ဇူလိုင်လ ၁၀ ရက် ၁၅ ကြိမ်မြောက် သာမန် တနင်္ဂနွေနေ့ ၂၀၂၂
ပထမကျမ်း။ တရားဟောရာကျမ်း ၃၀း ၁၀၁၄
ဒုတိယကျမ်း။ ကောလောဆေ ၁း ၁၅-၂၀
ဧဝံဂေလိကျမ်း။ ရှင်လုကာ ၁၀း ၂၅-၃၇
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ထိုအခါယေဇူးကပြန်ဖြေတော်မူသည်မှာလူတစ်ဦးသည်ဂျေရုဆလင်မြို့မှဂျေရီခိုမြို့သို့သွားစဉ်လမ်းခရီး၌ဓားပြများ၏လက်တွင်းသို့ကျရောက်ခဲ့၏။ထိုသူတို့သည်လည်းသူ၏အဝတ်များကိုချွတ်ယူ၍သူ့ကိုရိုက်နှက်ကြပြီးသေလုမြောပါးအခြေအနေ၌ထားခဲ့လျက်ထွက်သွားကြ၏။ထိုအချိန်၌ရဟန်းတစ်ပါးသည်ထိုလမ်းအတိုင်းဆင်းလာ၍သူ့ကိုမြင်သောအခါလမ်း၏အခြားတစ်ဖက်မှရှောင်၍သွားလေ၏။ထိုနည်းတူပင်လေဝိအမျိုးအနွယ်ဝင်တစ်ဦးသည်လည်းထိုနေရာသို့ရောက်လာလျှင်သူ့ကိုမြင်သည်နှင့်လမ်း၏အခြားတစ်ဖက်မှရှောင်သွားလေ၏။ထိုအခါကျမ်းတတ်ဆရာတစ်ဦးသည်ကိုယ်တော့်ကိုစုံစမ်းလိုသဖြင့်ထ၍ဆရာသခင်၊ထာဝရအသက်ကိုပိုင်ဆိုင်ရန်မည်သည့်အရာကိုအကျွန်ုပ်ပြုရပါမည်နည်းဟုမေးလျှောက်လေ၏။ကိုယ်တော်ကလည်းပညတ်တရားကျမ်း၌မည်ကဲ့သို့ရေးသားထားသနည်း၊သင်မည်သို့ဖတ်ရသနည်းဟုသူ့အားမေးတော်မူ၏။သူသည်လည်းသင်၏အရှင်၊ထာဝရဘုရားသခင်ကိုသင်၏စိတ်နှလုံးအကြွင်းမဲ့၊စိတ်အားရှိသမျှ၊ဉာဏ်အစွမ်းရှိသမျှချစ်လော့။သင်နှင့်နီးစပ်သောသူကိုလည်းသင့်ကိုယ်ကိုသင်ချစ်သကဲ့သို့ချစ်လော့ဟုရေးထားကြောင်းဖြေကြားလေ၏။ထိုအခါကိုယ်တော်ကသင်သည်မှန်ကန်စွာဖြကြားလေပြီ။ဤကဲ့သို့ပြုလျှင်သင်သည်အသက်ရှင်ရလိမ့်မည်ဟုမိန့်တော်မူ၏။သို့သော်ထိုသူသည်မိမိကိုယ်မိမိဖြောင့်မတ်သူဖြစ်ကြောင်းဖော်ပြလိုသဖြင့်အကျွန်ုပ်နှင့်နီးစပ်သောသူကားမည်သူနည်းဟုယေဇူးအားမေးလေ၏။သို့သော်ဆမာရိယလူမျိုးတစ်ဦးသည်ခရီးထွက်လာစဉ်ထိုသူရှိသောနေရာသို့ရောက်လာပြီးသူ့ကိုမြင်သောအခါကရုဏာသက်သဖြင့်၊သူ့ထံသို့ချဉ်းကပ်၍ဒဏ်ရာများပေါ်သို့ဆီနှင့်စပျစ်ရည်လောင်းပြီးမှအဝတ်ဖြင့်စည်းထားပေးလေ၏