာသင်တို့သည်စာငှက်များစွာတို့ထက်ပို၍တန်ဖိုးရှိကြောင်းနှိုင်းယှဉ်ပြောဆိုခြင်းသည်ကျွန်ုပ်တို့လူသားများသည်မည်မျှပင်အသုံးမကျသောသူ၊မထိုက်တန်သူများဖြစ်ကြစေကာမှုလူဟူသောဂုဏ်သိက္ခာသည်တိရိစ္ဆာန်များထက်များစွာသာကြောင်းတန်ဖိုးရှိကြောင်းထောက်ပြနေခြင်းဖြစ်သည်။ကျွန်ုပ်တို့သည်ကျွန်ုပ်တို့ခံယူခဲ့သောဆေးကြောခြင်းစက္ကရာမင်းတူးမှရှိထားသောဘုရားပေးထင်ရှားသည့်ကိုယ်ပိုင်အမှတ်လက္ခဏာများကိုသတိပြုမိစေရန်ကိုယ်တော်သည်ကျွန်ုပ်တို့ကိုခေါ်တော်မူခြင်းကျေးဇူးတော်ကိုပေးသနားတော်မူသည်။ကိုယ်တော်သည်ကျွန်ုပ်တို့ကိုတပည့်တော်ကြီးများကိုခေါ်တော်မူသကဲ့သို့နာမည်အတိအကျဖြင့်ခေါ်တော်မူသည်။ကျွန်ုပ်တို့အားလုံးဆေးကြောခြင်းမင်္ဂလာအားဖြင့်ဝိညာဉ်နှင့်ဆိုင်သောနာမည်နာမများကိုပိုင်ဆိုင်ထားကြခြင်းသည်ကိုယ်တော်၏ရွေးကောက်ထားခြင်းအမှတ်လက္ခဏာပင်ဖြစ်သည်။ပရောဖက်ဟေရှာယသည်ဘုရားသခင်၏ခေါ်တော်မူခြင်းတွင်မိမိကိုကိုယ်သိမ်ငယ်သောသူ၊မိမိကိုယ်ကိုအာနည်းချက်များနှင့်ပြည့်နေသည့်သူ၊မထိုက်တန်သောသူအဖြစ်သာသတိထားမိသူဖြစ်ခဲ့သည်။မိမိသည်ပရောဖက်ပြုရမည့်သူဟုသိလာသောအခါမိမိ၏အားနည်းချက်များထက်ဘုရားသခင်၏ခေါ်တ်ောမူခြင်းခံရသောဘုရားသခင်၏ပရောဖက်တစ်ဦးဖြစ်သည်ကိုနားလည်သဘောပေါက်လာခဲ့သည်။ကျွန်ုပ်တို့၏ခေါ်မူခြင်း(ဘုရားသခင်မှဖိတ်ခေါ်နေသောအရာ)သည်ဘာလဲဆိုတာသိဖို့ကြိုးစားကြရပါမယ်မယ်။အကယ်၍ကျွန်ုပ်တို့ဟာဆေးကြောခြင်းခံပြီးထားသူဆိုလျှင်ကျွန်ုပ်တို့သည်ဘုရားသခင်၏သားသမီးများဖြစ်ကြသည်ကိုသတိရပါ။ကျွန်ုပ်တို့သည်ဆေးကြောခြင်းမင်္ဂလာအားဖြင့်သခင်ခရစ်တော်၏ရဟန်းမျိုး၊ဘုရင်မျိုးနှင့်ပရောဖက်မျိုး၌ပါဝင်ကြသောသူများဖြစ်ကြသည်။ကျွန်ုပ်တို့အားလုံးသည်အများနှင့်ဆိုင်သောခရစ်တော်၏ရဟန်းများဖြစ်ကြသည်ကိုသတိပြုနိုင်ကြပါစေ။ရဟန်းအဖြစ်တော်အားဖြင့်သခင်ယေဇူးသည်မိမိကိုယ်ကိုအပြစ်များအတွက်ယဇ်ပူဇော်ခြင်းဖြင့်မစ္ဆာတရားတော်မြတ်ကိုယ်တော်မြတ်စက္ကရာမင်းတူးမင်္ဂလာကိုပေး၍သန့်ရှင်စင်ကြယ်စေသကဲ့သို့ကျွန်ုပ်တို့သည်လည်းကိုယ်တော်၏ယဇ်ပူဇော်ခြင်းတွင်အများနှင့်ဆိုင်သောရဟန်းများအဖြင့်အမူတော်ဆောင်ရဟန်းများနှင်အတူကျွန်ုပ်တို့၏အပြစ်များကိုကိုယ်တော်၏အသေခံတော်မူခြင်းအားဖြင့်စင်ကြယ်စေပြီး၊ကိုယ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်း၌ဘဝသစ်ကိုရကြသည့်သူများဖြစ်ကြသည်။မစ္ဆားတရားကိုနေ့စဉ်ပူဇော်ခြင်းအားဖြင့်ကိုယ်တ်ောမြတ်ကိုပင့်ယူကြကာသခင်ယေဇူးနှင့်တစ်ပေါင်းတစ်စည်းတည်းဖြစ်ရခြင်းအမှတ်လက္ခဏာရှိသောဘုရားသခင်နှင့်နီးစပ်သောသူ၊ဘုရားသခင်မြတ်နိုးသောကိုယ်တော်၏အလိုတော်သတင်းကောင်းကိုပရောဖက်ပြုကာမ္ဘာလူသားများကိုကောင်းကင်နိုင်ငံတော်၏သတင်းကောင်းကိုကြေငြာကြသောပရောဖက်များဖြစ်ကြသည်ကိုလည်းသတိပြုမိကြပါစေ။ကျွန်ုပ်တို့သည်ဘုရားသခင်၏သားသမီးများအဖြင့်အချင်းချင်းတစ်လုံးတစ်ဝတည်းဖြစ်ကြရန်ထိန်းသိမ်းကာကွာစောင့်ရှောင့်ရသောသူ၊အများကောင်းကျိုးအတွက်စီမံအုပ်ချုပ်ရသူ၊အချင်းချင်း၏ကောင်းကျိုးအတွက်အစေခံရသောဘုရင်များလည်းဖြစ်ကြသည်။ကျွန်ုပ်တို့၏ခေါ်တော်မူခြင်းကိုသစ္စာရှိရှိနှင့်ရက်ရောစွာလျှောက်လှမ်းကြပါစို့။ထို့မှသာကျွန်ုပ်တို့သည်မိမိကိုယ်ကိုမိမိမည်သူဖြစ်သည်ကိုသိသောသူများဖြစ်ကြပါလိမ့်မည်။ကျွန်ုပ်တို့သည်ကျွန်ုပ်တို့မဟုတ်တော့ဘဲကျွန်ုပ်တို့၌ရှိသောသခင်ယေဇူးအားဖြင့်သာအသက်ရှင်နေကြသောသူများဖြစ်ကြသည်ဟုရှင်ပေါလုပြောခဲ့သလိုပြောနိုင်ကြပါစေ။