Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-10 08:32:45
ဇူလိုင်လ ၁၁ ရက်
၁၅ ကြိမ်မြောက် သာမန် တနင်္လာနေ့ ၂၀၂၂
ရသေ့ဂိုဏ်းအုပ် စိန့်ဘေနေဒစ် ပွဲနေ့
ပထမကျမ်း။ ‌ဟေရှယ ၁း ၁၀-၁၇
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၀း၃၄- ၁၁း၁
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR

ကမ္ဘာပေါ်သို့ငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန်ငါလာသည်ဟုမထင်မှတ်ကြနှင့်။ငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန်ငါလာသည်မဟုတ်။ဓားကိုဆောင်ကြဉ်ပေးရန်သာငါလာ၏။အကြောင်းမူကားသားနှင့်အဖ၊သမီးနှင့်အမိ၊ချွေးမနှင့်ယောက္ခမအချင်းချင်းစိတ်ဝမ်းကွဲစေအံ့သောငှာငါလာ၏။လူတစ်ဦး၏ရန်သူတို့မှာလည်းသူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။အဖ၊သို့မဟုတ်အမိကိုငါ့ထက်ပို၍ချစ်သောသူသည်ငါနှင့်မထိုက်တန်။သား၊သို့မဟုတ်သမီးကိုငါ့ထက်ပို၍ချစ်သောသူသည်ငါနှင့်မထိုက်တန်။မိမိ၏လက်ဝါးကပ်တိုင်ကိုမထမ်းဘဲငါ့နောက်သို့လိုက်သောသူသည်ငါနှင့်မထိုက်တန်။မိမိ၏အသက်ကိုရှာဖွေတွေ့ရှိသောသူသည်အသက်ကိုဆုံးရှုံးလိမ့်မည်။ငါ့အတွက်ကြောင့်မိမိ၏အသက်ကိုအဆုံးရှုံးခံသောသူသည်ထိုအသက်ကိုရလိမ့်မည်။သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ငါ့ကိုလက်ခံသောသူသည်လည်းငါ့ကိုစေလွှတ်တော်မူသောသူကိုလက်ခံ၏။လူတစ်ဦးသည်ပရောဖက်တစ်ပါးဖြစ်ခြင်းကြောင့်ထိုပရောဖက်ကိုလက်ခံသောသူသည်ပရောဖက်၏ဆုလာဘ်ကိုရလိမ့်မည်။ထို့အတူလူတစ်ဦးသည်ဖြောင့်မတ်သောသူဖြစ်ခြင်းကြောင့်ထိုဖြောင့်မတ်သူကိုလက်ခံသောသူသည်ဖြောင့်မတ်သူ၏ဆုလာဘ်ကိုရလိမ့်မည်။သင်တို့အားငါအမှန်ဆိုသည်ကားဤအငယ်ဆုံးသောသူတို့တွင်တစ်ယောက်အားငါ၏တပည့်ဖြစ်ခြင်းကြောင့်ရေအေးတစ်ခွက်မျှပင်ပေးသောသူသည်ထိုသူ၏ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။ယေဇူးသည်တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အားသွန်သင်မိန့်မှာတော်မူပြီးသောအခါသူတို့၏မြို့များတွင်ဟောပြောသွန်သင်ခြင်းငှာထိုအရပ်မှကြွသွားတော်မူ၏။

ထောက်ရှုချက်******ဒီနေ့ကြားရတဲ့နှုတ်ကပါတ်‌တော်ဟာကျွန်ုပ်တို့အတွက်ထိတ်လန့်အံဩစရာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာကိုသမားရိုးကျတွေးထင်ထားသည်ထက်ဘုရားသခင်သည်ကိုယ်တော့်ကိုပိုမိုချစ်မြတ်နိုးစေလိုကြောင်းတောင်းခံနေလို့ပါပဲ။ပထမကျမ်းစာတော်မြတ်၌ကျွန်ုပ်တို့သာမရိုးကျဆက်ကပ်ပူဇော်နေကြသောပူဇော်သက္ကာရကိုဘုရားသခင်သည်ငြီးငွေ့တော်မူပြီးကျွန်ုပ်တို့၏အပြစ်များတွက်ပူဇော်ခြင်းထက်ကျွန်ုပ်တို့၏ကြေကွဲသောနှလုံးသားနှင့်အပြစ်မှနောင်တတရားဖြင့်ပြောင်းလဲခြင်းကာဘုရားသခင်ထံပြန်လာဖို့ကိုပိုမိုအလိုတော်ရှိတော်မူသည်။ကျွန်ုပ်တို့သည်မကောင်းမှုဒုစရိုက်ကိုရှောင်ကြဉ်၍အပြစ်နှင့်ကင်းစေခြင်းကိုအရင်ပြင်ဆင်ပြီးမှယဇ်ပူဇော်ခြင်းကိုပြုခြင်းကိုဘုရားသခင်သာ၍နှစ်သက်တော်မူသည်။ယဇ်ပူဇော်ခြင်းသည်အပြစ်ကိုဖြေလျောက်ခြင်းအမှုဖြစ်သော်လည်းအပြစ်ကိုနောင်တမရ၊မပြောင်းလဲလျှင်ကျွန်ုပ်တို့၏အပြစ်အတွက်ယဇ်ပူဇော်ခြင်းသည်ဘာအကျိုးမျှမရှိကြောင်း၊ဘုရားသခင်ပို၍ရွံ့ရှာကြောင်းအတိတလင်းပြောကြား၍ကျွန်ုပ်တို့အားအရင်းဆုံးမိမိကိုယ်ကိုအပြစ်မှသန့်ရှင်းစင်ကြယ်အောင်ဆေးကြောပြီးမှသာလျှင်နောင်တတရားဖြင့်ပြုလုပ်သောပူဇော်ခြင်းများကိုဘုရားသခင်နှစ်သက်တော်မူသည်။