။ထို့နောက်သူနောက်တစ်နေ့၌သူသည်ဒေနာရီနှစ်ပြာကိုထုတ်၍တည်းခိုခန်းပိုင်ရှင်အားပေးလျက်သူ့ကိုပြောစုစောင့်ရှောက်ပါလော့။နောက်ထပ်ကုန်ကျသမျှကိုအကျွန်ုပ်ပြန်လာသောအခါပေးပါမည်ဟုမှာထားခဲ့၏။ဤသုံးဦးတွင်မည်သူသည်ဓားပြတို့၏လက်တွင်းကျရောက်သောသူနှင့်နီးစပ်သောသူဖြစ်သည်ဟုသင်ထင်သနည်းဟူ၍မေးလေ၏။ကျမ်းတတ်ဆရာကလည်းလူနာအပေါ်သနားကရုဏာစိတ်ပြသောသူဖြစ်ပါ၏ဟုလျှောက်လေ၏။ထိုအခါယေဇူးကသွား၍ထိုနည်းတူပြုလော့ဟုသူ့အားမိန့်တော်မူ၏။
ထောက်ရှုချက်**** ချစ်ခြင်းမေတ္တာ၏အမြင့်ဆုံးသောသတ်မှတ်ချက်မှာသင်၏အရှင်၊ထာဝရဘုရားသခင်ကိုသင်၏စိတ်နှလုံးအကြွင်းမဲ့၊စိတ်အားရှိသမျှ၊ဉာဏ်အစွမ်းရှိသမျှချစ်လော့ဟူ၍ဖြစ်ပြီးဒုတိယအမြင့်ဆုံးမှာသင်နှင့်နီးစပ်သောသူကိုလည်းသင့်ကိုယ်ကိုသင်ချစ်သကဲ့သို့ချစ်လော့ဟူ၍ဖြစ်သည်။ကျွန်ုပ်တို့လောကတွင်အသက်ရှင်နေရသောအခိုက်အတန့်လေးမှာဘုရားသခင်ကိုချစ်ပါတယ်လို့ပြောနေရုံသက်သက်ပဲမဟုတ်ဘဲကျွန်ုပ်တို့၏စိတ်နှလုံးအကြွင်းမဲ့၊စိတ်အားရှိသမျှ၊ဉာဏ်အစွမ်းရှိသမျှချစ်ကြရမှာဖြစ်တယ်။ကျွန်ုပ်တို့တစ်တွေဘုရားသခင်အားကျွန်ုပ်တို့၏ဖြစ်တည်မှု၌လုံးလုံးလျားလျားချစ်မြတ်နိုးကြောင်းမည်သို့သိနိုင်မည်နည်း။မိမိနှင့်နီးစပ်သောသူအားမိမိကိုယ်ကိုချစ်သကဲ့ချစ်ခြင်းသည်ဘုရားသခင်အားလုံးလုံးလျားလျားချစ်ကြောင်းပြသရန်အကောင်းဆုံးသောသက်သေဖြစ်သည်။ရှင်ယောဟန်ဩဝါဒစာပထမစာစောင်တွင်မိန့်ကြားထားသည်မှာ“တစ်စုံတစ်ယောက်ကငါသည်ဘုရားသခင်ကိုချစ်သည်ဟုဆိုပြီးမိမိ၏ညီအစ်ကိုကိုမုန်းတီးလျှင်ထိုသူသည်လိမ်ညာသူဖြစ်၏။အဘယ်ကြောင့်ဆိုသော်မိမိမြင်ဖူးသည့်ညီအစ်ကိုကိုမချစ်သောသူသည်မမြင်ဖူးသောဘုရားသခင်ကိုမည်သို့ချစ်နိုင်မည်နည်း။”(၁ယော၄း၂၀)ကျွန်ုပ်တို့ခရစ်ယာန်တွေကလူအားလုံးဟာသခင်ခရစ်တော်၌ညီအစ်ကိုမောင်နှမများဖြစ်ရခြင်းကိုခေါ်တော်မူခြင်းခံရတယ်ဆိုတဲ့ယုံကြည်ခြင်းမျိုးကိုခံယူထားကြသူများဖြစ်ကြတယ်။ဒါပေမဲ့လည်းကျွန်ုပ်တို့တစ်တွေဟာလူသားအားလုံးကိုကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများအဖြစ်လက်ခံဖို့ကိုဒီအတိုင်းသက်သက်နဲ့မယုံကြည်ကြပါဘူး။ပထမအနေနဲ့သူတို့ဟာဘုရားသခင်ရဲ့မိသားစုမှာပါဝင်ရဖို့ဆေးကြောခြင်းစက္ကရာမင်းတူးကိုခံယူရပါမယ်။ထိုသို့အားဖြင့်လူသားအားလုံးကိုညီအစ်ကိုမောင်နှမများအဖြစ်လက်မခံသေးနိုင်သေးကြသော်လည်းကျွန်ုပ်တို့သည်ပတ်ဝန်းကျင်းတစ်ခုမှာအတူနေကြသူများဥပမာတစ်ရွာတည်းသားတွေ၊တစ်ရပ်ကွက်တည်းသားတွေ၊တစ်မြို့တည်းသားတွေ၊တစ်နိုင်ငံတည်းသားတွေ၊တစ်တိုက်တည်းသားတွေ၊တစ်ကမ္ဘာတည်သားတွေအဖြစ်လက်ခံနိုင်ကြပါတယ်တယ်။ထိုကြောင့်လူသားတိုင်းသည်ကျွန်ုပ်တို့အတွက်နီးစပ်နေသူများဖြစ်သောကြောင့်ကျွန်ုပ်တို့သည်တစ်ဦးကိုတစ်ဦးချစ်ခင်လေးစားပြီးအစေခံနိုင်ကြရပါမယ်။
ကျွန်ုပ်တို့နှင့်တစ်ကမ္ဘာတည်းအတူနေသူများ အထူးသဖြင့်ကျွန်ုပ်တို့နှင့်နီးစပ်သူများမှာ
၁။လူဆိုးဒမြတွေရဲ့ ရိုက်နှက်ထိုးကြိတ်ခြင်းကြောင့်သေလုမျောပါးဖြစ်နေတဲ့သူ
၂။ သူကိုထိုးကြိတ်ကြတဲ့လူဆိုးဒမြများ
၃။သူ့ကိုကူညီဖို့ငြင်းဆန်တဲ့ရဟန်းနှင့်လေဝိအမျိုးသား(ဘုရားအမူတော်ဆောင်သူ)
၄။ဆာမာရီတန်၊သူစိမ်းသို့မဟုတ်ကျွန်ုပ်တို့၏ရန်သူ(ဆာမာရီတန်များသည်ဂျူးတို့၏ရန်သူများဖြစ်ခဲ့ကြသည်)
၅။မိမိအပြစ်မရှိဟန်သခင်ယေဇူးကိုစုံစမ်းမေးမြန်းလိုသောကျမ်းတတ်ဆရာတို့ဖြစ်နိုင်သည်။
ဆိုလိုသည်မှာကျွန်ုပ်တို့နှင့်နီးစပ်သူသည်လူတိုင်းဖြစ်နိုင်သည်။မိတ်ဆွေဖြစ်နိုင်သလိုရန်သူလည်းဖြစ်နိုင်သည်။နိုင်ထက်စီးနင်းသူဖြစ်နိုင်သလိုအနိုင်ကျင့်ခံရသူလည်းဖြစ်နိုင်သည်။ရင်းနှီးသူဖြစ်နိုင်သလိုမရင်းနှီးသူလည်းဖြစ်နိုင်သည်။ထိုသို့သောကျွန်ုပ်တို့နှင့်နီးစပ်သူများ(ကျွန်ုပ်တို့နေစဉ်ထိတွေ့ပြောဆိုဆက်ဆံနေရသည်သူမည်သူမဆို)ကိုချစ်ခြင်းမေတ္တာပြနိုင်လျှင်သူတို့ဟာကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများဖြစ်လာနိုင်ပါသည်။ချစ်ခြင်းမေတ္တာသည်အစဉ်အမြဲစိတ်ရှည်၍ကြင်နာသနားတတ်၏။မနာလိုခြင်းမရှိ၊ဝါကြွားခြင်းလည်းမရှိ၊မာန်မာနမရှိသကဲ့သို့ရိုင်းပျမှုလည်းမရှိ၊ကိုယ်ကျိုးကိုမရှာတတ်၊အမျက်ဒေါသမထွက်တတ်၊အငြိုးအတေးလည်းမထားတတ်၊မကောင်းသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်၊သမ္မာတရား၌မူဝမ်းမြောက်တတ်၏(၁ကောရိန်၁၃း၄၆)ချစ်ခြင်းမေတ္တာသည်မြောက်များလှစွာသောအပြစ်တို့ကိုလွမ်းခြုံနိုင်စွမ်းရှိသည်။ကျွန်ုပ်တို့နှင့်နီးစပ်သူများကိုကျွန်ုပ်တို့ချစ်နိုင်လျှင်သူတို့အားကျွန်ုပ်တို့အားလုံးကိုအလွန်ချစ်သောမူသောကြောင့်လက်ဝါးကားတိုင်တွင်အသေခံတော်မူသောသူအကြောင်းကိုပြောပြနိုင်ရလိမ့်မည်ဖြစ်သည်။ကျွန်ုပ်တို့ကကျွန်ုပ်တို့နှင့်နီးစပ်သူများကိုချစ်ကြောင်းဘယ်လိုသက်သေပြကြရမလဲ။ကျွန်ုပ်တို့နှင့်နီးစပ်သူကိုချစ်တယ်ဆိုလျှင်သူတို့ကိုဘယ်လိုလူစားမျိုးပဲဖြစ်နေပါစေကူညီနိုင်ရပါမယ်။အကျိုးမျှော်ကိုးပြီးကူညီတာမျိုးမဟုတ်ဘဲသူ၏ကောင်းကျိုးအတွက်အစေခံခြင်းသက်သက်ဖြစ်သာကူညီတာမျိုးဖြစ်ရပါမယ်။သူတို့သည်မိမိ၏ရန်သူများဖြစ်နေစေကာမူသူတို့၏ကောင်းကျိုးအတွက်မိမိအသက်ကိုစတေးရရင်လည်းအသက်ပေးဖို့ဝန်မလေးတတ်ပါဘူး။လက်ဝါးကားတိုင်ပေါ်မှသခင်ယေဇူး၏ချစ်ခြင်းမေတ္တာကဲ့သို့ချစ်တတ်ရပါမယ်။ထိုကြောင့်မိမိနှင့်နီးစပ်သူကိုချစ်ဖို့ရန်ကျွန်ုပ်တို့ဖာသာကိုယ့်အားကိုယ်ကိုးပြီးလုပ်ယူ၍မရပါဘူး၊ဘုရားသခင်ထံမှရရှိသောကျေးဇူးတော်အားဖြစ်သာကျွန်ုပ်တို့ချစ်နိုင်ကြရတာဖြစ်တဲ့အတွက်သခင်ယေဇူးကျွန်ုပ်တို့ကိုချစ်သကဲ့သို့ကျွန်ုပ်တို့သည်လည်းကျွန်ုပ်တို့နှင့်နီးစပ်သူများကိုချစ်ခြင်းဖြင့်ထာဝရဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့၊စိတ်အားရှိသမျှ၊ဉာဏ်အစွမ်းရှိသမျှချစ်နိုင်ဖို့ကြိုးစားသွားကြပါစို့။