ကျွန်ုပ်တို့သည်မိမိမှာအပြစ်ကြီးသို့မဟုတ်အပြစ်ရှိနေမှန်းသိလျက်ပင်မစ္ဆားတရားတော်မြတ်မှာပါဝင်ပြီးကိုယ်တော်မြတ်ကိုမထိုက်တန်စွာဘယ်နှစ်ကြိမ်ပင့်ယူခဲ့ကြပြီးပြီလဲဆိုတာကိုပြန်လည်အောက်မေ့သတိရကြပါ။ကျွန်ုပ်တို့သည်မိမိ၏အပြစ်တွေအတွက်နောင်တမရမပြောင်းလဲဘဲမစ္ဆားတရားတော်မြတ်မှာမိမိတို့၏အပြစ်အတွက်သခင်ခရစ်တော်၏လက်ဝါးကားတိုင်မှာအသေခံတော်မူတွင်ပါပူဇော်ကြခြင်းသည်မိမိ၏အပြစ်ကိုဖြေရာယဇ်ပူဇော်ခြင်းထက်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုမလေးစားရာ၊တန်ဖိုးမထားရာရောက်နေသည်ကိုသတိပြုမိနိုင်ကြပါစေ။

ဧဝံဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးမိန့်တော်မူသောငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန်ငါလာသည်မဟုတ်။ ဓားကိုဆောင်ကြဉ်ပေးရန်သာငါလာ၏ဟူသောစကားတွင်သခင်ယေဇူးဆောင်ယူလာသောဓားသည်နှုတ်ကပါတ်တော်မြတ်ဖြစ်သည့်အသွားနှစ်ဖက်ရှိသောဓားတကာတို့ထက်ပို၍ထက်မြက်သောဝိညာဉ်တော်၏ဓားလက်မျိုးဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်မြတ်သည်ဘုရားသခင်၏နှုတ်ကပါတ်တော်ဓားဖြင့်ကျွန်ုပ်တို့၏အပြစ်အနာအစာများကိုလှီးဖြတ်တော်မူ၍နောင်တတရားကိုဆွဲယူကာပြန်လည်နေကောင်းကျန်းမာလာအောင်ခွဲစိတ်ကုသပေးသည်။ဝိညာဉ်တော်၏ဓားဖြင့်သခင်ယေဇူးသည်လောက၏အပြစ်အကြောင်း၊ဖြောင့်မတ်ခြင်းအကြောင်းနှင့်တရားစီရင်တော်မူခြင်းအကြောင်းတို့ကိုထင်ရှားစွာထုတ်ဖော်ပြတော်မူ၍ကျွန်ုပ်တို့ကိုအပြစ်မှနိုးထ၍နောင်တတရားရရန်ကျွန်ုပ်တို့ကိုထိတ်လန့်အံဩစရာကောင်းသောသမားရိုးကျမဟုတ်သောခွဲစိတ်ကုသမျိုးဖြစ်ဘုရားသခင်နှင့်ကျွန်ုပ်တို့လူသားတွေကြားမှအပြစ်ကင်ဆာအနာကိုခွဲထုတ်၍ကုသပေးခဲ့ခြင်းဖြစ်ဖြစ်သည်။ထိုအတွက်ကြောင့်ကျွန်ုပ်တို့သည်ရောဂါပျောက်ကင်းသောဘဝအသစ်၌ကိုယ်တော်၏ချစ်ခြင်းမေတ္တာကိုသက်သေခံကြရာတွင်ကျွန်ုပ်တို့ဘဝ၌ကိုယ်တော်သည်ဦးထိပ်ပန်ဆင်ထားရမည့်သူဖြစ်သည်။ကိုယ်တော်ကိုဦးစွာချစ်မြတ်နိုးခြင်းဖြင့်ကျွန်ုပ်တို့နှင့်နီးစပ်သောအငယ်ဆုံးသောသူများကိုကိုယ်တော်ကဲ့သို့ချစ်နိုင်အောင်ကြိုးစားကြရပါမယ်။တစ်ခြားသူများကိုသခင်ယေဇူးဘုရားထက်ချစ်သောသူသည်ကိုယ်တော်၏ချစ်ခြင်းနှင့်မထိုက်တန်‌ပေ။

 



 

Daily Reflection